Celebrities

စၾကၤာေတြခ်ိတ္တာနဲ႔ပတ္သက္ၿပီး နားလည္မႈလြဲေနၾကတဲ့ ျပည္သူေတြကိုေသေသခ်ာခ်ာ ရွင္းလင္းေျပာျပလာတဲ့ ၿဖိဳးျမတ္ေအာင္

ပရိသတ္ႀကီးေရ ေဖေဖာ္ဝါရီလ အစက တည္းက ေျပာင္းလဲခဲ့တဲ့ အေျခအေနေတြမွာ နိုင္ငံအတြက္

တစ္ေထာင့္တစ္ေနရာကေန ပါဝင္အား ျဖည့္ေနတဲ့ အႏုပညာရွင္ေတြထဲမွာ အဆိုေတာ္ ၿဖိဳးျမတ္ေအာင္ကလည္း

တစ္ေယာက္အပါအဝင္ပါ။ ျပည္သူေတြနဲ႔အတူ လူထုလႈပ္ရွားမႈႀကီး မွာ တက္ႂကြစြာ ပါဝင္ေနတဲ့ ၿဖိဳးျမတ္ေအာင္က

လိုအပ္တဲ့ေနရာေတြ မွာလည္း သူရဲ့ ေခၽြးနည္းစာထဲကေန အလႉျပဳေလ့ရွိတာကို ေတြ႕ရပါ တယ္။

ဒါ့အျပင္လည္း အားေပးသူ Follower မ်ားတဲ့ သူရဲ့ Facebook Account ထက္မွာလည္း လက္ရွိအေျခအေနနဲ႔

သက္ဆိုင္တဲ့ postေတြကို အမ်ားျပည္သူသိရေအာင္ ေဝမၽွေလ့ရွိတာပါ။ ဒီကေန႔မွာေတာ့ ၿဖိဳးျမတ္ေအာင္က သူရဲ့

အိမ္ေရွ႕မွာ စၾကၤာေလးေတြခ်ိတ္တာနဲ႔ ပတ္သတ္ၿပီး အထင္အျမင္လြဲေနတဲ့ လူတစ္ခ်ိဳ႕ကို ျပန္လည္ရွင္းျပ လာခဲ့ပါတယ္။

ဒါကေတာ့ ၿဖိဳးျမတ္ေအာင္က လြန္ခဲ့တဲ့ ၂ႏွစ္ကတည္းက သူရဲ့ အိမ္ေရွ႕မွာ စၾကၤာခ်ိတ္ခဲ့တာျဖစ္ၿပီး အျပင္သြားရင္

အႏၲရယ္ကင္းေအာင္ စၾကၤာပန္းေဆာင္ေလ့ရွိတာကိုလည္း ေျပာျပလာခဲ့ပါတယ္။ အခုလို အေျခအေနမ်ိဳးမွာ ေသခ်ာမစုံစမ္းပဲ

ထင္ျမင္ရာေျပာေနၾကတဲ့ လူတစ္ ခ်ိဳ႕ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ရတဲ့ ၿဖိဳးျမတ္ေအာင္က ” စၾကၤာခ်ိတ္ထား

တိုင္း ဒလန္မဟုတ္ဘူး ဆိုတာေျပာခ်င္တာပါ ေသခ်ာ တိ တိက်က် စုံစမ္းၿပီးမွ အေၿဖ ထုတ္ၾကပါ ခင္ဗ်ာ အေရး ေတာ္ပုံေအာင္ရမည္ ”

ဆိုၿပီး သူရဲ့ ေျဖရွင္းခ်က္အဆုံးမွာ ေရးသားေဝမၽွလာတာ ျဖစ္ လို႔ ပရိသတ္ေတြထံ ျပန္လည္တင္ ဆက္ေပးလိုက္ပါတယ္။

Source Photo credit – Phyo Myat Aung’s FB account.

unicode

ပရိသတ်ကြီးရေ ဖေဖော်ဝါရီလ အစက တည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေမှာ နိုင်ငံအတွက်

တစ်ထောင့်တစ်နေရာကနေ ပါဝင်အား ဖြည့်နေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ဖြိုးမြတ်အောင်ကလည်း

တစ်ယောက်အပါအဝင်ပါ။ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီး မှာ တက်ကြွစွာ ပါဝင်နေတဲ့ ဖြိုးမြတ်အောင်က

လိုအပ်တဲ့နေရာတွေ မှာလည်း သူရဲ့ ချွေးနည်းစာထဲကနေ အလှူပြုလေ့ရှိတာကို တွေ့ရပါ တယ်။

ဒါ့အပြင်လည်း အားပေးသူ Follower များတဲ့ သူရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေနဲ့

သက်ဆိုင်တဲ့ postတွေကို အများပြည်သူသိရအောင် ဝေမျှလေ့ရှိတာပါ။ ဒီကနေ့မှာတော့ ဖြိုးမြတ်အောင်က သူရဲ့

အိမ်ရှေ့မှာ စင်္ကြာလေးတွေချိတ်တာနဲ့ ပတ်သတ်ပြီး အထင်အမြင်လွဲနေတဲ့ လူတစ်ချို့ကို ပြန်လည်ရှင်းပြ လာခဲ့ပါတယ်။

ဒါကတော့ ဖြိုးမြတ်အောင်က လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သူရဲ့ အိမ်ရှေ့မှာ စင်္ကြာချိတ်ခဲ့တာဖြစ်ပြီး အပြင်သွားရင်

အန္တရယ်ကင်းအောင် စင်္ကြာပန်းဆောင်လေ့ရှိတာကိုလည်း ပြောပြလာခဲ့ပါတယ်။ အခုလို အခြေအနေမျိုးမှာ သေချာမစုံစမ်းပဲ

ထင်မြင်ရာပြောနေကြတဲ့ လူတစ် ချို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ ဖြိုးမြတ်အောင်က ” စင်္ကြာချိတ်ထား

တိုင်း ဒလန်မဟုတ်ဘူး ဆိုတာပြောချင်တာပါ သေချာ တိ တိကျကျ စုံစမ်းပြီးမှ အဖြေ ထုတ်ကြပါ ခင်ဗျာ အရေး တော်ပုံအောင်ရမည် ”

ဆိုပြီး သူရဲ့ ဖြေရှင်းချက်အဆုံးမှာ ရေးသားဝေမျှလာတာ ဖြစ် လို့ ပရိသတ်တွေထံ ပြန်လည်တင် ဆက်ပေးလိုက်ပါတယ်။

Source Photo credit – Phyo Myat Aung’s FB account.