News

စစ္အုပ္စုအေပၚ ႏိုင္ငံတကာဘက္က ပိုမိုျပင္းထန္စြာ တုံ႔ျပန္ရန္ ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး တိုက္တြန္

Zawgyi

စစ္အုပ္စုအေပၚ ႏိုင္ငံတကာဘက္က ပိုမိုျပင္းထန္စြာ တုံ႔ျပန္ရန္ ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး တိုက္တြန္း

ျမန္မာအာဏာသိမ္းစစ္အုပ္စုအေပၚ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဖိအားမ်ား တိုးျမႇင့္ေပးသြားေရးအတြက္

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တိုက္တြန္းေျပာၾကားခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္

၎အေနျဖင့္လည္း တတ္ႏိုင္သမွ်ကာလပတ္လုံး အာဏာသိမ္းစစ္အုပ္စုကို ဆက္လက္ ခုခံတြန္းလွန္သြားမည္ဟု

သံအမတ္ႀကီး ဦေက်ာ္မိုးထြန္းက ေျပာသြားခဲ့သည္။

ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းသည္ မတ္လ ၁၂ ရက္က နယူးေယာ့ခ္တြင္ CNA ႏွင့္ အင္တာဗ်ဴးတစ္ခု

လုပ္ခဲ့ရာတြင္ ျမန္မာႏိုင္ငံရွိ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသူမ်ားကို အၾကမ္းဖက္မႈအေပၚ ရႈတ္ခ်ျပစ္တင္သည့္

ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဥကၠ႒ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္မႈအတြက္ ေကာင္စီကို ေက်းဇူးတင္ေၾကာင္း

ထည့္သြင္းေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔တြင္ ထုတ္ျပန္ခဲ့သည့္ ထိုထုတ္ျပန္ေၾကညာခ်က္ကို လုံၿခဳံေရးေကာင္စီ

အဖြဲ႕၀င္ ၁၅ ႏိုင္ငံစလုံးက တစ္ညီတစ္ၫြတ္တည္း အတည္ျပဳခဲ့သည္။

“တစ္ခ်ိန္တည္းမွာလည္းပဲ ေကာင္စီဥကၠ႒ ထုတ္ျပန္ခ်က္ထဲမွာ ပါ၀င္တဲ့ အရာေတြက ကြၽန္ေတာ္တို႔ရဲ႕ ေမွ်ာ္မွန္းခ်က္ေတြအတိုင္းေတာ့

မျပည့္မီေသးပါဘူး၊ ဒီေတာ့ လုံၿေရးေကာင္စီဆီက ပိုၿပီး ျပင္းထန္အားေကာင္းတဲ့ ထုတ္ျပန္ခ်က္တစ္ေစာင္ ရွိဖို႔နဲ႔

လုံၿခဳံေရးေကာင္စီဆီက ပိုၿပီး ျပင္းထန္တဲ့ အေရးယူေဆာင္႐ြက္ခ်က္ေတြ ရွိဖို႔ ကြၽန္ေတာ္တို႔

တကယ္ပဲ ျဖစ္ေစခ်င္ပါတယ္” ဟု ၎က ေျပာသြားခဲ့သည္။

“ဒါက ျမန္မာျပည္သူေတြ အမွန္တကယ္ လိုခ်င္တဲ့ အရာျဖစ္တယ္၊ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕

ကာအကြယ္ကို လိုအပ္ပါတယ္” ဟု ၎က ေျပာသည္။လုံၿခဳံေရးေကာင္စီဥကၠ႒ ထုတ္ျပန္ခ်က္သည္ ဆုံးျဖတ္ခ်က္

(resolution) တစ္ခုေအာက္ရွိ လုပ္ေဆာင္ခ်က္အဆင့္တစ္ခု ျဖစ္ေသာ္လည္း ယင္းက လုံၿခဳံေရးေကာင္စီ တရား၀င္

မွတ္တမ္း၏ တစ္စိတ္တစ္ေဒသ ျဖစ္လာသည္။တစ္ခ်ိန္တည္းမွာပင္ အသက္ငယ္႐ြယ္သည့္ လူငယ္မ်ားသည္ ျမန္မာႏိုင္ငံ၏

