News

လက်တွေ့အရေးယူဖို့အတွက် ဘယ်လိုမြင်ကွင်းမျိုး ထပ်မြင်ဖို့ လိုသေးလဲ ဟု ဒေါက်တာဆာဆာ နိုင်ငံတကာကို မေးခွန်းထုတ်ပြီ

မြန်မာနိုင်ငံ “တပ်မတော်နေ့” လူသတ်ပွဲနှင့် ပတ်သက်ပြီး ဒေါက်တာဆာဆာ၏ ထုတ်ပြန်ချက်ယနေ့သည်

“စစ်တပ်အတွက် ရှက်ဖွယ်လိလိ ဂုဏ်သိက္ခာကင်းမဲ့သည့်နေ့”၊ ယနေ့သည် မြန်မာတစ်နိုင်ငံလုံးတွင်

ယောက်ကျား၊ မိန်းမ၊ ကလေး အနည်းဆုံး ၉၁ ယောက်ကို သတ်ဖြတ်ပြီး တရားမဝင် စစ်အာဏာရှင်များက

တပ်မတော်နေ့ကို ဆင်နွှဲသည့်နေ့ ဖြစ်သည်။ ကျွန်တော်ရှင်းအောင် ပြောပါမည်။

ဤစစ်ဗိုလ်ချုပ်များသည် သူတို့ဘာလဲဆိုသည်ကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်။ သူတို့သည်

လူသတ်သမားများဖြစ်သည်ဆိုသည်ကို ပေါ်ပေါ်ထင်ထင် ပြသလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် စစ်ဗိုလ်ချုပ်များ မသက်ဆိုင်ပါ။ ကျွန်တော်တို့၏ နိုင်ငံသည် မြန်မာပြည်သူများနှင့်သာ သက်ဆိုင်ပါသည်။

ဤစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံကို သူတို့နိုင်ငံဟု ခေါ်ဆိုခွင့် မရှိတော့ပါ။ ကျွန်တော်တို့၏ ပြည်သူများအား

ကာကွယ်ရမည့်အစား ဤလူသတ်သမားများက ဆိုးရွားလွန်းသော ရာဇဝတ်မှုကို အကြိမ်ကြိမ် ကျူးလွန်သောကြောင့်

နိုင်ငံ၏ စစ်တပ်ဟု ၎င်းတို့က ခေါ်ဆိုသုံးနှုန်းခွင့် မရှိတော့ပါ။

၎င်းတို့၏ လုပ်ရပ်များနှင့် ၎င်းတို့၏ ပြောဆိုချက်များက ၎င်းတို့သည် အကြမ်းဖက်

အဖွဲ့အစည်း ဖြစ်ကြောင်းကို သူတို့ကိုယ်တိုင် သက်သေပြနေပါသည်။

တပ်မတော်နေ့ လူသတ်ပွဲမတိုင်မီ စစ်အာဏာရှင်များက မြန်မာပြည်သူများအား ဦးခေါင်းနှင့် နောက်ကျောမှ

ပစ်ခတ်ခံရနိုင်သည်ဟု ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခဲ့သည်။ ယနေ့တွင် သူတို့ ခြိမ်းခြောက်ခဲ့သလိုပင် လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ဤသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဤ သရဲဘောကြောင်လှသော အဖွဲ့အစည်း၏

အမြင့်ဆုံး အာဏာပိုင်အဆင့်က အစီအစဉ်ချမှတ် ချိတ်ဆက်ပြီး ကျူးလွန်ခဲ့သည် ဆိုသည်မှာ လုံးဝ သံသယဖြစ်ဖွယ် မရှိပါ။

တိုက်ပွဲသုံး လက်နက်ကြီးများ အသုံးပြု၍ အကြမ်းဖက်သည့် စစ်အာဏာရှင်များ၏ သရဲဘောကြောင်သည့်

