News

“ ႐ုရွားမွ ျမန္မာစစ္ေကာင္စီသို႔ လက္နက္ပစၥည္းမ်ား ပို႔ရန္ ရွိ ”

Zawgyi

႐ုရွားမွ ျမန္မာစစ္ေကာင္စီသို႔ လက္နက္ပစၥည္းမ်ား ပို႔ရန္ ရွိ

လာမည့္ မတ္လ (၁၉) ရက္ ေန႔တြင္ ႐ုရွားမွ ျမန္မာႏိုင္ငံသို႔ လက္နက္ပစၥည္မ်ားအပါအဝင္ စစ္ေရးတြင္ အသုံးျပဳမည့္

ပစၥည္းမ်ားအား ေပးပို႔ရန္ ရွိသည္ဟု ေနျပည္ေတာ္ အသိုင္းအဝိုင္းမွ သိရသည္။႐ုရွားႏိုင္ငံ မွ (IL-76) အမ်ိဳးအစား

ေလယာဥ္သည္ ေမာ္စကို ၿမိဳ႕မွ မတ္လ ၁၉ ရက္တြင္ ေနျပည္ေတာ္ ေလဆိပ္သို႔ ဆိုက္ေရာက္မည္ျဖစ္သည္။

ထိုေလယာဥ္သည္ ေမာ္စကို-နယူးေဒလီ- ေနျပည္ေတာ္ – မြန္ဘိုင္း – ေမာ္စကို ခရီးစဥ္ျဖင့္ မတ္လ ၂၁ ရက္ေန႔တြင္

ေနျပည္ေတာ္မွ ျပန္လည္ ထြက္ခြာမည္ဟု သိရသည္။ထို ေလယာဥ္ႏွင့္ အတူ ပါလာမည့္ ပစၥည္းမ်ားထဲတြင္

စစ္သုံး ပစၥည္းမ်ားျဖစ္သည့္ စႏိုက္ပါ ႐ိုင္ဖယ္ ေသနတ္မ်ား၊ ယခင္က ျပင္ဆင္ရန္ ႐ုရွားႏိုင္ငံသို႔ ေပးပို႔ထားၿပီး၊

အသစ္ျပန္လည္ မြမ္းမံထားသည့္ MIG-29 တိုက္ေလယာဥ္ အင္ဂ်င္ (၂) လုံးႏွင့္

Bomb Fuse ၂၆၀ (ဗုံးစံနက္တံမ်ား) သယ္ေဆာင္လာမည္ဟု သိရသည္။

ထိုလက္နက္ပစၥည္းမ်ားသည္ အာဏာသိမ္းစစ္ေကာင္စီက ႐ုရွားႏိုင္ငံမွ မွာယူထားျခင္းျဖစ္သည္။အာဏာသိမ္းစစ္ေကာင္စီသည္

႐ုရွားႏိုင္ငံ၊ JSC Rosoboronexport ကုမၺဏီမွ လက္နက္ပစၥည္းမ်ားဝယ္ယူျခင္းျဖစ္ၿပီး၊ JSC United Engine Corporation

ကုမၺဏီတြင္ MIG-29 တိုက္ေလယာဥ္အင္ဂ်င္မ်ားအား ျပန္လည္ မြမ္းမံျခင္းျဖစ္သည္။

Wikipedia က JR Rosoboronexport သည္ ႐ုရွား၏ကာကြယ္ေရးပစၥည္းမ်ား၊ နည္းပညာမ်ားႏွင့္

ဝန္ေဆာင္မႈမ်ားကိုတင္ပို႔ / တင္သြင္းသည့္တစ္ခုတည္းေသာ အစိုးရၾကားခံေအဂ်င္စီျဖစ္သည္ဟုေဖၚျပထားၿပီး၊ JSC United Engine

Corporation သည္ ႐ုရွားအစိုးရပိုင္ကုမၸဏီတစ္ခုျဖစ္ၿပီးစစ္ဘက္ႏွင့္ အရပ္ဘက္ေလေၾကာင္းႏွင့္

