News

မန္တလေးကျောင်းတိုက် ဆရာတော်အား သဘာ၀ဘေး/စီ ပုဒ်မ (၂၅) ဖြင့် တရားစွဲတင်

မန္တလေးကျောင်းတိုက် ဆရာတော်အား သဘာ၀ဘေး/စီ ပုဒ်မ (၂၅) ဖြင့် တရားစွဲတင်

မတ် ၁၇

မြစ်ကြီးနားမြို့၊ မန္တလေးကျောင်းတိုက်က ဆရာတော်ပညာကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ

ဥပဒေပုဒ်မ (၂၅) ဖြင့် တရားစွဲတင်ခဲ့ပြီး အပြီးသတ် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို

မတ်လ (၁၆)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရားလိုရဲအုပ်ကျော်ဇေယျက မြစ်ကြီးနားမြို့ ၊ မြို့နယ်တရားရုံးတွင် မတ်လ(၅)ရက်နေ့ တွင်

တရားစွဲတင်ခဲ့ပြီး (၉) ရက်နေ့က ပထမကြိမ်မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

လာမည့် မတ်လ (၂၃) ရက်နေ့တွင် တရားလိုရဲအုကျော်ဇေယျကို

စတင်စစ်ဆေးမည်ဖြစ် ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေဦးသက်ထွန်းဦးကပြောသည်။

ဆရာတော်ကို ဆန္ဒပြသည်ဟု ဆိုကာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး

မြစ်ကြီးနားမြို့အကျဉ်းထောင်တွင် အကျဉ်းချထားကြောင်း သိရသည်။

Source : Myitkyina News Journal

zawgyi

မႏၲေလးေက်ာင္းတိုက္ ဆရာေတာ္အား သဘာ၀ေဘး/စီ ပုဒ္မ (၂၅) ျဖင့္ တရားစြဲတင္

မတ္ ၁၇

ျမစ္ႀကီးနားၿမိဳ႕၊ မႏၲေလးေက်ာင္းတိုက္က ဆရာေတာ္ပညာကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ

ဥပေဒပုဒ္မ (၂၅) ျဖင့္ တရားစြဲတင္ခဲ့ၿပီး အၿပီးသတ္ မႈခင္းစီမံခန႔္ခြဲမႈအစည္းအေဝးကို

မတ္လ (၁၆)ရက္ေန႔ နံနက္က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

တရားလိုရဲအုပ္ေက်ာ္ေဇယ်က ျမစ္ႀကီးနားၿမိဳ႕ ၊ ၿမိဳ႕နယ္တရား႐ုံးတြင္ မတ္လ(၅)ရက္ေန႔ တြင္

တရားစြဲတင္ခဲ့ၿပီး (၉) ရက္ေန႔က ပထမႀကိမ္မႈခင္းစီမံခန႔္ခြဲေရးအစည္းအေဝးကို ျပဳလုပ္ခဲ့ၿပီး ျဖစ္ေၾကာင္းသိရသည္။

လာမည့္ မတ္လ (၂၃) ရက္ေန႔တြင္ တရားလိုရဲအုေက်ာ္ေဇယ်ကို

စတင္စစ္ေဆးမည္ျဖစ္ ေၾကာင္း စြပ္စြဲခံရသူ၏ ေရွ႕ေနဦးသက္ထြန္းဦးကေျပာသည္။

ဆရာေတာ္ကို ဆႏၵျပသည္ဟု ဆိုကာ ေဖေဖာ္ဝါရီလ (၁၈) ရက္ေန႔ညက ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး

ျမစ္ႀကီးနားၿမိဳ႕အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ထားေၾကာင္း သိရသည္။

Source : Myitkyina News Journal