လုပ်ရပ်ဖြင့် ကျွန်တော်တို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုကြီး ရပ်တန့်သွားရန် မစွမ်းဆောင်နိုင်ကြောင်းကို

ကျွန်တော်တို့ မြန်မာလူထုက တုံ့ပြန်ပြီး ပြသကြပါဦးမည်။

ကျွန်တော်တို့၏ လက်နက်များဖြစ်သည့် မျှော်လင့်ချက်နှင့် ငြိမ်းချမ်းစွာဆန္ဒပြခြင်းတို့က ၎င်းတို့၏အကြမ်းဖက်မှုများကြားတွင်

ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခြင်းက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် မျှော်လင့်ချက်ရှိသေးသည် ဆိုသည်ကို ပြဆိုနေခြင်း ဖြစ်သည်။

စစ်အာဏာရှင်များ၏ ဆိုးရွားလှသည့် လုပ်ရပ်များကို ရင်ဆိုင်နေချိန်တွင် ကျွန်တော်တို့သည်

ရပ်တည်ချက် ခိုင်မာပြီး ကျွန်တော်တို့၏ ဆုံးဖြတ်ချက်များကို အားကောင်းခိုင်ခံ့အောင် လုပ်ရပါမည်။

ကျွန်တော်တို့သည် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးကို ထပ်လောင်း၍ အခိုင်အမာ ဆွဲကိုင်ကြပြီး

လူသတ်ကောင် စစ်အာဏာရှင်များကို လွတ်လပ်စွာ ဆန့်ကျင်ဆန္ဒပြပိုင်ခွင့်ကို ကျင့်သုံးရပါမည်။

ကျွန်တော်တို့သည် သူတို့ကို ပါးပါးနပ်နပ်နှင့် ပညာပြပြီး သူတို့အပေါ် အနိုင်ယူကြပါမည်။

ယနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ အတိအကျအားဖြင့် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၈၉ ဦး သတ်ဖြတ်ခံရပြီးသည့်

အချိန်ခန့်တွင် မင်းအောင်လှိုင်၊ သူ၏ သစ္စာခံများနှင့်အတူ ယှဉ်တွဲပြီး အခန်းအနား တက်ရောက်

ဆင်နွှဲနေသည့် အချို့ နိုင်ငံခြား သံတမန်များကို မြင်တွေ့ရသည့်အတွက် မြန်မာပြည်သူများ

မည်မျှအထိ နာကျင်ခံစားရမည်ကို သိစေချင်လှပါသည်။

ရှက်ဖွယ်လိလိ ဂုဏ်သိက္ခာကင်းမဲ့နေသည့် တပ်မတော်နေ့ကို တက်ရောက်ကြသည့် နိုင်ငံခြားသံတမန်များသည်

မိမိတို့နိုင်ငံမှ ပြည်သူများနှင့် မိမိတို့အစိုးရများကို သိက္ခာကျစေပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် ရှက်စရာ ကောင်းလှပါသည်။

မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ်တွင်သာမက အာဆီယံဒေသတစ်ခုလုံးနှင့် နိုင်ငံတကာ

အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေသည့် မတည်ငြိမ်မှုတည်းဟူသည့် မျိုးစေ့ကို ချပေးနေခြင်း ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် ယခုအချိန်သည် ၎င်းတို့အား အရှိအတိုင်း

အကြမ်းဖက်သမားများ အဖြစ် ဆက်ဆံရမည့်အချိန် ဖြစ်ပါသည်။

မည်သို့သော သက်သေ အထောက်အထားများ လိုအပ်နေပါသနည်း။ သူတို့သည် အကြမ်းဖက်

အဖွဲ့အစည်းကဲ့သို့ ပြုမူလုပ်ဆောင်နေကြောင်း သူတို့ကိုယ်တိုင် ကမ္ဘာကို ပြသလိုက်ပြီး ဖြစ်သည်။

