News

အဂတိလိုက္စားမွုတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုခံထားရေသာ BPI ေဆးဝါးစက္႐ုံမွူး ေဒါက္တာ ေအာင္ေဇာ္ လြတ္ေျမာက္ၿပီ

Zawgyi

အဂတိလိုက္စားမွုတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုခံထားရေသာ BPI ေဆးဝါးစက္႐ုံမွူး ေဒါက္တာ ေအာင္ေဇာ္ လြတ္ေျမာက္ၿပီ

အဂတိလိုက္စားမွုတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုခံထားရေသာ BPI ေဆးဝါးစက္႐ုံမွူး ေဒါက္တာ ေအာင္ ေဇာ္သည္

ယေန႔ မတ္လ ၁၃ ရက္ နံနက္ ၁၁ နာရီက အင္းစိန္အက်ဥ္းေထာင္အခ်ဳပ္မွ ျပန္လည္ လြတ္ေျမာက္လာၿပီ ျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔(မတ္လ ၁၃ ရက္)မနက္ ၁၁ နာရီေလာက္ကလြတ္တာပါ။အိမ္ကိုျပန္ေရာက္ေနပါၿပီ ရွင္၊က်န္း က်န္းမာမာရွိပါတယ္”ဟု

ေဒါက္တာေအာင္ေဇာ္၏ မိသားစုဝင္တစ္ဦးက ျပည္ျမန္မာကို ေျပာသည္။

တရားလိုအျဖစ္တိုင္တန္းခဲ့သူ ဦးမိုးနိုင္ ဘက္မွ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ ႐ုံးခ်ိန္းကတည္းကပင္ အမွု႐ုပ္

သိမ္းလြာ တင္ခဲ့ၿပီးေနာက္ မတ္လ ၁၂ ရက္တြင္ ႐ုတ္သိမ္းလႊာျပန္က်ခဲ့ျခင္းျဖစ္ေၾကာင္း ေဒါက္တာ ေအာင္ေဇာ္၏

ေရွ႕ေနျဖစ္သူ ဦးထင္ေဇာ္လတ္က ျပည္ျမန္မာသတင္းကို ေျပာသည္။

“ကၽြန္ေတာ္တို့ဘက္က အမွုကို ေခ်ဖ်က္ဖို့ဆိုၿပီးေတာ့ေနျပည္ေတာ္ကို တင္ထားတာ။တင္ထားတာကမတ္လ ၁၂ ရက္မွ

ာအမိန႔္ခ်လိုက္တာ။အမွုကို အေျခအျမစ္မရွိဘူးဆိုၿပီးေတာ့ ေခ်ဖ်က္ခြင့္ျပဳလုပ္တဲ့အတြက္ အမွုက တစ္ခါတည္းပိတ္သိမ္းၿပီးသား

ျဖစ္သြားတာေပါ့၊ကၽြန္ေတာ္တို့က အမွုကိုေခ်ဖ်က္ခြင့္တင္တာကို ခြင့္ျပဳသည္လို့ အမိန႔္ခ်လိုက္တာပါ”ဟု ယင္းက ေျပာသည္။

BPI ေဆးဝါးစက္႐ုံမွူး ေဒါက္တာ ေအာင္ေဇာ္၏အမွုမွာေဆးဝါးစက္႐ုံ (အင္းစိန္) BPI ႏွင့္ ေဆးဝါးစက္ ႐ုံ (အင္ေရာင္း)

ေက်ာက္ဆည္တို့တြင္ ေသြးေၾကာသြင္း ေဆး ရည္ဘူးမ်ား ထုတ္လုပ္ရန္ ေကာ္ေစ့မ်ား ႏွင့္ စက္ပစၥည္းမ်ား ဝယ္ယူျခင္းႏွင့္

ပတ္သက္၍ ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ ၆ ရက္က တိုင္ၾကားခဲ့ေသာ အမွု ျဖစ္သည္။

တိုင္ၾကားစာအရ စစ္ေဆးရာ ေဆးဝါးစက္႐ုံ (အင္းစိန္) စက္႐ုံမွူး ေဒါက္တာ ေအာင္ေဇာ္အေနျဖင့္ ေဆးဝါး ထုပ္ပိုးပစၥည္းမ်ား

ထုတ္လုပ္ရန္အတြက္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ဝယ္ယူခဲ့ သျဖင့္ နိုင္ငံေတာ္၏ ေငြေၾကးႏွင့္ပစၥည္းကို

ထိခိုက္နစ္နာ ဆုံးရွုံးေစေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့ေၾကာင္းလည္း အဂတိလိုက္စားမွုတိုက္ဖ်က္ေရးေကာ္မရွင္ကထုတ္ျပန္ခဲ့ေသးသည္။

ဓာတ္ပုံ-Kyaw Min fb

Unicode

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသော BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော် လွတ်မြောက်ပြီ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသော BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင် ဇော်သည်

ယနေ့ မတ်လ ၁၃ ရက် နံနက် ၁၁ နာရီက အင်းစိန်အကျဉ်းထောင်အချုပ်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့(မတ်လ ၁၃ ရက်)မနက် ၁၁ နာရီလောက်ကလွတ်တာပါ။အိမ်ကိုပြန်ရောက်နေပါပြီ ရှင်၊ကျန်း ကျန်းမာမာရှိပါတယ်”ဟု

ဒေါက်တာအောင်ဇော်၏ မိသားစုဝင်တစ်ဦးက ပြည်မြန်မာကို ပြောသည်။

တရားလိုအဖြစ်တိုင်တန်းခဲ့သူ ဦးမိုးနိုင် ဘက်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက် ရုံးချိန်းကတည်းကပင် အမှုရုပ် သိမ်းလွာ

တင်ခဲ့ပြီးနောက် မတ်လ ၁၂ ရက်တွင် ရုတ်သိမ်းလွှာပြန်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ အောင်ဇော်၏

ရှေ့နေဖြစ်သူ ဦးထင်ဇော်လတ်က ပြည်မြန်မာသတင်းကို ပြောသည်။

“ကျွန်တော်တို့ဘက်က အမှုကို ချေဖျက်ဖို့ဆိုပြီးတော့နေပြည်တော်ကို တင်ထားတာ။

တင်ထားတာကမတ်လ ၁၂ ရက်မှာအမိန့်ချလိုက်တာ။အမှုကို အခြေအမြစ်မရှိဘူးဆိုပြီးတော့ ချေဖျက်ခွင့်ပြုလုပ်တဲ့အတွက်

အမှုက တစ်ခါတည်းပိတ်သိမ်းပြီးသား ဖြစ်သွားတာပေါ့၊ကျွန်တော်တို့က အမှုကိုချေဖျက်ခွင့်တင်တာကို

ခွင့်ပြုသည်လို့ အမိန့်ချလိုက်တာပါ”ဟု ယင်းက ပြောသည်။

BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်၏အမှုမှာဆေးဝါးစက်ရုံ (အင်းစိန်) BPI နှင့် ဆေးဝါးစက် ရုံ

(အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်း ဆေး ရည်ဘူးများ ထုတ်လုပ်ရန် ကော်စေ့များ နှင့်

စက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၆ ရက်က တိုင်ကြားခဲ့သော အမှု ဖြစ်သည်။

တိုင်ကြားစာအရ စစ်ဆေးရာ ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူး ဒေါက်တာ အောင်ဇော်အနေဖြင့် ဆေးဝါး

ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့

သဖြင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်းလည်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ပြန်ခဲ့သေးသည်။

ဓာတ်ပုံ-Kyaw Min fb