News

အင္တာနက္မရ၍ သမၼတႏွင့္အတိုင္ပင္ခံပုဂၢိဳလ္တို႔ကို ယေန႔႐ုံးမထုတ္ႏိုင္

အင္တာနက္မရ၍ သမၼတႏွင့္အတိုင္ပင္ခံပုဂၢိဳလ္တို႔ကို ယေန႔႐ုံးမထုတ္ႏိုင္

အင္တာနက္လိုင္းမရသျဖင့္ ယေန႔ Video Conferencing စနစ္ျဖင့္ ျပဳလုပ္မည့္ သမၼတ ဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏

အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔၏ တတိယအႀကိမ္႐ုံးခ်ိန္းကို ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းမရွိေပ။

ထို႔ျပင္ အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ၎၏ ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္႐ြက္ရန္ လက္ခံထားသည့္ ၎ကိုလည္း

ရဲတပ္ဖြဲ႕က ေရွ႕ေနကိုယ္စားလႊဲစာရရွိရန္ စီစဥ္ေပးျခင္းမရွိေသးေၾကာင္း ဦးခင္ေမာင္ေဇာ္က ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားအျဖစ္လိုက္ပါေဆာင္႐ြက္ရန္ တင္ျပထားသည့္ ဦးခင္ေမာင္ေဇာ္၊ ဦးၾကည္ဝင္း၊

ေဒၚမင္းမင္းစိုးႏွင့္ ဦးယုယခ်စ္တို႔အနက္မွ လူငယ္ေရွ႕ေနမ်ားျဖစ္သည့္ ေဒၚမင္းမင္းစိုးႏွင့္ ဦးယုယခ်စ္တို႔ကိုသာ

ေရွ႕ေနကိုယ္စားလွယ္လႊဲစာရရွိရန္ ရဲတပ္ဖြဲ႕ဘက္က ေဆာင္႐ြက္ေပးမည္ဟု ေျပာလာေၾကာင္း ဦးခင္ေမာင္ေဇာ္က ဆိုသည္။

“ကြၽန္ေတာ္တို႔ကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္လည္း အမည္သိထားၿပီးၿပီ။ CEC (ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ)

ကလည္း အဆိုျပဳထားတာဆိုေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ရကိုရရမယ္ဆိုတဲ့ သေဘာထားနဲ႔ ဆက္သြားမွာပါ”ဟု ၎ကေျပာသည္။

ထို႔ေၾကာင့္ ေနာက္႐ုံးခ်ိန္းျဖစ္သည့္ မတ္၂၄ရက္တြင္ အတိုင္ပင္ခံပုဂၢိဳလ္က ခြင့္ျပဳထားသည့္ ေရွ႕ေနအႀကီးပိုင္းမ်ား

ေရွ႕ေနကိုယ္စားလွယ္လႊဲစာရရွိေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ဟု ဦးခင္ေမာင္ေဇာ္က ဆိုသည္။

ထို႔ျပင္ အတိုင္ပင္ခံပုဂၢိဳလ္၏ အမႈမ်ားႏွင့္ပတ္သက္၍ ယခုကဲ့သို႔ အခက္အခဲမ်ားသည္ တရားမွ်တမႈဆိုင္ရာ

အခြင့္အေရးမ်ားကို ႐ုတ္သိမ္းခံရျခင္းျဖစ္သည္ဟု ၎ကဆိုသည္။ သမၼတႏွင့္ အတိုင္ပင္ခံပုဂၢိဳလ္တို႔ကို

တရားစြဲတင္ခံထားရသည့္ အမႈမ်ားကို ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးက စစ္ေဆးေဆာင္႐ြက္ေနျခင္း ျဖစ္သည္။

လက္ရွိတြင္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲဆိုထားသည့္အမႈေပါင္း ေလးခုရွိၿပီး ၎တို႔မွာ

သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅၊ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ၈၊

ဆက္သြယ္ေရးဥပေဒပုဒ္မ၆၇ႏွင့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (ခ)တို႔ ျဖစ္သည္။

သမၼတဦးဝင္းျမင့္ကိုမူ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ၂၅ႏွင့္

ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅(ခ) တို႔ျဖင့္ တရားစြဲဆိုထားသည္။

သတင္းႏွင့္ ဓာတ္ပုံ – ဖ႐ြန္းတီးယားျမန္မာ

unicode

အင်တာနက်မရ၍ သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ယနေ့ရုံးမထုတ်နိုင်

အင်တာနက်လိုင်းမရသဖြင့် ယနေ့ Video Conferencing စနစ်ဖြင့် ပြုလုပ်မည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တတိယအကြိမ်ရုံးချိန်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။

ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ၎င်း၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရန် လက်ခံထားသည့် ၎င်းကိုလည်း

ရဲတပ်ဖွဲ့က ရှေ့နေကိုယ်စားလွှဲစာရရှိရန် စီစဉ်ပေးခြင်းမရှိသေးကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖြစ်လိုက်ပါဆောင်ရွက်ရန် တင်ပြထားသည့် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊

ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့အနက်မှ လူငယ်ရှေ့နေများဖြစ်သည့် ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့ကိုသာ

ရှေ့နေကိုယ်စားလှယ်လွှဲစာရရှိရန် ရဲတပ်ဖွဲ့ဘက်က ဆောင်ရွက်ပေးမည်ဟု ပြောလာကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။

“ကျွန်တော်တို့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အမည်သိထားပြီးပြီ။ CEC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ)

ကလည်း အဆိုပြုထားတာဆိုတော့ ကျွန်တော်တို့ကတော့ ရကိုရရမယ်ဆိုတဲ့ သဘောထားနဲ့ ဆက်သွားမှာပါ”ဟု ၎င်းကပြောသည်။

ထို့ကြောင့် နောက်ရုံးချိန်းဖြစ်သည့် မတ်၂၄ရက်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်က ခွင့်ပြုထားသည့် ရှေ့နေအကြီးပိုင်းများ

ရှေ့နေကိုယ်စားလှယ်လွှဲစာရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးခင်မောင်ဇော်က ဆိုသည်။

ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုများနှင့်ပတ်သက်၍ ယခုကဲ့သို့ အခက်အခဲများသည် တရားမျှတမှုဆိုင်ရာ

အခွင့်အရေးများကို ရုတ်သိမ်းခံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို

တရားစွဲတင်ခံထားရသည့် အမှုများကို ဇမ္ဗူသီရိမြို့နယ်တရားရုံးက စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့်အမှုပေါင်း လေးခုရှိပြီး ၎င်းတို့မှာ

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈၊

ဆက်သွယ်ရေးဥပဒေပုဒ်မ၆၇နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)တို့ ဖြစ်သည်။

သမ္မတဦးဝင်းမြင့်ကိုမူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅နှင့်

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားသည်။

သတင်းနှင့် ဓာတ်ပုံ – ဖရွန်းတီးယားမြန်မာ

Video Myanmar Now