ယခုအချိန်သည် လက်တွေ့တုံ့ပြန်ရမည့် အချိန် ဖြစ်ပါသည်။ ဤအကြမ်းဖက်သမားများသည် မြန်မာ့ဘဏ္ဍာကို ရယူခွင့် မရှိသင့်ပါ။

သူတို့သည် နိုင်ငံတကာ လက်နက်ခဲယမ်းစျေးကွက်၊ ငွေကြေး အဖွဲ့အစည်းများနှင့်

ဖွံ့ဖြိုးမှု အထောက်အပံ့များကို လက်လှမ်းခွင့် မရှိသင့်ပါ။

ကျေးဇူးပြု၍ သင်တို့တွင်ရှိသော လုပ်ပိုင်ခွင့်အာဏာများသုံးပြီး ငွေကြေးထောက်ပံ့မှုများ၊ လုပ်ငန်းများနှင့်

သင်တို့၏ အုပ်ချုပ်မှုဒေသအတွင်းရှိ တရားမဝင် မြန်မာစစ်အာဏာရှင်များ ပိုင်ဆိုင်သည့်

ငွေကြေးစျေးကွက်များသို့ ဝင်ရောက်ခွင့်များကို ပိတ်ပင်ပေးပါ။

မြန်မာပြည်သူများ ပိုင်ဆိုင်သည့် ဘဏ္ဍာငွေကြေးများကို ဤအကြမ်းဖက် အဖွဲ့အစည်း၊ အာဏာသိမ်း

စစ်ကောင်စီ ဦးဆောင်သည့် တပ်မတော်၊ ဤလူသတ်ကောင်များ၏ လက်သို့ ထပ်မံ မရောက်ရှိပါစေနှင့်။

ကျွန်တော်တို့ အမှန်တကယ် အကူအညီ လိုအပ်ချိန်တွင် မိတ်ဆွေအဖြစ် ရပ်တည်ပေးကြသူများကို

၅၄ သန်းသော မြန်မာပြည်သူများက အစဉ်အမြဲ အမှတ်ရနေကြမည် ဖြစ်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်တော် မေးပါမည်- သင်တို့က လက်တွေ့ အရေးယူ

ဆောင်ရွက်နိုင်ရန် အတွက် ဘာတွေကိုများ ထပ်မြင်ရဖို့ လိုပါသေးသလဲ။

တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းသာ တုံ့ပြန်နေရာမှ အမှန်တကယ် အရေးယူ ဆောင်ရွက်ချက်အဖြစ်

ပြောင်းလဲသွားရန် ကျွန်တော်တို့ နောက်ထပ် ဘယ်နှယောက်များ ထပ်ပြီး သေကြရဦးမှာပါလဲ။

Dr.Sasa

zawgyi

ျမန္မာႏိုင္ငံ “တပ္မေတာ္ေန႔” လူသတ္ပြဲႏွင့္ ပတ္သက္ၿပီး ေဒါက္တာဆာဆာ၏ ထုတ္ျပန္ခ်က္ယေန႔သည္

“စစ္တပ္အတြက္ ရွက္ဖြယ္လိလိ ဂုဏ္သိကၡာကင္းမဲ့သည့္ေန႔”၊ ယေန႔သည္ ျမန္မာတစ္ႏိုင္ငံလုံးတြင္

ေယာက္က်ား၊ မိန္းမ၊ ကေလး အနည္းဆုံး ၉၁ ေယာက္ကို သတ္ျဖတ္ၿပီး တရားမဝင္ စစ္အာဏာရွင္မ်ားက