အာကာသစူးစမ္းေလ့လာေရးအစီအစဥ္မ်ားအတြက္ အင္ဂ်င္ထုတ္လုပ္ရန္ တာဝန္ရွိသည္။

လွ်ပ္စစ္စြမ္းအင္ႏွင့္ အပူထုတ္လုပ္ျခင္း၊ ဓာတ္ေငြ႕တြန္းစက္မ်ားႏွင့္ အဏၰဝါဓာတ္ေငြ႕တာဘိုင္ယူနစ္မ်ားအတြက္

စြမ္းအင္တာဘိုင္မ်ားထုတ္လုပ္သည္ဟု ေဖၚျပထားသည္။အလားတူပင္၊ ႐ုရွားႏိုင္ငံမွ Charter Flight E190

အမ်ိဳးအစား ေလယာဥ္သည္ မတ္လ ၂၁ ရက္ေန႔တြင္ ဖႏြမ္းပင္-ရန္ကုန္- ေမာ္စကို ခရီးစဥ္ျဖင့္ လာမည္ျဖစ္ၿပီး၊

မတ္လ ၂၆ ရက္ေန႔တြင္ ေမာ္စကို-ရန္ကုန္-ဖႏြမ္းပင္ ခရီးစဥ္ျဖင့္ ျပန္မည္ျဖစ္သည္။ ထိုေလယာဥ္ျဖင့္ ႏွစ္ႏိုင္ငံတြင္

ေရာက္ရွိေနေသာ ႐ုရွားႏွင့္ ျမန္မာႏိုင္ငံသား အခ်ိဳ႕အား အျပန္အလွန္ ေခၚေဆာင္မည္ျဖစ္သည္ ဟုသိရသည္။

စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္၊ ျမန္မာႏိုင္ငံအတြင္း စိုးရိမ္စရာမ်ား ျဖစ္ေပၚေနမႈေၾကာင့္ ျမန္မာႏွင့္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား

ရပ္ဆိုင္းေရးကို ႐ုရွအာဏာပိုင္မ်ားက ခ်င့္ခ်ိန္သုံးသပ္ေနၿပီျဖစ္ေၾကာင္း၊ ႐ုရွသမၼတ႐ုံး ျပန္ၾကားေရးအတြင္းဝန္ ဒီမီထရီပီးစေကာ့ဗ္က

သတင္းေထာက္မ်ားအား မတ္လ ၁၂ ရက္ေန႔က ေျပာၾကားခဲ့သည္ဟု ႏိုင္ငံတကာသတင္းမ်ားတြင္ ေဖၚျပခဲ့သည္။

MIZZIMA

Unicode

ရုရှားမှ မြန်မာစစ်ကောင်စီသို့ လက်နက်ပစ္စည်းများ ပို့ရန် ရှိ

လာမည့် မတ်လ (၁၉) ရက် နေ့တွင် ရုရှားမှ မြန်မာနိုင်ငံသို့ လက်နက်ပစ္စည်များအပါအဝင် စစ်ရေးတွင်

အသုံးပြုမည့် ပစ္စည်းများအား ပေးပို့ရန် ရှိသည်ဟု နေပြည်တော် အသိုင်းအဝိုင်းမှ သိရသည်။ရုရှားနိုင်ငံ မှ

(IL-76) အမျိုးအစား လေယာဉ်သည် မော်စကို မြို့မှ မတ်လ ၁၉ ရက်တွင် နေပြည်တော် လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်သည်။

ထိုလေယာဉ်သည် မော်စကို-နယူးဒေလီ- နေပြည်တော် – မွန်ဘိုင်း – မော်စကို ခရီးစဉ်ဖြင့် မတ်လ ၂၁

ရက်နေ့တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာမည်ဟု သိရသည်။ထို လေယာဉ်နှင့် အတူ ပါလာမည့်

