News

တပ်မ (၇၇) က ထွက်ပြေးခဲ့တဲ့ ချင်းလူမျိုး ဗိုလ်ကြီးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်…

တပ်မ (၇၇) က ထွက်ပြေးခဲ့တဲ့ ချင်းလူမျိုး ဗိုလ်ကြီးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်။

တပ်ထဲမှာတော့ ဆန္ဒပြသူတွေကို သူတို့ရဲ့ရန်သူတွေ၊ ရာဇဝတ်ကောင်တွေလို့ မြင်နေကြပါတယ်။ သူကိုယ်တိုင်တောင်မှ

မတ်လဆန်းက အပြင်လောကဘာတွေဖြစ်နေမှန်းမသိလို့ ဖေ့ဘုတ်ခဏဖွင့်ကြည့်ရာကနေ မခံစားနိုင်လို့ စစ်ပြေးလုပ်ခဲ့ပါတယ်။

DSA ကျောင်းဆင်း ဒီဗိုလ်ကြီးဟာ သူနဲ့လုပ်ဖော်ကိုင်ဖက်စစ်သားတွေကို ခုလိုသတင်းစကားပါးလိုက်ပါသေးတယ်။

ရဲဘော်တို့၊ တိုင်းပြည်နဲ့ စစ်တပ်အကြားမှာ ရွေးရမယ်ဆိုရင် တိုင်းပြည်ဖက်ကိုသာ ရွေးပေးကြပါတဲ့။

သူကဆက်ပြီးတပ်အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေဟာ တပ်တွင်းမှာပဲ အများစုကနေထိုင်ကြရပြီး၊

တပ်ပြင်ကို ခွင့်ပြုချက်မရဘဲ (၁၅) မိနစ်ထက်ပိုထွက်ခွင့်မပြုပါဘူး။

ဒါဟာ ကျွန်တော့်အမြင်မှာတော့ ခေတ်သစ်ကျွန်ပြုခြင်းတစ်မျိုးပါပဲ။

သူ DSA ပထမနှစ်တက်စဉ် ကျောင်းသားတွေကို ၁၉၈၈ အရေးအခင်းမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက

စစ်သားတွေကိုလည်ပင်းဖြတ်ခဲ့ကြတာတွေပြပြီး ဝါဒမှိုင်းတိုက်ခြင်း brainwashed အလုပ်ခံခဲ့ရပါတယ်။

တပ်ထဲမှာလည်း ပြည်ပတိုင်းပြည်တွေက မြန်မာပြည်ကိုပြိုကွဲဖို့ကြိုးစားနေလို့

ခုလိုပြန်ခုခံနေရကြောင်း စစ်သားတွေကို ဝါဒဖြန့်ထားရပါတယ်။

ဒါ့အပြင် စစ်တပ်မရှိရင် ဒီတိုင်းပြည်ပြိုကွဲမယ်၊ ဗုဒ္ဓဘာသာလည်းပျက်ဆီးမယ် စသဖြင့် တလွဲရိုက်သွင်းကာ

စစ်သားတွေကို အမျိုး၊ဘာသာ၊သာသနာ သူရဲကောင်းတွေရယ်လို့ မြှောက်ပင့်သွေးထိုးနေကြကာ

စစ်အာဏာရှင်တွေကို သစ္စာခံစေဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။

တကယ်တော့ စစ်သားတွေဟာ တပ်တွင်းအမှောင်ခေတ်ထဲမှာ အကြောက်တရားနဲ့ပဲ

နေနေကြရပြီး ခုထိ ဒီမိုကရေစီအရသာကို မခံစားကြရရှာပါဘူး။

အင်တာနက်တွေဖြတ်တောက်လိုက်တာကလည်း ပြည်သူတွေသုံးမှာကြောက်လို့ထက် စစ်သားနဲ့ရဲတွေက

ဖေ့ဘုတ်ကတဆင့် သူတို့လုပ်ရပ်အမှားတွေကို မြင်လို့ အသိတရားရသွားမှာကို ကြောက်လို့သာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ရှမ်းမြောက်ကရှေ့တန်းမှာ (၈) နှစ်ကြာ တပ်မ (၇၇) နဲ့ နေခဲ့ရလို့

တိုင်းရင်းသားတွေရဲ့ မြန်မာစစ်တပ်အပေါ်ဘာကြောင့်မုန်းနေရသလဲဆိုတာကို နားလည်ခဲ့ရပါသတဲ့။

ချင်းတိုင်းရင်းသားဗိုလ်ကြီးဟာ ပြည်သူအတွက်သာ တာဝန်ထမ်းဆောင်လိုပြီး၊ စစ်ခေါင်းဆောင်လူတစ်စုအတွက်

မတရားမှုတွေမလုပ်ပေးနိုင်လို့ ခုလိုထွက်ပြေးကာ လုံခြုံတဲ့တနေရာမှာ ပုန်းခိုနေရပါတယ်။

Ref: NYTimes ZMN Credit

zawgyi

တပ္မ (၇၇) က ထြက္ေျပးခဲ့တဲ့ ခ်င္းလူမ်ိဳး ဗိုလ္ႀကီးတစ္ေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္။