တပ္မေတာ္ေန႔ကို ဆင္ႏႊဲသည့္ေန႔ ျဖစ္သည္။ ကြၽန္ေတာ္ရွင္းေအာင္ ေျပာပါမည္။

ဤစစ္ဗိုလ္ခ်ဳပ္မ်ားသည္ သူတို႔ဘာလဲဆိုသည္ကို ထပ္မံျပသလိုက္ျခင္း ျဖစ္သည္။ သူတို႔သည္

လူသတ္သမားမ်ားျဖစ္သည္ဆိုသည္ကို ေပၚေပၚထင္ထင္ ျပသလိုက္ျခင္းပင္ ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ စစ္ဗိုလ္ခ်ဳပ္မ်ား မသက္ဆိုင္ပါ။ ကြၽန္ေတာ္တို႔၏ ႏိုင္ငံသည္ ျမန္မာျပည္သူမ်ားႏွင့္သာ သက္ဆိုင္ပါသည္။

ဤစစ္ဗိုလ္ခ်ဳပ္မ်ားသည္ ျမန္မာႏိုင္ငံကို သူတို႔ႏိုင္ငံဟု ေခၚဆိုခြင့္ မရွိေတာ့ပါ။ ကြၽန္ေတာ္တို႔၏ ျပည္သူမ်ားအား

ကာကြယ္ရမည့္အစား ဤလူသတ္သမားမ်ားက ဆိုး႐ြားလြန္းေသာ ရာဇဝတ္မႈကို အႀကိမ္ႀကိမ္ က်ဴးလြန္ေသာေၾကာင့္

ႏိုင္ငံ၏ စစ္တပ္ဟု ၎တို႔က ေခၚဆိုသုံးႏႈန္းခြင့္ မရွိေတာ့ပါ။

၎တို႔၏ လုပ္ရပ္မ်ားႏွင့္ ၎တို႔၏ ေျပာဆိုခ်က္မ်ားက ၎တို႔သည္ အၾကမ္းဖက္

အဖြဲ႕အစည္း ျဖစ္ေၾကာင္းကို သူတို႔ကိုယ္တိုင္ သက္ေသျပေနပါသည္။

တပ္မေတာ္ေန႔ လူသတ္ပြဲမတိုင္မီ စစ္အာဏာရွင္မ်ားက ျမန္မာျပည္သူမ်ားအား ဦးေခါင္းႏွင့္ ေနာက္ေက်ာမွ

ပစ္ခတ္ခံရႏိုင္သည္ဟု ေပၚေပၚထင္ထင္ ၿခိမ္းေျခာက္ခဲ့သည္။ ယေန႔တြင္ သူတို႔ ၿခိမ္းေျခာက္ခဲ့သလိုပင္ လုပ္ေဆာင္ခဲ့သည္။

ထို႔ေၾကာင့္ ဤသို႔ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈမ်ားကို ဤ သရဲေဘာေၾကာင္လွေသာ အဖြဲ႕အစည္း၏

အျမင့္ဆုံး အာဏာပိုင္အဆင့္က အစီအစဥ္ခ်မွတ္ ခ်ိတ္ဆက္ၿပီး က်ဴးလြန္ခဲ့သည္ ဆိုသည္မွာ လုံးဝ သံသယျဖစ္ဖြယ္ မရွိပါ။

တိုက္ပြဲသုံး လက္နက္ႀကီးမ်ား အသုံးျပဳ၍ အၾကမ္းဖက္သည့္ စစ္အာဏာရွင္မ်ား၏ သရဲေဘာေၾကာင္သည့္

လုပ္ရပ္ျဖင့္ ကြၽန္ေတာ္တို႔၏ ၿငိမ္းခ်မ္းစြာ ဆႏၵျပလႈပ္ရွားမႈႀကီး ရပ္တန႔္သြားရန္ မစြမ္းေဆာင္ႏိုင္ေၾကာင္းကို

ကြၽန္ေတာ္တို႔ ျမန္မာလူထုက တုံ႔ျပန္ၿပီး ျပသၾကပါဦးမည္။

ကြၽန္ေတာ္တို႔၏ လက္နက္မ်ားျဖစ္သည့္ ေမွ်ာ္လင့္ခ်က္ႏွင့္ ၿငိမ္းခ်မ္းစြာဆႏၵျပျခင္းတို႔က ၎တို႔၏အၾကမ္းဖက္မႈမ်ားၾကားတြင္

