News

ကိုယ္တိုင္ ခ်က္ျပဳတ္ၿပီး လႉဒါန္းရတဲ့ အက်ိဳးေၾကာင့္ ျမန္မာျပည္သူ ျပည္သားမ်ား ေဘးကင္းေစဖို႔ဆုေတာင္းေပးေနတဲ့ ပိုပို

အဆိုေတာ္မေလး ပိုပိုကေတာ့ ဘာသာတရားကိုင္းရႈိင္းသူျဖစ္သလို လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ

တစ္ဖက္တစ္လမ္းကေန တတ္စြမ္းသေလာက္ ကူညီေပးေနတာကို ေတြ႕ရပါတယ္။ ေဖေဖာ္ဝါရီလ

အစကတည္းက ေျပာင္းလဲျဖစ္ေပၚခဲ့တဲ့ အေျခအေနေတြက ယေန႔အပါအဝင္ ရက္ေပါင္း ၅၅ ရက္တိုင္ရွိခဲ့ၿပီျဖစ္ေပမယ့္လည္း

ပိုပိုကေတာ့ ေသြးေအးမသြားပဲ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေနတာျဖစ္ပါတယ္။

သူမကိုယ္တိုင္လည္း လမ္းေပၚထြက္ၿပီး ျပည္သူေတြနဲ႔အတူ ရင္ထဲက ဆႏၵအမွန္ကို ေဖာ္ထုတ္ခဲ့သလို

လိုအပ္ေနတဲ့ ေနရာေတြမွာလည္း အလႉျပဳလုပ္ေလ့ရွိတာ ေတြ႕ရပါတယ္။ ဒီကေန႔မွာေတာ့ ပိုပိုက သူမကိုယ္တိုင္

ခ်က္ျပဳတ္ထားတဲ့ စားေသာက္ဖြယ္ရာေတြကို ဘုန္းႀကီးေက်ာင္းထံ သြားေရာက္လႉဒါန္းခဲ့တာပါ။ လႉဒါန္းရတဲ့

အက်ိဳးေၾကာင့္ ျမန္မာျပည္သူျပည္သားေတြ ေဘးကင္းေစဖို႔ အတြက္လည္း ဆုေတာင္းေပးခဲ့ပါေသးတယ္။

တတ္ႏိုင္တဲ့ဘက္ကေန ကူညီအားျဖည့္ေနခဲ့တဲ့ ပိုပိုရဲ႕ အလႉပုံရိပ္ေလးေတြအျပင္ ” ယေန႔မွာ ဘုန္းဘုန္းႀကီးကို

အာ႐ုံဆြမ္း မုန္႔ဟင္းခါး နဲ႔ ခ်ဥ္ေပါင္႐ြက္ေၾကာ္ ခရမ္းခ်ဥ္သီး ငပိခ်က္ လႉပါတယ္ ေန႔ဆြမ္း အေနနဲ႔

သဘာဝရိပ္သာေက်ာင္းအတြက္လဲ ကိုယ္တိုင္ခ်က္ျပဳတ္ လႉဒါန္းပါတယ္ ယခု ျပဳရတဲ့ ကုသိုလ္မ်ားေၾကာင့္

ျမန္မာျပည္သူ ျပည္သားေတြ ေဘးကင္းပါေစ လိုခ်င္တဲ့ Democracy လဲ အျမန္ရရွိပါေစလို႔ ဆုေတာင္းေပးပါတယ္

ဒီလိုခက္ခဲတဲ့အခ်ိန္မွာ သံဃာေတာ္ေတြကိုကန္စြန္း႐ြက္ေၾကာ္ေလး တစ္ခြက္ ၾကက္ဥေၾကာ္ေလးေတြ လႉဒါန္းလဲ

ကုသိုလ္အမ်ားႀကီး ရပါတယ္ လႉၾကပါလို႔ တိုက္တြန္းအပ္ပါတယ္ ” ဆိုတဲ့ စာသားကိုလည္း သူမရဲ႕

facebook Account ထက္မွာ ေရးသားမွ်ေဝထားတာပါ။ ျပည္သူေတြေဘးကင္းေစဖို႔နဲ႔ Democracy

အျမန္ဆုံးရဖို႔အတြက္ ဆုေတာင္းေပးေနတဲ့ ပိုပိုရဲ႕ ပုံရိပ္နဲ႔ စာသားေတြကို ပရိသတ္ေတြထံ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

unicode

အဆိုတော်မလေး ပိုပိုကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ

တစ်ဖက်တစ်လမ်းကနေ တတ်စွမ်းသလောက် ကူညီပေးနေတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီလ

အစကတည်းက ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေက ယနေ့အပါအဝင် ရက်ပေါင်း ၅၅ ရက်တိုင်ရှိခဲ့ပြီဖြစ်ပေမယ့်လည်း

ပိုပိုကတော့ သွေးအေးမသွားပဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။

သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်ခဲ့သလို

လိုအပ်နေတဲ့ နေရာတွေမှာလည်း အလှူပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ပိုပိုက သူမကိုယ်တိုင်

ချက်ပြုတ်ထားတဲ့ စားသောက်ဖွယ်ရာတွေကို ဘုန်းကြီးကျောင်းထံ သွားရောက်လှူဒါန်းခဲ့တာပါ။ လှူဒါန်းရတဲ့

အကျိုးကြောင့် မြန်မာပြည်သူပြည်သားတွေ ဘေးကင်းစေဖို့ အတွက်လည်း ဆုတောင်းပေးခဲ့ပါသေးတယ်။

တတ်နိုင်တဲ့ဘက်ကနေ ကူညီအားဖြည့်နေခဲ့တဲ့ ပိုပိုရဲ့ အလှူပုံရိပ်လေးတွေအပြင် ” ယနေ့မှာ ဘုန်းဘုန်းကြီးကို

အာရုံဆွမ်း မုန့်ဟင်းခါး နဲ့ ချဉ်ပေါင်ရွက်ကြော် ခရမ်းချဉ်သီး ငပိချက် လှူပါတယ် နေ့ဆွမ်း အနေနဲ့

သဘာဝရိပ်သာကျောင်းအတွက်လဲ ကိုယ်တိုင်ချက်ပြုတ် လှူဒါန်းပါတယ် ယခု ပြုရတဲ့ ကုသိုလ်များကြောင့်

မြန်မာပြည်သူ ပြည်သားတွေ ဘေးကင်းပါစေ လိုချင်တဲ့ Democracy လဲ အမြန်ရရှိပါစေလို့ ဆုတောင်းပေးပါတယ်

ဒီလိုခက်ခဲတဲ့အချိန်မှာ သံဃာတော်တွေကိုကန်စွန်းရွက်ကြော်လေး တစ်ခွက် ကြက်ဥကြော်လေးတွေ လှူဒါန်းလဲ

ကုသိုလ်အများကြီး ရပါတယ် လှူကြပါလို့ တိုက်တွန်းအပ်ပါတယ် ” ဆိုတဲ့ စာသားကိုလည်း သူမရဲ့

facebook Account ထက်မှာ ရေးသားမျှဝေထားတာပါ။ ပြည်သူတွေဘေးကင်းစေဖို့နဲ့ Democracy

အမြန်ဆုံးရဖို့အတွက် ဆုတောင်းပေးနေတဲ့ ပိုပိုရဲ့ ပုံရိပ်နဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။