တပ္ထဲမွာေတာ့ ဆႏၵျပသူေတြကို သူတို႔ရဲ႕ရန္သူေတြ၊ ရာဇဝတ္ေကာင္ေတြလို႔ ျမင္ေနၾကပါတယ္။ သူကိုယ္တိုင္ေတာင္မွ

မတ္လဆန္းက အျပင္ေလာကဘာေတြျဖစ္ေနမွန္းမသိလို႔ ေဖ့ဘုတ္ခဏဖြင့္ၾကည့္ရာကေန မခံစားႏိုင္လို႔ စစ္ေျပးလုပ္ခဲ့ပါတယ္။

DSA ေက်ာင္းဆင္း ဒီဗိုလ္ႀကီးဟာ သူနဲ႔လုပ္ေဖာ္ကိုင္ဖက္စစ္သားေတြကို ခုလိုသတင္းစကားပါးလိုက္ပါေသးတယ္။

ရဲေဘာ္တို႔၊ တိုင္းျပည္နဲ႔ စစ္တပ္အၾကားမွာ ေ႐ြးရမယ္ဆိုရင္ တိုင္းျပည္ဖက္ကိုသာ ေ႐ြးေပးၾကပါတဲ့။

သူကဆက္ၿပီးတပ္အရာရွိေတြနဲ႔ သူတို႔မိသားစုဝင္ေတြဟာ တပ္တြင္းမွာပဲ အမ်ားစုကေနထိုင္ၾကရၿပီး၊

တပ္ျပင္ကို ခြင့္ျပဳခ်က္မရဘဲ (၁၅) မိနစ္ထက္ပိုထြက္ခြင့္မျပဳပါဘူး။

ဒါဟာ ကြၽန္ေတာ့္အျမင္မွာေတာ့ ေခတ္သစ္ကြၽန္ျပဳျခင္းတစ္မ်ိဳးပါပဲ။

သူ DSA ပထမႏွစ္တက္စဥ္ ေက်ာင္းသားေတြကို ၁၉၈၈ အေရးအခင္းမွာ ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူေတြက

စစ္သားေတြကိုလည္ပင္းျဖတ္ခဲ့ၾကတာေတြျပၿပီး ဝါဒမႈိင္းတိုက္ျခင္း brainwashed အလုပ္ခံခဲ့ရပါတယ္။

တပ္ထဲမွာလည္း ျပည္ပတိုင္းျပည္ေတြက ျမန္မာျပည္ကိုၿပိဳကြဲဖို႔ႀကိဳးစားေနလို႔

ခုလိုျပန္ခုခံေနရေၾကာင္း စစ္သားေတြကို ဝါဒျဖန႔္ထားရပါတယ္။

ဒါ့အျပင္ စစ္တပ္မရွိရင္ ဒီတိုင္းျပည္ၿပိဳကြဲမယ္၊ ဗုဒၶဘာသာလည္းပ်က္ဆီးမယ္ စသျဖင့္ တလြဲ႐ိုက္သြင္းကာ

စစ္သားေတြကို အမ်ိဳး၊ဘာသာ၊သာသနာ သူရဲေကာင္းေတြရယ္လို႔ ေျမႇာက္ပင့္ေသြးထိုးေနၾကကာ

စစ္အာဏာရွင္ေတြကို သစၥာခံေစဖို႔ ႀကိဳးစားလုပ္ေဆာင္ေနၾကပါတယ္။

တကယ္ေတာ့ စစ္သားေတြဟာ တပ္တြင္းအေမွာင္ေခတ္ထဲမွာ အေၾကာက္တရားနဲ႔ပဲ

ေနေနၾကရၿပီး ခုထိ ဒီမိုကေရစီအရသာကို မခံစားၾကရရွာပါဘူး။

အင္တာနက္ေတြျဖတ္ေတာက္လိုက္တာကလည္း ျပည္သူေတြသုံးမွာေၾကာက္လို႔ထက္ စစ္သားနဲ႔ရဲေတြက

ေဖ့ဘုတ္ကတဆင့္ သူတို႔လုပ္ရပ္အမွားေတြကို ျမင္လို႔ အသိတရားရသြားမွာကို ေၾကာက္လို႔သာ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

သူဟာ ရွမ္းေျမာက္ကေရွ႕တန္းမွာ (၈) ႏွစ္ၾကာ တပ္မ (၇၇) နဲ႔ ေနခဲ့ရလို႔

တိုင္းရင္းသားေတြရဲ႕ ျမန္မာစစ္တပ္အေပၚဘာေၾကာင့္မုန္းေနရသလဲဆိုတာကို နားလည္ခဲ့ရပါသတဲ့။

ခ်င္းတိုင္းရင္းသားဗိုလ္ႀကီးဟာ ျပည္သူအတြက္သာ တာဝန္ထမ္းေဆာင္လိုၿပီး၊ စစ္ေခါင္းေဆာင္လူတစ္စုအတြက္

မတရားမႈေတြမလုပ္ေပးႏိုင္လို႔ ခုလိုထြက္ေျပးကာ လုံၿခဳံတဲ့တေနရာမွာ ပုန္းခိုေနရပါတယ္။

Ref: NYTimes ZMN Credit