News

ဥေရာပပါလီမန္က CRPHႏွင့္ CDM လွုပ္ရွားမွု ကိုေထာက္ခံ ေၾကာင္း တရားဝင္ ေၾကညာ

Zawgyi

ဥေရာပပါလီမန္က CRPHႏွင့္ CDM လွုပ္ရွားမွု ကိုေထာက္ခံ ေၾကာင္း တရားဝင္ ေၾကညာ

“ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းခ်ိန္မွ စ၍ ျမန္မာနိုင္ငံ၌ ျဖစ္ေပၚေနသည့္ အေျခအေနအရပ္ရပ္မ်ားကို

စိုးရိပ္ပူပန္စြာျဖင့္ အေလးအနက္ထား မ်က္ေခ်မျပတ္ေစာင့္ၾကည့္ေနခဲ့ပါသည္။ ျမန္မာနိုင္ငံရွိ ေရြးေကာက္ခံကိုယ္စားလွယ္မ်ားသည္

အႏၲရာယ္စိန္ေခၚမွုမ်ားၾကားမွ ၄င္းတို့၏ လုပ္ငန္းေဆာင္တာမ်ားကို မမွိတ္မသုန္

ဆက္လက္လုပ္ကိုင္ေနေၾကာင္း ၾကားသိရသျဖင့္ ဝမ္းသာရပါသည္။

အဆိုပါ ကိုယ္စားလွယ္မ်ား၏ သတၱိႏွင့္ ၄င္းတို့၏ ဒီမိုကေရစီအေျခခံမူမ်ားအေပၚထားရွိသည့္ သႏၵိဌာန္မ်ားေၾကာင့္

ကၽြန္ုပ္တို့ အားလုံး၏ ေလးစားဂုဏ္ယူမွုကို ရသင့္ရထိုက္ပါေပသည္။ပစ္မွတ္ထားပိတ္ဆို့အေရးယူမွုမ်ားေဆာင္ရြက္ရန္

ထပ္မံ၍ အခ်ိန္ေရာက္ရွိေနပါၿပီ။ စစ္တပ္ႏွင့္ ၄င္းတို့၏ စီးပြားေရးလုပ္ငန္းမ်ားသည္ ဥေရာပစီးပြားေရးလုပ္ငန္းမ်ားႏွင့္

တိုက္ရိုက္ျဖစ္ေစ သြယ္ဝိုက္၍ျဖစ္ေစ ကုန္သြယ္စီးဆင္းမွု အဝင္အထြက္မ်ားမွ အက်ိဳးအျမတ္မ်ား မရရွိသင့္ပါ။

သာမန္ျပည္သူမ်ား၏ လူမွုဘဝမ်ားမွာမူ ထိုတင္းက်ပ္ေသာ အေရးယူမွုမ်ား၏ အက်ိဳးအား

မသက္ေရာက္နိုင္ေစရန္ တတ္နိုင္သမၽွ ကာကြယ္ေပးရမည္။

အေရးယူပိတ္ဆို့မွု တစ္ခုတည္းျဖင့္ နိုင္ငံေရးအက်ပ္အတည္းကို မေျဖရွင္းနိုင္ပါ။ ျမန္မာနိုင္ငံ၏ ဒီမိုကေရစီလွုပ္ရွားသူမ်ားသည္

ကၽြန္ုပ္တို့၏ ေထာက္ခံမွုကို လိုေနပါသည္။ ၿခိမ္းေျခာက္ခံေနရသူမ်ားသည္ ကၽြန္ုပ္တို့၏ အကာအကြယ္ေပးမွုကို လိုအပ္ေနပါသည္။

CRPH (ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ) သည္ အမ်ားျပည္သူႏွင့္ ဆက္ဆံနိုင္ရန္ အတတ္နိုင္ဆုံး

ႀကိဳးစားလုပ္ေဆာင္ေနသည့္အတြက္ CRPH ႏွင့္ျမန္မာျပည္သူမ်ား အၾကားရွိ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားႏွင့္

လူမွုကြန္ယက္စနစ္မ်ားကို ဆက္လက္ဖြင့္လွစ္ထားရွိရေပမည္။ ။ ထိုအတြက္ေၾကာင့္ အင္တာနက္ ဆက္သြယ္မွုမ်ာ

း ျဖတ္ေတာက္မွုမ်ားျပဳလုပ္ရန္ ခိုင္လုံသည့္ အေၾကာင္းျပခ်က္မ်ား လုံးဝမရွိပါ။

ျမန္မာနိုင္ငံ၏ CDM လွုပ္ရွားမွုမ်ားသည္ နိုင္ငံသားအားလုံးအတြက္ လြတ္လပ္မွုႏွင့္ တရားမၽွတမွုကို ေတာင္းဆိုလ်က္ရွိသည္။

ဝန္ထမ္းမ်ား၏ ကိုယ္က်ိဳးစြန႔္မွုႏွင့္ ရဲစြမ္းသတၱိသည္ အလြန္ပင္ ႏွစ္ေထာင္းအားရဖြယ္ ရွိပါသည္။ ဤကဲ့သို့ေသာ

လွုပ္ရွားမွုမ်ားႏွင့္ အရပ္ဖက္လူမွုအဖြဲ႕အစည္းမ်ားသည္ ခံနိုင္ရည္ရွိၿပီး လြတ္လပ္၍ တရားမၽွတေသာ

