News

အလောင်းတော်ကဿပကို ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့… တစ်ညကို ကား ၁ဝစီးတိုက်လောက် အခုတ်ခံနေရတယ်…
















unicode

အလောင်းတော်ကဿပကို ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့။အာဏာသိမ်းမှု နိုင်ငံရေးမငြိမ်သက်မှုတွေရဲ့

နောက်ဆက်တွဲဆုံ.းရှုံ.းနစ်နာမှုတစ်ခု။အလောင်းတော်ကဿပအမျိုးသားဥယျာဉ် အဖိုးတန်သစ်တွေကို

တောကြောင်တွေ ထင်သလို ခုတ်ယ.ူဖ.ျက်စီ.းနေကြတာသတင်းကြားလို့ ကိုယ်တိုင်သေချာသိရအောင်

ဘုရားဖူးရင်း သွားရောက်စုံစမ်းကြည့်လိုက်တာအမှန်တကယ်ဝမ်းနည်းစရာပါပဲ။

နဂိုကတော့ အလောင်းတော်ကဿပဗဟိုပြု တဖက်ကို မိုင်၂၀ တောအခေါ် ခရီးတစ်သောင်း ၁၀တိုင်

ပတ်ပတ်လည်ရွာတည်မရ သစ်ပင်သစ်တောတွေထူထပ်ပြီး အာဆီယံအမွေအနှစ်စာရင်းဝင်အမျိုးသားဥယျာဉ်ပါ။

ဒေသတစ်ခုလုံးလည်း သစ်ပင်သစ်တောဆိုလို့ အလောင်းတော်ကဿပဥယျာဉ်လောက်ပဲ ရှိတော့ပေမယ့်။

အခုတော့ အလောင်းတော်ကဿပဘုရားသွားရာ ကားလမ်းဘေးက နှစ်ရာကျော်ပိတောက်ပင်ကြီးတွေကိုတောင်

ချမ်းသာမပေးပဲ မည.ှာမတာ ခ.ိုးခ.ုတ်နေကြတာ အတော်စိတ်မကောင်းစရာပါပဲ။ တစ်ညကို ကား ၁၀စီးတ.ိုက်လောက်

အခ.ုတ်ခ.ံနေရတယ်လို့ သတင်းရပါတယ်။ အထက်ပိုင်းကသစ်ပင်သတောတွေ

နည်းလာတော့ စိမ့်စမ်းတွေခမ်းလာပြီး မြစ်ချောင်းတွေ ကောကောလာတာ အားလုံးအသိပါ။

ဒါ့ကြောင့် ဒေသခံများရော တာဝန်ရှိသူများပါ အလောင်းတော်ကဿပ

အမျိုးသားဥယျာဉ်ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။

(အလောင်းတော် ၉မိုင်စခန်းကဖမ်းထားတဲ့သစ်တွေကို ခ.ိုးသယ်လာတဲ့ ကားတစ်စီးကို ကပိုင်ရွာက

ဝိုင်းပြီးဖမ်းပေးထားတာလည်း တွေ့ခဲ့ရပါတယ်) ဝိုင်းဝန်းစောင့်ရှောက်သူတွေကို အားလုံးရဲ့ကိုယ်စား အထူးကျေးဇူးတင်ပါတယ်။