International News

ျမန္မာ့ပထမဆုံးၿဂိဳဟ္တု ႏိုင္ငံတကာအာကာသစခန္းမွာ ယာယီသိမ္းထားမည္

Zawgyi

ျမန္မာ့ပထမဆုံးၿဂိဳဟ္တု ႏိုင္ငံတကာအာကာသစခန္းမွာ ယာယီသိမ္းထားမည္

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းခဲ့တဲ့ေနာက္မွာ ျမန္မာ့ ပထမဆံုးၿဂိဳဟ္တုကို ကမာၻ့ေျမျပင္အထက္

မိုင္ ၂၅၀ ေက်ာ္မွာ ရွိတဲ့ ISS ႏိုင္ငံတကာအာကာသ စခန္းမွာ အသုံးမျပဳေသးပဲ ယာယီသိမ္းထားဖို႔

ဂ်ပန္အာကာသေအဂ်င္စီ နဲ႔ ဂ်ပန္တကၠသိုလ္တို႔က ဆံုးျဖတ္ခဲ့ေၾကာင္း ဂ်ပန္တကၠသိုလ္ တာဝန္ခံအရာရွိ ေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံက ပထမဆံုး လႊတ္တင္တဲ့ ၿဂိဳဟ္တုကို ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသ ပညာ တကၠသိုလ္

MAEU နဲ႔ ပူးတြဲျပဳလုပ္တဲ့ စီမံကိန္းအရ ဂ်ပန္ႏိုင္ငံ Hokkaido တကၠသိုလ္က တည္ေဆာက္ေပးခဲ့တာပါ။

ဒီၿဂိဳဟ္တုမွာ ကီလိုဂရမ္ ၅၀ ေလးတဲ့ microsatellites ၿဂိဳဟ္တုေသးေလး ၂ ခုပါဝင္ၿပီး ႏိုင္ငံတြင္း စိုက္ပ်ိဳးေရးနဲ႔

ငါးလုပ္ငန္းဌာနအတြက္ ေစာင့္ၾကည့္ေလ့လာမႈေတြ လုပ္ဖို႔ ကင္မရာေတြတပ္ဆင္ထားတာ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာ

စစ္တပ္က ေဖေဖၚဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းခဲ့တဲ့ေနာက္ ဒါကို စစ္တပ္အတြက္ အသံုးျပဳမွာကို

လူ႔အခြင့္ေရးလႈပ္ရွားသူေတြနဲ႔ ဂ်ပန္အရာရွိ တခ်ိဳံ႕က စိုးရိမ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ Hokkaido တကၠသိုလ္ က ဂ်ပန္အာကာသစူးစမ္းေရး ေအဂ်င္စီ JAXA နဲ႔ ေဆြးေႏြးၿပီး အခုလို

ထိန္းသိမ္းထားလိုက္တာ ျဖစ္ေၾကာင္း တကၠသိုလ္ တာဝန္ခံေတြက ႐ိုက္တာကို ေျပာပါတယ္။ ၿဂိဳဟ္တုဟာ

စစ္တပ္အသံုးခ်ဖို႔ လုပ္ထားတာ မဟုတ္ပဲ စစ္တပ္နဲ႔ ဘာမွ မပတ္သက္ခ်င္ေၾကာင္း လည္း အမည္မေဖၚလိုတဲ့

ျမန္မာၿဂိဳဟ္တု စီမံကိန္း ဆိုင္ရာ ဂ်ပန္တာဝန္ခံတဦးက ေျပာပါတယ္။ ဒီၿဂိဳဟ္တုနဲ႔ ပတ္သက္ၿပီး ဘာလုပ္ရမယ္

ဆိုတာကို ေဆြးေႏြးခဲ့ၾကေၾကာင္းနဲ႔ အခုေတာ့ ဒီအစီအစဥ္ကို ရပ္ဆိုင္းထားၿပီး ျပန္စမယ့္ အခ်ိန္ မသိေသးဘူးလို႔လည္း ေျပာပါတယ္။

ဒီၿဂိဳဟ္တုက ရတဲ့ အခ်က္အလက္ေတြကို ဂ်ပန္တကၠသိုလ္က စုေဆာင္းမွာ ျဖစ္ၿပီး ျမန္မာအရာရွိေတြ တိုက္႐ိုက္ရႏိုင္မွာ

မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ MAEU တကၠသိ္ုလ္က

ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္နဲ႔ အဆက္အသြယ္မရေၾကာင္းလည္း ေျပာပါတယ္။

