News

ျပည္သူမ်ားကို ၿဖိဳခြင္းရာတြင္ Live လႊင့္သည္ဟုဆိုကာ အမ်ိဳးသမီးႏွစ္ဦးအား ဖမ္းဆီးေခၚေဆာင္သြား

Zawgyi ျဖင့္ဖတ္ရန္

ျပည္သူမ်ားကို ၿဖိဳခြင္းရာတြင္ Live လႊင့္သည္ဟုဆိုကာ အမ်ိဳးသမီးႏွစ္ဦးအား ဖမ္းဆီးေခၚေဆာင္သြား

ယေန႔ ဖားကန႔္ၿမိဳ့ မရွီကေထာင္လမ္းဆုံ၌ ဆႏၵျပျပည္သူမ်ားကို ၿဖိဳခြင္းရာတြင္ Liveလႊင့္သည္ဟုဆိုကာ

အမ်ိဳးသမီးႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္ သြားေၾကာင္း သိရသည္။

Liveလႊင့္ေနစဥ္အတြင္း အရပ္ဝတ္ႏွင့္ လူအခ်ိဳ့က ဖမ္းဆီးေခၚေဆာင္သြားၿပီး မည္သည့္ေနရာကို ေခၚေဆာင္သြားေၾကာင္းကို

လက္ရွိခ်ိန္ထိ မသိရွိရေသးေၾကာင္း ဖမ္းဆီးေခၚေဆာင္ခံရသည့္ အမ်ိဳးသမီးတစ္ဦး၏

နီးစပ္သူတစ္ဦးက ျမစ္ႀကီးနားသတင္းဂ်ာနယ္သို့ ေျပာသည္။

“လက္ရွိ ဘယ္ကိုေခၚသြားတယ္ဆိုတာ မသိရဘူး။ အခု ရဲစခန္းေရာက္ေနတယ္။

ရဲစခန္းမွာလည္း မေရာက္ဘူး။”ဟု ၎ ဆိုသည္။

ယေန႔ ဖားကန႔္ၿမိဳ့တြင္ လမ္းေလၽွာကသပိတ္ ျပဳလုပ္ခဲ့ရာ ၿဖိဳခြင္းခံရၿပီး

ရာဘာက်ည္ထိမွန္သူ အခ်ိဳ့ ရွိခဲ့ေၾကာင္းလည္း သိရသည္။

Myitkyina News Journal

Unicode ျဖင့္ဖတ္ရန္

ပြည်သူများကို ဖြိုခွင်းရာတွင် Live လွှင့်သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွား

ယနေ့ ဖားကန့်မြို့ မရှီကထောင်လမ်းဆုံ၌ ဆန္ဒပြပြည်သူများကို ဖြိုခွင်းရာတွင် Liveလွှင့်သည်ဟုဆိုကာ

အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

Liveလွှင့်နေစဉ်အတွင်း အရပ်ဝတ်နှင့် လူအချို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာကို

ခေါ်ဆောင်သွားကြောင်းကို လက်ရှိချိန်ထိ မသိရှိရသေးကြောင်း ဖမ်းဆီးခေါ်ဆောင်ခံရသည့်

အမျိုးသမီးတစ်ဦး၏ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“လက်ရှိ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရဘူး။ အခု ရဲစခန်းရောက်နေတယ်။

ရဲစခန်းမှာလည်း မရောက်ဘူး။”ဟု ၎င်း ဆိုသည်။

ယနေ့ ဖားကန့်မြို့တွင် လမ်းလျှောကသပိတ် ပြုလုပ်ခဲ့ရာ ဖြိုခွင်းခံရပြီး

ရာဘာကျည်ထိမှန်သူ အချို့ ရှိခဲ့ကြောင်းလည်း သိရသည်။

Myitkyina News Journal