News

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်လိုက်တဲ့အခါ

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်မိတယ်။

လှည်းကို တွန်းပြီး သွားနေတဲ့ ဒီညီလေး ကိုတွေ့တယ်။

တစ် ခွက် ဘယ်လောက်လဲ။

၅၀၀ ပါ အစ်ကို။

ခွက် ၃၀ ပေးကွာ။

ဟာ — ဟုတ်ကဲ့အစ်ကို။

ငါ ပြန်လာယူမယ် ဟုပြောပြီး လုပ်စရာရှိတာ သွားလုပ်။

ပြန်လာတော့ ခွက် ၃၀ ပြင်ဆင်ပြီးနှင့်ပြီ။

ပြီးပြီ အစ်ကို …တကယ်တော့ ငါက တစ်ခွက်ပဲ သောက်မှာဗျာ — ငိုင်ကျသွားပြီး မျက်နှာ တချက်ညိုးသွားသည်။

ပြီးတော့ ချက်ချင်းပြုံးပြီး ရပါတယ် အစ်ကို ဟု ပြုံးလျှက် ထုပ်ပြီးသား ရွှေရင်အေးတစ်ခွက် ကမ်းပေးသည်။

ညီလေး — ကိုယ်က တစ်ခွက်ပဲ သောက်မှာ။

ဝယ်မှာက ခွက် ၃၀။

၂၉ ခွက်ကို ညီလေး သွားရင်းနဲ့ လမ်းဘေးမှာ သက်ကြီးရွယ်အိုနဲ့ကလေး၊သောက်ချင်နေတဲ့ သူတွေကို အမောပြေ တိုက်ပေးပါ။

ဒီတခါ တကယ် လှပတဲ့အပြုံးနဲ့ စိတ်ချပါ အစ်ကိုရယ်ဟု ပြန်ပြောသည်။

မိမိပေးသော ငွေကို ကိုင်လျှက် လှည်းကို ငွေဖြင့် ပုတ်လိုက်သည်ကို

ကြည့်ခြင်းဖြင့် အခုမှ ဈေးဦးပေါက်ခြင်း ဖြစ်သည်ကို သိလိုက်ရသည်။

ကိုယ်တိုင်လဲ အမောပြေပါစေ။သူတစ်ပါးရဲ့အမောတွေကိုလည်း ပြေစေတဲ့သူဖြစ်ပါစေ ညီလေးရေ။

မိမိလည်းရန်သူကို တိုက်ရင်း ၊လဲနေသူကို ထူရင်း၊ဝမ်းနည်းသူကို နှစ်သိမ့်ရင်း နဲ့ ကိုယ့်မျက်ရည်စ တွေကို

လူမမြင်အောင် သုတ်လိုက်ပြီးအပြုံးမျက်နှာနဲ့ပဲ ဒီလမ်းကို ဆက်လျှောက်ဘို့ ထွက်ခွါ ခဲ့ပြန်တယ်။

ဒီခရီး နီးပါပြီ

Yel kyaw thu

zawgyi

ပစ္ခတ္ေနတဲ့ၾကားထဲမွာ ေ႐ႊရင္ေအး၊မုန႔္လက္ေဆာင္းဆိုတဲ့ အသံ သဲ့သဲ့ ၾကားရလို႔ လိုက္ၾကည့္မိတယ္။

လွည္းကို တြန္းၿပီး သြားေနတဲ့ ဒီညီေလး ကိုေတြ႕တယ္။

တစ္ ခြက္ ဘယ္ေလာက္လဲ။

၅၀၀ ပါ အစ္ကို။

ခြက္ ၃၀ ေပးကြာ။

ဟာ — ဟုတ္ကဲ့အစ္ကို။

ငါ ျပန္လာယူမယ္ ဟုေျပာၿပီး လုပ္စရာရွိတာ သြားလုပ္။

ျပန္လာေတာ့ ခြက္ ၃၀ ျပင္ဆင္ၿပီးႏွင့္ၿပီ။

ၿပီးၿပီ အစ္ကို …တကယ္ေတာ့ ငါက တစ္ခြက္ပဲ ေသာက္မွာဗ်ာ — ငိုင္က်သြားၿပီး မ်က္ႏွာ တခ်က္ညိဳးသြားသည္။

ၿပီးေတာ့ ခ်က္ခ်င္းၿပဳံးၿပီး ရပါတယ္ အစ္ကို ဟု ၿပဳံးလွ်က္ ထုပ္ၿပီးသား ေ႐ႊရင္ေအးတစ္ခြက္ ကမ္းေပးသည္။

ညီေလး — ကိုယ္က တစ္ခြက္ပဲ ေသာက္မွာ။

ဝယ္မွာက ခြက္ ၃၀။

၂၉ ခြက္ကို ညီေလး သြားရင္းနဲ႔ လမ္းေဘးမွာ သက္ႀကီး႐ြယ္အိုနဲ႔ကေလး၊ေသာက္ခ်င္ေနတဲ့ သူေတြကို အေမာေျပ တိုက္ေပးပါ။

ဒီတခါ တကယ္ လွပတဲ့အၿပဳံးနဲ႔ စိတ္ခ်ပါ အစ္ကိုရယ္ဟု ျပန္ေျပာသည္။

မိမိေပးေသာ ေငြကို ကိုင္လွ်က္ လွည္းကို ေငြျဖင့္ ပုတ္လိုက္သည္ကို

ၾကည့္ျခင္းျဖင့္ အခုမွ ေဈးဦးေပါက္ျခင္း ျဖစ္သည္ကို သိလိုက္ရသည္။

ကိုယ္တိုင္လဲ အေမာေျပပါေစ။သူတစ္ပါးရဲ႕အေမာေတြကိုလည္း ေျပေစတဲ့သူျဖစ္ပါေစ ညီေလးေရ။

မိမိလည္းရန္သူကို တိုက္ရင္း ၊လဲေနသူကို ထူရင္း၊ဝမ္းနည္းသူကို ႏွစ္သိမ့္ရင္း နဲ႔ ကိုယ့္မ်က္ရည္စ ေတြကို

လူမျမင္ေအာင္ သုတ္လိုက္ၿပီးအၿပဳံးမ်က္ႏွာနဲ႔ပဲ ဒီလမ္းကို ဆက္ေလွ်ာက္ဘို႔ ထြက္ခြါ ခဲ့ျပန္တယ္။

ဒီခရီး နီးပါၿပီ

Yel kyaw thu