ပြင့္လင္းသည့္လူ႔အဖြဲ႕အစည္းတရပ္အတြက္ အဓိကက်ေသာ ေနရာတြင္ ပါဝင္ေသာေၾကာင့္

ကၽြန္ုပ္တို့၏ ေထာက္ခံမွုကို အျပည့္အဝ ေပးလိုက္ပါသည္။

ထို့အျပင္ ကၽြန္ုပ္တို့သည္CRPH ၏ ျမန္မာနိုင္ငံအတြင္း ဒီမိုကေရစီ ျပန္လည္ထူေထာင္ေရး ႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္

အၾကမ္းမဖက္ေသာနည္းလမ္းမ်ားျဖင့္ အစဥ္တစိုက္ လုပ္ေဆာင္ေနသည္ကို ဆက္လက္ေထာက္ခံၿပီး

ကၽြန္ုပ္တို့တတ္နိုင္သမၽွ ကူညီပံ့ပိုးေပးရန္ ကတိကဝတ္ျပဳပါသည္။”

Unicode

ဥရောပပါလီမန်က CRPHနှင့် CDM လှုပ်ရှားမှု ကိုထောက်ခံ ကြောင်း တရားဝင် ကြေညာ

“ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ စ၍ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်များကို

စိုးရိပ်ပူပန်စွာဖြင့် အလေးအနက်ထား မျက်ချေမပြတ်စောင့်ကြည့်နေခဲ့ပါသည်။

မြန်မာနိုင်ငံရှိ ရွေးကောက်ခံကိုယ်စားလှယ်များသည်

အန္တရာယ်စိန်ခေါ်မှုများကြားမှ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို မမှိတ်မသုန်

ဆက်လက်လုပ်ကိုင်နေကြောင်း ကြားသိရသဖြင့် ဝမ်းသာရပါသည်။

အဆိုပါ ကိုယ်စားလှယ်များ၏ သတ္တိနှင့် ၎င်းတို့၏ ဒီမိုကရေစီအခြေခံမူများအပေါ်ထားရှိသည့် သန္ဒိဌာန်များကြောင့်

ကျွန်ုပ်တို့ အားလုံး၏ လေးစားဂုဏ်ယူမှုကို ရသင့်ရထိုက်ပါပေသည်။ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများဆောင်ရွက်ရန်

ထပ်မံ၍ အချိန်ရောက်ရှိနေပါပြီ။ စစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများသည် ဥရောပစီးပွားရေးလုပ်ငန်းများနှင့်

တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကုန်သွယ်စီးဆင်းမှု အဝင်အထွက်များမှ အကျိုးအမြတ်များ မရရှိသင့်ပါ။

ာမန်ပြည်သူများ၏ လူမှုဘဝများမှာမူ ထိုတင်းကျပ်သော အရေးယူမှုများ၏ အကျိုးအား

မသက်ရောက်နိုင်စေရန် တတ်နိုင်သမျှ ကာကွယ်ပေးရမည်။

အရေးယူပိတ်ဆို့မှု တစ်ခုတည်းဖြင့် နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ပါ။ မြန်မာနိုင်ငံ၏

ဒီမိုကရေစီလှုပ်ရှားသူများသည် ကျွန်ုပ်တို့၏ ထောက်ခံမှုကို လိုနေပါသည်။ ခြိမ်းခြောက်ခံနေရသူများသည်

ကျွန်ုပ်တို့၏ အကာအကွယ်ပေးမှုကို လိုအပ်နေပါသည်။ CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ)

သည် အများပြည်သူနှင့် ဆက်ဆံနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေသည့်အတွက် CRPH နှင့်မြန်မာပြည်သူများ

အကြားရှိ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် လူမှုကွန်ယက်စနစ်များကို ဆက်လက်ဖွင့်လှစ်ထားရှိရပေမည်။ ။

ထိုအတွက်ကြောင့် အင်တာနက် ဆက်သွယ်မှုများ ဖြတ်တောက်မှုများပြုလုပ်ရန် ခိုင်လုံသည့် အကြောင်းပြချက်များ လုံးဝမရှိပါ။

မြန်မာနိုင်ငံ၏ CDM လှုပ်ရှားမှုများသည် နိုင်ငံသားအားလုံးအတွက် လွတ်လပ်မှုနှင့် တရားမျှတမှုကို

တောင်းဆိုလျက်ရှိသည်။ ဝန်ထမ်းများ၏ ကိုယ်ကျိုးစွန့်မှုနှင့် ရဲစွမ်းသတ္တိသည် အလွန်ပင် နှစ်ထောင်းအားရဖွယ်

ရှိပါသည်။ ဤကဲ့သို့သော လှုပ်ရှားမှုများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ခံနိုင်ရည်ရှိပြီး လွတ်လပ်၍

တရားမျှတသော ပွင့်လင်းသည့်လူ့အဖွဲ့အစည်းတရပ်အတွက် အဓိကကျသော နေရာတွင်

ပါဝင်သောကြောင့် ကျွန်ုပ်တို့၏ ထောက်ခံမှုကို အပြည့်အဝ ပေးလိုက်ပါသည်။

ထို့အပြင် ကျွန်ုပ်တို့သည်CRPH ၏ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက်

အကြမ်းမဖက်သောနည်းလမ်းများဖြင့် အစဉ်တစိုက် လုပ်ဆောင်နေသည်ကို ဆက်လက်ထောက်ခံပြီး

ကျွန်ုပ်တို့တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် ကတိကဝတ်ပြုပါသည်။”