အနာဂတ္ျဖစ္သည့္အတြက္ ၎တို႔ကို ကာကြယ္ေပးရန္ လိုအပ္ေၾကာင္း သံအမတ္ႀကီးက ေျပာသြားခဲ့သည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ ကြၽန္ေတာ္တို႔ဘာသာ ဒါကို မလုပ္ႏိုင္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံတကာ အသိုင္းအဝိုင္းထံက

အကူအညီရဖို႔ လိုပါတယ္” ဟု ၎က ေျပာခဲ့သည္။ျမန္မာႏိုင္ငံတြင္ ေဖေဖၚဝါရီ ၁ ရက္ ေ႐ြးေကာက္ခံအစိုးရထံမွ စစ္တပ္က

အာဏာသိမ္းယူလိုက္ၿပီးေနာက္ပိုင္းကတည္းက ႏိုင္ငံတစ္ဝန္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား ေန႔စဥ္ႏွင့္အမွ် ေပၚေပါက္ေနခဲ့သည္။

MIZZIMA

Unicode

စစ်အုပ်စုအပေါ် နိုင်ငံတကာဘက်က ပိုမိုပြင်းထန်စွာ တုံ့ပြန်ရန် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားများ တိုးမြှင့်ပေးသွားရေးအတွက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင်

၎င်းအနေဖြင့်လည်း တတ်နိုင်သမျှကာလပတ်လုံး အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်

ခုခံတွန်းလှန်သွားမည်ဟု သံအမတ်ကြီး ဦကျော်မိုးထွန်းက ပြောသွားခဲ့သည်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မတ်လ ၁၂ ရက်က နယူးယော့ခ်တွင် CNA နှင့်

အင်တာဗျူးတစ်ခု လုပ်ခဲ့ရာတွင် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို အကြမ်းဖက်မှုအပေါ်

ရှုတ်ချပြစ်တင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက်တစ်စောင် ထုတ်ပြန်မှုအတွက်

ကောင်စီကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည့်

ထိုထုတ်ပြန်ကြေညာချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။

“တစ်ချိန်တည်းမှာလည်းပဲ ကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ အရာတွေက ကျွန်တော်တို့ရဲ့

မျှော်မှန်းချက်တွေအတိုင်းတော့ မပြည့်မီသေးပါဘူး၊ ဒီတော့ လုံခရေးကောင်စီဆီက ပိုပြီး ပြင်းထန်အားကောင်းတဲ့

ထုတ်ပြန်ချက်တစ်စောင် ရှိဖို့နဲ့ လုံခြုံရေးကောင်စီဆီက ပိုပြီး ပြင်းထန်တဲ့ အရေးယူဆောင်ရွက်ချက်တွေ

ရှိဖို့ ကျွန်တော်တို့ တကယ်ပဲ ဖြစ်စေချင်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

“ဒါက မြန်မာပြည်သူတွေ အမှန်တကယ် လိုချင်တဲ့ အရာဖြစ်တယ်၊ ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့

အကာအကွယ်ကို လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။လုံခြုံရေးကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက်သည်

ဆုံးဖြတ်ချက် (resolution) တစ်ခုအောက်ရှိ လုပ်ဆောင်ချက်အဆင့်တစ်ခု ဖြစ်သော်လည်း ယင်းက လုံခြုံရေးကောင်စီ

တရားဝင် မှတ်တမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်လာသည်။တစ်ချိန်တည်းမှာပင် အသက်ငယ်ရွယ်သည့်

လူငယ်များသည် မြန်မာနိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် ၎င်းတို့ကို

ကာကွယ်ပေးရန် လိုအပ်ကြောင်း သံအမတ်ကြီးက ပြောသွားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဘာသာ ဒါကို မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ နိုင်ငံတကာ

အသိုင်းအဝိုင်းထံက အကူအညီရဖို့ လိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက်

ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်းကတည်းက နိုင်ငံတစ်ဝန်း

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေခဲ့သည်။

MIZZIMA