ဂုဏ္ယူဝင့္ႂကြားစြာ ရပ္တည္ႏိုင္ျခင္းက ျမန္မာႏိုင္ငံ၏ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ရွိေသးသည္ ဆိုသည္ကို ျပဆိုေနျခင္း ျဖစ္သည္။

စစ္အာဏာရွင္မ်ား၏ ဆိုး႐ြားလွသည့္ လုပ္ရပ္မ်ားကို ရင္ဆိုင္ေနခ်ိန္တြင္ ကြၽန္ေတာ္တို႔သည္

ရပ္တည္ခ်က္ ခိုင္မာၿပီး ကြၽန္ေတာ္တို႔၏ ဆုံးျဖတ္ခ်က္မ်ားကို အားေကာင္းခိုင္ခံ့ေအာင္ လုပ္ရပါမည္။

ကြၽန္ေတာ္တို႔သည္ လူထုအာဏာဖီဆန္ေရးလႈပ္ရွားမႈႀကီးကို ထပ္ေလာင္း၍ အခိုင္အမာ ဆြဲကိုင္ၾကၿပီး

လူသတ္ေကာင္ စစ္အာဏာရွင္မ်ားကို လြတ္လပ္စြာ ဆန႔္က်င္ဆႏၵျပပိုင္ခြင့္ကို က်င့္သုံးရပါမည္။

ကြၽန္ေတာ္တို႔သည္ သူတို႔ကို ပါးပါးနပ္နပ္ႏွင့္ ပညာျပၿပီး သူတို႔အေပၚ အႏိုင္ယူၾကပါမည္။

ယေန႔တြင္ ျမန္မာတစ္ႏိုင္ငံလုံး၌ အတိအက်အားျဖင့္ အျပစ္မဲ့ျပည္သူ အနည္းဆုံး ၈၉ ဦး သတ္ျဖတ္ခံရၿပီးသည့္

အခ်ိန္ခန႔္တြင္ မင္းေအာင္လႈိင္၊ သူ၏ သစၥာခံမ်ားႏွင့္အတူ ယွဥ္တြဲၿပီး အခန္းအနား တက္ေရာက္

ဆင္ႏႊဲေနသည့္ အခ်ိဳ႕ ႏိုင္ငံျခား သံတမန္မ်ားကို ျမင္ေတြ႕ရသည့္အတြက္ ျမန္မာျပည္သူမ်ား

မည္မွ်အထိ နာက်င္ခံစားရမည္ကို သိေစခ်င္လွပါသည္။

ရွက္ဖြယ္လိလိ ဂုဏ္သိကၡာကင္းမဲ့ေနသည့္ တပ္မေတာ္ေန႔ကို တက္ေရာက္ၾကသည့္ ႏိုင္ငံျခားသံတမန္မ်ားသည္

မိမိတို႔ႏိုင္ငံမွ ျပည္သူမ်ားႏွင့္ မိမိတို႔အစိုးရမ်ားကို သိကၡာက်ေစၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းတြင္ ရွက္စရာ ေကာင္းလွပါသည္။

ျမန္မာစစ္တပ္သည္ ျမန္မာျပည္သူမ်ားအေပၚတြင္သာမက အာဆီယံေဒသတစ္ခုလုံးႏွင့္ ႏိုင္ငံတကာ

အသိုင္းအဝိုင္းကို ၿခိမ္းေျခာက္ေနသည့္ မတည္ၿငိမ္မႈတည္းဟူသည့္ မ်ိဳးေစ့ကို ခ်ေပးေနျခင္း ျဖစ္သည္။

ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနႏွင့္ ယခုအခ်ိန္သည္ ၎တို႔အား အရွိအတိုင္း

