News
Zawgyi ဖြင့်ဖတ်ရန်
RFA
unicode
Unicode ဖြင့်ဖတ်ရန်
မြန်မာကို စစ်သုံးလက်နက်ရောင်းချမှု တောင်ကိုးရီးယားရပ်ဆိုင်း
မြန်မာနိုင်ငံကို တင်ပို့ရောင်းချနေတဲ့ မျက်ရည်ယိုဗုံးတွေ၊ သံချပ်ကာကားတွေ အပါအဝင်၊ စစ်သုံး လက်နက်တွေ
တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းကြောင်း တောင်ကိုရီးယားအစိုးရက မနေ့က ကြေညာခဲ့ပါတယ်။
2
ဒါ့အပြင် စစ်အာဏာသိမ်းခံခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့ အတူတကွရှိနေကြောင်း ကိုရီးယားခရစ်ယာန်
ဘုန်းတော်ကြီးတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကိုရီးယား ရိုမင်ကက်သလစ်နဲ့ ပရိုတက်စတင့် ခရစ်ယာန် နှစ်ခုစလုံးက မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့
ဖြစ်ရပ်တွေအတွက် အလေးအနက် စိုးရိမ်ကြောင်း၊ သွးထွက်သံယို၊ အထိတ်ထိတ်အလန့်လန့် နေကြရတဲ့၊
စစ်အာဏာသိမ်းခံရတဲ့ ဒုက္ခတွေ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ
စာနာ နားလည်ကြောင်း၊ မြန်မာပြည်သူတွေ ဒီမိုကရေစီဆီ အမြန်ဆုံး
ပြန်လည်ဦးလှည့်နိုင်ဖို့ ဆုတောင်းပါကြောင်း ထုတ်ပြန်ခဲ့တာပါ။
ကိုရီးယား ကက်သလစ် ဘုန်းတော်ကြီး အင်ဒရူး ကလည်း မြန်မာ ကက်သလစ်ဘုန်းတော်ကြီး
ချားစ်မောင်ဘို ထံ အမေရိကန်ဒေါ်လာ ငါးသောင်း လှူဒါန်းလိုက်ပါတယ်။
RFA