News

ေျပာင္းဖူးျပဳတ္ဆက္မေရာင္းေတာ့ဘဲ လူထုလႈပ္ရွားမႈေနာက္ကို စက္ဘီးေလးနဲ႔ေတာက္ေလွ်ာက္လိုက္လာၿပီးပါဝင္အားျဖည့္လိုက္တဲ့ ကေလးတစ္ဦးရဲ႕ဗီဒီယို

ယခုျဖစ္ေပၚေနတဲ့အေျခအေနေတြမွာဆိုရင္ အသက္ငယ္ငယ္ေလးပဲရွိေသးတဲ့ကေလးေလးေတြကအစ အလိုက္သိစြာနဲ

႔ ႏိုင္သေလာက္ဝန္ကို မွ်ထမ္းေပးေနၾကတာျဖစ္ပါတယ္။တခ်ိဳ႕ဖရဲသီးေရာင္းတဲ့ကေလးေတြ၊မုန႔္ဖက္ထုတ္ေရာင္းတဲ့ကေလးေတြကလည္း

လမ္းေပၚမွာလႈပ္ရွားေနၾကတဲ့ ျပည္သူေတြကို ေစတနာအျပည့္နဲ႔လိုက္ေဝေပးေနၾကတာျဖစ္ပါတယ္။အခုဆိုရင္လည္း

ကေလးတစ္ေယာက္က စက္ဘီးေပၚမွာျခင္းေတာင္းေလးတင္ၿပီး ေျပာင္းဖူးေရာင္းေနရင္း ျပည္သူေတြနဲ႔အတူ

တစ္တပ္တစ္အားပါဝင္လိုက္ေသးတာျဖစ္ပါတယ္။

မႏၲေလးမွာျပဳလုပ္ၾကတဲ့ လူထုလႈပ္ရွားမႈေတြကိုဆိုရင္ တခ်ိဳ႕ျပည္သူေတြက ဆိုင္ကယ္ေတြနဲ႔သြားလာၾကတာျဖစ္ပါတယ္

။စက္ဘီးေလးနဲ႔ေျပာင္းဖူးျပဳတ္ေရာင္းတဲ့ကေလးကေတာ့ သူ႔ရဲ႕ေျပာင္းဖူးေတြကို ဆက္မေရာင္းေတာ့ဘဲဆိုင္ကယ္ေတြ

သြားတဲ့ေနာက္ကေန ေတာက္ေလွ်ာက္လိုက္လာတာျဖစ္ပါတယ္။Gen Alpha ေလးရဲ႕ ရဲစြမ္းသတၱိကိုေဘးကလူေတြကလည္း

ေလးစားလြန္းလို႔ ခ်ီးက်ဴးမဆုံးျဖစ္ေနၾကတာ ျဖစ္ပါတယ္။ကေလးေလးေရာင္းတဲ့ေျပာင္းဖူးျပဳတ္ေတြကိုလည္း

ျပည္သူတခ်ိဳ႕က ဝယ္ယူအားေပးလိုက္ၾကေသးတာျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈၿပီးလို႔ ျပန္ခါနီးအခ်ိန္မွာ ကေလးေလးက သူ႔ရဲ႕ေျပာင္းဖူးျပဳတ္ေတြကို အလကားေတြလိုက္ေဝေပးေနတာေၾကာင့္

ျပည္သူတခ်ိဳ႕ဆိုရင္ မ်က္ရည္ေတာင္က်မိတဲ့အထိ ပီတိျဖစ္သြားရတာျဖစ္ပါတယ္။ေျပာင္းဖူးျပဳတ္ေရာင္းတဲ့ကေလးေလးက

ေက်ာင္းတက္ေနတဲ့အ႐ြယ္လည္းျဖစ္လို႔ ျပည္သူတစ္ေယာက္ဆိုရင္ ကေလးေလးကိုေက်ာင္းထားေပးဖို႔အတြက္

လိုက္ရွာေနတာျဖစ္ပါတယ္။အသက္သာငယ္ေပမယ့္ စိတ္ထားေလးျပည့္ဝၿပီး အမ်ားအက်ိဳးကိုသယ္ပိုးေဆာင္႐ြက္တတ္တဲ့

ေျပာင္းဖူးသည္ကေလးရဲ႕ဗီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source Photo Credit: Original Uploder

unicode

ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ကလေးလေးတွေကအစ အလိုက်သိစွာနဲ

့ နိုင်သလောက်ဝန်ကို မျှထမ်းပေးနေကြတာဖြစ်ပါတယ်။တချို့ဖရဲသီးရောင်းတဲ့ကလေးတွေ၊မုန့်ဖက်ထုတ်ရောင်းတဲ့ကလေးတွေကလည်း

လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို စေတနာအပြည့်နဲ့လိုက်ဝေပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း

ကလေးတစ်ယောက်က စက်ဘီးပေါ်မှာခြင်းတောင်းလေးတင်ပြီး ပြောင်းဖူးရောင်းနေရင်း ပြည်သူတွေနဲ့အတူ

တစ်တပ်တစ်အားပါဝင်လိုက်သေးတာဖြစ်ပါတယ်။

မန္တလေးမှာပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကိုဆိုရင် တချို့ပြည်သူတွေက ဆိုင်ကယ်တွေနဲ့သွားလာကြတာဖြစ်ပါတယ်

။စက်ဘီးလေးနဲ့ပြောင်းဖူးပြုတ်ရောင်းတဲ့ကလေးကတော့ သူ့ရဲ့ပြောင်းဖူးတွေကို ဆက်မရောင်းတော့ဘဲဆိုင်ကယ်တွေ

သွားတဲ့နောက်ကနေ တောက်လျှောက်လိုက်လာတာဖြစ်ပါတယ်။Gen Alpha လေးရဲ့ ရဲစွမ်းသတ္တိကိုဘေးကလူတွေကလည်း

လေးစားလွန်းလို့ ချီးကျူးမဆုံးဖြစ်နေကြတာ ဖြစ်ပါတယ်။ကလေးလေးရောင်းတဲ့ပြောင်းဖူးပြုတ်တွေကိုလည်း

ပြည်သူတချို့က ဝယ်ယူအားပေးလိုက်ကြသေးတာဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုပြီးလို့ ပြန်ခါနီးအချိန်မှာ ကလေးလေးက သူ့ရဲ့ပြောင်းဖူးပြုတ်တွေကို အလကားတွေလိုက်ဝေပေးနေတာကြောင့်

ပြည်သူတချို့ဆိုရင် မျက်ရည်တောင်ကျမိတဲ့အထိ ပီတိဖြစ်သွားရတာဖြစ်ပါတယ်။ပြောင်းဖူးပြုတ်ရောင်းတဲ့ကလေးလေးက

ကျောင်းတက်နေတဲ့အရွယ်လည်းဖြစ်လို့ ပြည်သူတစ်ယောက်ဆိုရင် ကလေးလေးကိုကျောင်းထားပေးဖို့အတွက်

လိုက်ရှာနေတာဖြစ်ပါတယ်။အသက်သာငယ်ပေမယ့် စိတ်ထားလေးပြည့်ဝပြီး အများအကျိုးကိုသယ်ပိုးဆောင်ရွက်တတ်တဲ့

ပြောင်းဖူးသည်ကလေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source Photo Credit: Original Uploder