News


Zawgyi









RFA

Unicode

အိန္ဒိယဘက် ထွက်ပြေးလာသူ ရဲမိသားစုဝင် နှစ်ရာကျော်ရှိပြီ

မနေ့က မတ်လ ၁၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံထဲကိုထွက်ပြေးလာတဲ့ ထွက်ပြေးလာသူပေါင်း၂၆၄ ဦး ရှိခဲ့ပြီး၊

အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ စုစုပေါင်း ၁၉၈ ဦး ပါဝင်တယ်လို့ အိန္ဒိယလုံခြုံရေး အရာရှိတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှီမ်နင်းဖြိုခွဲရာမှာ

မပါဝင်ချင်သလို၊ စစ်အစိုးရအောက်မှာ အမှုမထမ်းလိုတဲ့အတွက် ထွက်ပြေးလာခဲ့ကြတာလို့ ပြောဆိုခဲ့ကြပါတယ်။

သောကြာနေ့အထိ ထွက်ပြေးလာသူတွေထဲက ၈ ဦးကိုတော့ အိန္ဒိယ အာဏာပိုင်တွေက နယ်စပ်ကတဆင့် ပြန်ပို့လိုက်ပါတယ်။

နှစ်နိုင်ငံနယ်စပ် မြန်မာဘက်မှာ အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းနေသူတွေ အများအပြား

ရှိနေဆဲဖြစ်တယ်လို့လည်း ဒေသခံ ကျေးရွာအကြီးအကဲတဦးက ပြောပါတယ်။

RFA