ပစ္စည်းများထဲတွင် စစ်သုံး ပစ္စည်းများဖြစ်သည့် စနိုက်ပါ ရိုင်ဖယ် သေနတ်များ၊ ယခင်က ပြင်ဆင်ရန်

ရုရှားနိုင်ငံသို့ ပေးပို့ထားပြီး၊ အသစ်ပြန်လည် မွမ်းမံထားသည့် MIG-29 တိုက်လေယာဉ် အင်ဂျင် (၂) လုံးနှင့်

Bomb Fuse ၂၆၀ (ဗုံးစံနက်တံများ) သယ်ဆောင်လာမည်ဟု သိရသည်။

ထိုလက်နက်ပစ္စည်းများသည် အာဏာသိမ်းစစ်ကောင်စီက ရုရှားနိုင်ငံမှ မှာယူထားခြင်းဖြစ်သည်။အာဏာသိမ်းစစ်ကောင်စီသည်

ရုရှားနိုင်ငံ၊ JSC Rosoboronexport ကုမ္ဗဏီမှ လက်နက်ပစ္စည်းများဝယ်ယူခြင်းဖြစ်ပြီး၊

JSC United Engine Corporation ကုမ္ဗဏီတွင် MIG-29 တိုက်လေယာဉ်အင်ဂျင်များအား ပြန်လည် မွမ်းမံခြင်းဖြစ်သည်။

Wikipedia က JR Rosoboronexport သည် ရုရှား၏ကာကွယ်ရေးပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများကိုတင်ပို့

/ တင်သွင်းသည့်တစ်ခုတည်းသော အစိုးရကြားခံအေဂျင်စီဖြစ်သည်ဟုဖေါ်ပြထားပြီး၊ JSC United Engine Corporation

သည် ရုရှားအစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီးစစ်ဘက်နှင့် အရပ်ဘက်လေကြောင်းနှင့်

အာကာသစူးစမ်းလေ့လာရေးအစီအစဉ်များအတွက် အင်ဂျင်ထုတ်လုပ်ရန် တာဝန်ရှိသည်။

လျှပ်စစ်စွမ်းအင်နှင့် အပူထုတ်လုပ်ခြင်း၊ ဓာတ်ငွေ့တွန်းစက်များနှင့် အဏ္ဏဝါဓာတ်ငွေ့တာဘိုင်ယူနစ်များအတွက်

စွမ်းအင်တာဘိုင်များထုတ်လုပ်သည်ဟု ဖေါ်ပြထားသည်။အလားတူပင်၊ ရုရှားနိုင်ငံမှ Charter Flight E190 အမျိုးအစား

လေယာဉ်သည် မတ်လ ၂၁ ရက်နေ့တွင် ဖနွမ်းပင်-ရန်ကုန်- မော်စကို ခရီးစဉ်ဖြင့် လာမည်ဖြစ်ပြီး၊ မတ်လ ၂၆

ရက်နေ့တွင် မော်စကို-ရန်ကုန်-ဖနွမ်းပင် ခရီးစဉ်ဖြင့် ပြန်မည်ဖြစ်သည်။ ထိုလေယာဉ်ဖြင့် နှစ်နိုင်ငံတွင်

ရောက်ရှိနေသော ရုရှားနှင့် မြန်မာနိုင်ငံသား အချို့အား အပြန်အလှန် ခေါ်ဆောင်မည်ဖြစ်သည် ဟုသိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်၊ မြန်မာနိုင်ငံအတွင်း စိုးရိမ်စရာများ ဖြစ်ပေါ်နေမှုကြောင့် မြန်မာနှင့်

စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရေးကို ရုရှအာဏာပိုင်များက ချင့်ချိန်သုံးသပ်နေပြီဖြစ်ကြောင်း၊

ရုရှသမ္မတရုံး ပြန်ကြားရေးအတွင်းဝန် ဒီမီထရီပီးစကော့ဗ်က သတင်းထောက်များအား မတ်လ ၁၂ ရက်နေ့က

ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖေါ်ပြခဲ့သည်။

MIZZIMA