ဒီၿဂိဳဟ္တုကို NASA အေမရိကန္အာကာသစူးစမ္းေရးဌာနက ေဖေဖၚဝါရီလ ၂၀ မွာ ISS ႏိုင္ငံတကာအာကာသစခန္းဆီကို

တျခား ပစၥည္းကရိယာေတြနဲ႔ အတူ လႊတ္တင္ခဲ့တာ ျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ဂ်ပန္အာကာသစူးစမ္းေရး

JAXA ရဲ႕ Kibo စူးစမ္းေရးယာဥ္ထဲမွာ သိမ္းထားတာ ျဖစ္ပါတယ္။

VOA

Unicode

မြန်မာ့ပထမဆုံးဂြိုဟ်တု နိုင်ငံတကာအာကာသစခန်းမှာ ယာယီသိမ်းထားမည်

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက်မှာ မြန်မာ့ ပထမဆုံးဂြိုဟ်တုကို ကမ္ဘာ့မြေပြင်အထက်

မိုင် ၂၅၀ ကျော်မှာ ရှိတဲ့ ISS နိုင်ငံတကာအာကာသ စခန်းမှာ အသုံးမပြုသေးပဲ ယာယီသိမ်းထားဖို့

ဂျပန်အာကာသအေဂျင်စီ နဲ့ ဂျပန်တက္ကသိုလ်တို့က ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်တက္ကသိုလ် တာဝန်ခံအရာရှိ တွေက ပြောပါတယ်။

မြန်မာနိုင်ငံက ပထမဆုံး လွှတ်တင်တဲ့ ဂြိုဟ်တုကို မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသ

ပညာ တက္ကသိုလ် MAEU နဲ့ ပူးတွဲပြုလုပ်တဲ့ စီမံကိန်းအရ ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်က

တည်ဆောက်ပေးခဲ့တာပါ။ ဒီဂြိုဟ်တုမှာ ကီလိုဂရမ် ၅၀ လေးတဲ့ microsatellites ဂြိုဟ်တုသေးလေး

၂ ခုပါဝင်ပြီး နိုင်ငံတွင်း စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းဌာနအတွက် စောင့်ကြည့်လေ့လာမှုတွေ လုပ်ဖို့

ကင်မရာတွေတပ်ဆင်ထားတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ

ာ အာဏာသိမ်းခဲ့တဲ့နောက် ဒါကို စစ်တပ်အတွက် အသုံးပြုမှာကို လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့..

ဂျပန်အရာရှိ တချိုံ့က စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် Hokkaido တက္ကသိုလ် က ဂျပန်အာကာသစူးစမ်းရေး အေဂျင်စီ JAXA နဲ့ ဆွေးနွေးပြီး အခုလို

ထိန်းသိမ်းထားလိုက်တာ ဖြစ်ကြောင်း တက္ကသိုလ် တာဝန်ခံတွေက ရိုက်တာကို ပြောပါတယ်။ ဂြိုဟ်တုဟာ

စစ်တပ်အသုံးချဖို့ လုပ်ထားတာ မဟုတ်ပဲ စစ်တပ်နဲ့ ဘာမှ မပတ်သက်ချင်ကြောင်း လည်း အမည်မဖေါ်လိုတဲ့

မြန်မာဂြိုဟ်တု စီမံကိန်း ဆိုင်ရာ ဂျပန်တာဝန်ခံတဦးက ပြောပါတယ်။ ဒီဂြိုဟ်တုနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်

ဆိုတာကို ဆွေးနွေးခဲ့ကြကြောင်းနဲ့ အခုတော့ ဒီအစီအစဉ်ကို ရပ်ဆိုင်းထားပြီး ပြန်စမယ့် အချိန် မသိသေးဘူးလို့လည်း ပြောပါတယ်။

ဒီဂြိုဟ်တုက ရတဲ့ အချက်အလက်တွေကို ဂျပန်တက္ကသိုလ်က စုဆောင်းမှာ ဖြစ်ပြီး မြန်မာအရာရှိတွေ

တိုက်ရိုက်ရနိုင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့

MAEU တက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာကြည်သွင်နဲ့ အဆက်အသွယ်မရကြောင်းလည်း ပြောပါတယ်။

ဒီဂြိုဟ်တုကို NASA အမေရိကန်အာကာသစူးစမ်းရေးဌာနက ဖေဖေါ်ဝါရီလ ၂၀ မှာ ISS နိုင်ငံတကာအာကာသစခန်းဆီကို

တခြား ပစ္စည်းကရိယာတွေနဲ့ အတူ လွှတ်တင်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက ဂျပန်အာကာသစူးစမ်းရေး

JAXA ရဲ့ Kibo စူးစမ်းရေးယာဉ်ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။

VOA