အၾကမ္းဖက္သမားမ်ား အျဖစ္ ဆက္ဆံရမည့္အခ်ိန္ ျဖစ္ပါသည္။

မည္သို႔ေသာ သက္ေသ အေထာက္အထားမ်ား လိုအပ္ေနပါသနည္း။ သူတို႔သည္ အၾကမ္းဖက္

အဖြဲ႕အစည္းကဲ့သို႔ ျပဳမူလုပ္ေဆာင္ေနေၾကာင္း သူတို႔ကိုယ္တိုင္ ကမာၻကို ျပသလိုက္ၿပီး ျဖစ္သည္။

ယခုအခ်ိန္သည္ လက္ေတြ႕တုံ႔ျပန္ရမည့္ အခ်ိန္ ျဖစ္ပါသည္။ ဤအၾကမ္းဖက္သမားမ်ားသည္ ျမန္မာ့ဘ႑ာကို ရယူခြင့္ မရွိသင့္ပါ။

သူတို႔သည္ ႏိုင္ငံတကာ လက္နက္ခဲယမ္းေစ်းကြက္၊ ေငြေၾကး အဖြဲ႕အစည္းမ်ားႏွင့္

ဖြံ႕ၿဖိဳးမႈ အေထာက္အပံ့မ်ားကို လက္လွမ္းခြင့္ မရွိသင့္ပါ။

ေက်းဇူးျပဳ၍ သင္တို႔တြင္ရွိေသာ လုပ္ပိုင္ခြင့္အာဏာမ်ားသုံးၿပီး ေငြေၾကးေထာက္ပံ့မႈမ်ား၊ လုပ္ငန္းမ်ားႏွင့္

သင္တို႔၏ အုပ္ခ်ဳပ္မႈေဒသအတြင္းရွိ တရားမဝင္ ျမန္မာစစ္အာဏာရွင္မ်ား ပိုင္ဆိုင္သည့္

ေငြေၾကးေစ်းကြက္မ်ားသို႔ ဝင္ေရာက္ခြင့္မ်ားကို ပိတ္ပင္ေပးပါ။

ျမန္မာျပည္သူမ်ား ပိုင္ဆိုင္သည့္ ဘ႑ာေငြေၾကးမ်ားကို ဤအၾကမ္းဖက္ အဖြဲ႕အစည္း၊ အာဏာသိမ္း

စစ္ေကာင္စီ ဦးေဆာင္သည့္ တပ္မေတာ္၊ ဤလူသတ္ေကာင္မ်ား၏ လက္သို႔ ထပ္မံ မေရာက္ရွိပါေစႏွင့္။

ကြၽန္ေတာ္တို႔ အမွန္တကယ္ အကူအညီ လိုအပ္ခ်ိန္တြင္ မိတ္ေဆြအျဖစ္ ရပ္တည္ေပးၾကသူမ်ားကို

၅၄ သန္းေသာ ျမန္မာျပည္သူမ်ားက အစဥ္အၿမဲ အမွတ္ရေနၾကမည္ ျဖစ္ပါသည္။

ႏိုင္ငံတကာ အသိုင္းအဝိုင္းကို ကြၽန္ေတာ္ ေမးပါမည္- သင္တို႔က လက္ေတြ႕ အေရးယူ

ေဆာင္႐ြက္ႏိုင္ရန္ အတြက္ ဘာေတြကိုမ်ား ထပ္ျမင္ရဖို႔ လိုပါေသးသလဲ။

တျဖည္းျဖည္းခ်င္း တစ္ဆင့္ခ်င္းသာ တုံ႔ျပန္ေနရာမွ အမွန္တကယ္ အေရးယူ ေဆာင္႐ြက္ခ်က္အျဖစ္

ေျပာင္းလဲသြားရန္ ကြၽန္ေတာ္တို႔ ေနာက္ထပ္ ဘယ္ႏွေယာက္မ်ား ထပ္ၿပီး ေသၾကရဦးမွာပါလဲ။

Dr.Sasa