Celebrities

လက္လုပ္လက္စား အိမ္ေျခတစ္ရာေက်ာ္အတြက္ အစားအေသာက္မ်ားသြားေရာက္ လႉဒါန္းခဲ့တဲ့ စူးရွထက္

စူးရွထက္ကေတာ့ ခုလိုအေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔ထပ္တူရပ္တည္ခဲ့သူတစ္ေယာက္ပါ။ရရာေနရာကေန

လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြျပဳလုပ္ခဲ့တာကိုလည္းေလးစားစြာေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ လမ္းမေပၚထြက္ကာ

လႈပ္ရွားမႈျပဳလုပ္ေနတဲ့ သူရဲေကာင္းေတြအျပင္ ညဘက္မွာ မိမိေနထိုင္ရာ ပတ္ဝန္းက်င္လုံၿခဳံမႈအတြက္

ကင္းေစာင့္ေပးၾကတဲ့ ျပည္သူမ်ားကိုလည္း အစားအေသာက္မ်ားကိုယ္တိုင္ခ်က္ျပဳတ္ကာ လႉဒါန္းခဲ့ပါတယ္။

အခုဆိုရင္ ရက္ေတြမ်ားစြာၾကာေနၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးဟာအရင္လို ၿငိမ္းခ်မ္းစြာမရွိေတာ့ဘဲ အပစ္အခတ္ေတြ

အတားအဆီးေတြေၾကာင့္ ျပည္သူေတြဟာ အသက္ေတြဆုံးရႈံးရသလို ညဘက္ေတြဆိုရင္လည္း အိုးအိမ္ပစၥည္းဥစၥာေတြ

အဖ်က္အဆီးခံေနရတာေၾကာင့္ ျပည္သူေတြဟာ စိုးရိမ္မႈေတြမ်ားစြာနဲ႔ေန႔ေရာညပါေနထိုင္ေနရတာပါ။ခုလိုအေျခအေနမ်ိဳးႀကီးမွာ

အလုပ္အကိုင္ေတြလည္း အလြယ္တကူမလုပ္ႏိုင္တာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ

စားဝတ္ေနေရးအခက္အခဲေတြမ်ားစြာကိုႀကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

ဒီလိုအဆင္မေျပမႈေတြနဲ႔ရင္ဆိုင္ေနရတဲ့ လက္လုပ္လက္စား မိသားစုေတြကို ျပည္သူေတြေကာ အႏုပညာရွင္ေတြက

တတ္ႏိုင္သေလာက္ေထာက္ပံ့ကာလႉဒါန္းမႈေတြမ်ိဳးစုံလုပ္ေပးေနတာလည္း ဝမ္းသာစြာ ေတြ႕ရပါတယ္။အခုလည္း စူးရွထက္က

လက္လုပ္လက္စား အိမ္ေျခတစ္ရာေက်ာ္ကို အစားအေသာက္မ်ားစြာသြားေရာက္လႉဒါန္းခဲ့တာျဖစ္ပါတယ္။အလႉပုံေလးေတြနဲ႔အတူ ”

ဒီေန႔အလႉေလးပါ လက္လုပ္လက္စားသမားေလးေတြပါ အိမ္ေျခတစ္ရာေက်ာ္ရွိပါတယ္ အခုလိုလာလႉေပးလို႔

ထိုင္ေတာင္ကန္ေတာ့ခ်င္တယ္တဲ့ ေနာက္ထပ္လာလႉမယ္လို႔ ဂတိေပးထားခဲ့ပါတယ္ စူးနဲ႔အတူလႉၾကရေအာင္ေနာ္

ပါဝင္ေပးၾကပါအုံး”ဆိုတဲ့စာေလးကိုလည္းေဝမွ်ထားရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဝမွ်ေပးရင္

း ျမန္မာျပည္ႀကီး ေအးခ်မ္းပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Source Photo Credit : Zar Chi Facebook Account

unicode

စူးရှထက်ကတော့ ခုလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူရပ်တည်ခဲ့သူတစ်ယောက်ပါ။ရရာနေရာကနေ

လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ

လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအပြင် ညဘက်မှာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်လုံခြုံမှုအတွက်

ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစားအသောက်များကိုယ်တိုင်ချက်ပြုတ်ကာ လှူဒါန်းခဲ့ပါတယ်။

အခုဆိုရင် ရက်တွေများစွာကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာအရင်လို ငြိမ်းချမ်းစွာမရှိတော့ဘဲ အပစ်အခတ်တွေ

အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေဆုံးရှုံးရသလို ညဘက်တွေဆိုရင်လည်း အိုးအိမ်ပစ္စည်းဥစ္စာတွေ

အဖျက်အဆီးခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့နေ့ရောညပါနေထိုင်နေရတာပါ။ခုလိုအခြေအနေမျိုးကြီးမှာ

အလုပ်အကိုင်တွေလည်း အလွယ်တကူမလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ

စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒီလိုအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လက်လုပ်လက်စား မိသားစုတွေကို ပြည်သူတွေကော အနုပညာရှင်တွေက

တတ်နိုင်သလောက်ထောက်ပံ့ကာလှူဒါန်းမှုတွေမျိုးစုံလုပ်ပေးနေတာလည်း ဝမ်းသာစွာ တွေ့ရပါတယ်။အခုလည်း စူးရှထက်က

လက်လုပ်လက်စား အိမ်ခြေတစ်ရာကျော်ကို အစားအသောက်များစွာသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။အလှူပုံလေးတွေနဲ့အတူ ”

ဒီနေ့အလှူလေးပါ လက်လုပ်လက်စားသမားလေးတွေပါ အိမ်ခြေတစ်ရာကျော်ရှိပါတယ် အခုလိုလာလှူပေးလို့

ထိုင်တောင်ကန်တော့ချင်တယ်တဲ့ နောက်ထပ်လာလှူမယ်လို့ ဂတိပေးထားခဲ့ပါတယ် စူးနဲ့အတူလှူကြရအောင်နော်

ပါဝင်ပေးကြပါအုံး”ဆိုတဲ့စာလေးကိုလည်းဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးရင်

း မြန်မာပြည်ကြီး အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source Photo Credit : Zar Chi Facebook Account