News

စစ္ေကာင္စီအားဆန႔္က်င္သည့္အေၾကာင္းအရာမ်ား လူမွုကြန္ယက္၌ မတင္ရန္ BGF က ညႊန္ၾကားသည္ဟုဆို

Zawgyi

စစ္ေကာင္စီအားဆန႔္က်င္သည့္အေၾကာင္းအရာမ်ား လူမွုကြန္ယက္၌ မတင္ရန္ BGF က ညႊန္ၾကားသည္ဟုဆို

ကရင္နယ္ျခားေစာင့္တပ္နယ္ေျမခံတပ္နယ္အမွတ္ – ၂ မွ(BGF) လက္နက္ကိုင္အဖြဲ႕၏ ဗိုလ္မွူးေစာၾကာအင္းအမိန႔္ဟုဆိုကာ

စစ္ေကာင္စီအားဆန႔္က်င္ေသာ အေၾကာင္းအရာမ်ား လူမွုကြန္ယက္တြင္မတင္ရန္ ညႊန္ၾကားခဲ့ေၾကာင္း လွိုင္းဘြဲ႕ၿမိဳ့နယ္ ေဒသခံမ်ားထံမွ သိရသည္။

ကရင္ျပည္နယ္၊ လွိုင္းဘြဲ႕ၿမိဳ့နယ္အတြင္းရွိ ေက်းရြာမ်ားတြင္ေနထိုင္ၾကေသာ ေဒသခံတိုင္းရင္းသားမ်ားတို့ထံ

မတ္လ ၁၂ ရက္က လူမွုကြန္ယက္စာမ်က္ႏွာ(Facebook)၌ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားအေပၚ ျပဳတ္က်ေရးစသည့္

ပုတ္ခတ္ဆန႔္က်င္ေသာ Post ၊ အခ်က္အလက္ႏွင့္ သတင္းစကားမ်ားေရးတင္ျခင္းမျပဳၾကရန္ အဆိုပါေက်းရြာမ်ားတို့

ကိုစိုးမိုးေနေသာ BGF လက္နက္ကိုင္အဖြဲ႕က ေက်းရြာအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားကို

အစည္းအေဝးေခၚသတိေပးတားျမစ္ေစခဲ့သည္ဟု သိရသည္။

“ကၽြန္ေတာ္တို့ ရြာေတြကို ဗိုလ္ၾကာအင္းညႊန္ၾကားတယ္ဆိုၿပီးရြာလူႀကီးေတြ လိုက္ေျပာပါတယ္။ နိုင္ငံေရးပိုစ္ေတြ မတင္ဖို့၊

ဆႏၵျပတာေတြ မလိုက္ၾကဖို့၊ ကိုယ့္သားသမီးေတြကို ထိန္းၾကဖို့ ၊ ေနာက္ၿပီး ထိုင္းမွာ ေနၿပီး နိုင္ငံေရးပိုစ့္ေတြတင္ေနတဲ့

ကိုယ့္ရြာသားမိသားစုဝင္ေတြကိုပါ လွမ္းေျပာၿပီးသတိေပးဖို့၊ ရြာထဲ ကအိမ္ေတြမွာ လိုက္ေျပာပါတယ္။ အဲ့ဒါေၾကာင့္ ရြာသားေတြ ေၾကာက္ေနၾကတယ္။

ဖုန္းမသုံးရဲၾကေတာ့ဘူး။ ၿမိဳ့ဘက္ သိပ္မသြားရဲ ၾကေတာ့ဘူး ျဖစ္ေနတယ္။ မတရားတာ သိသိႀကီးနဲ႔သည္းခံ ေနေနၾကရတယ္”

ဟု လွိုင္းဘြဲ႕ေက်းရြာနယ္ခံသားတစ္ဦးက ေျပာဆိုသည္။အကယ္၍ အာဏာသိမ္းစစ္ေကာင္စီကိုဆန႔္က်င္ေသာ

အေၾကာင္းအရာမ်ားေရးသားျခင္းရွိပါက ထိေရာက္စြာေဖာ္ထုတ္အေရးယူမည့္အေၾကာင္းသတိေပးတားျမစ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

A KON THI

Unicode

စစ်ကောင်စီအားဆန့်ကျင်သည့်အကြောင်းအရာများ လူမှုကွန်ယက်၌ မတင်ရန် BGF က ညွှန်ကြားသည်ဟုဆို

ကရင်နယ်ခြားစောင့်တပ်နယ်မြေခံတပ်နယ်အမှတ် – ၂ မှ(BGF) လက်နက်ကိုင်အဖွဲ့၏ ဗိုလ်မှူးစောကြာအင်းအမိန့်ဟုဆိုကာ

စစ်ကောင်စီအားဆန့်ကျင်သော အကြောင်းအရာများ လူမှုကွန်ယက်တွင်မတင်ရန်

ညွှန်ကြားခဲ့ကြောင်း လှိုင်းဘွဲ့မြို့နယ် ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများတွင်နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများတို့ထံ

မတ်လ ၁၂ ရက်က လူမှုကွန်ယက်စာမျက်နှာ(Facebook)၌ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များအပေါ်

ပြုတ်ကျရေးစသည့် ပုတ်ခတ်ဆန့်ကျင်သော Post ၊ အချက်အလက်နှင့် သတင်းစကားများရေးတင်ခြင်းမပြုကြရန်

အဆိုပါကျေးရွာများတို့ကိုစိုးမိုးနေသော BGF လက်နက်ကိုင်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများကို

အစည်းအဝေးခေါ်သတိပေးတားမြစ်စေခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ ရွာတွေကို ဗိုလ်ကြာအင်းညွှန်ကြားတယ်ဆိုပြီးရွာလူကြီးတွေ လိုက်ပြောပါတယ်။ နိုင်ငံရေးပိုစ်တွေ

မတင်ဖို့၊ ဆန္ဒပြတာတွေ မလိုက်ကြဖို့၊ ကိုယ့်သားသမီးတွေကို ထိန်းကြဖို့ ၊ နောက်ပြီး ထိုင်းမှာ နေပြီး

နိုင်ငံရေးပိုစ့်တွေတင်နေတဲ့ ကိုယ့်ရွာသားမိသားစုဝင်တွေကိုပါ လှမ်းပြောပြီးသတိပေးဖို့၊ ရွာထဲ

ကအိမ်တွေမှာ လိုက်ပြောပါတယ်။ အဲ့ဒါကြောင့် ရွာသားတွေ ကြောက်နေကြတယ်။

ဖုန်းမသုံးရဲကြတော့ဘူး။ မြို့ဘက် သိပ်မသွားရဲ ကြတော့ဘူး ဖြစ်နေတယ်။ မတရားတာ သိသိကြီးနဲ့သည်းခံ နေနေကြရတယ်”

ဟု လှိုင်းဘွဲ့ကျေးရွာနယ်ခံသားတစ်ဦးက ပြောဆိုသည်။အကယ်၍ အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်သော

အကြောင်းအရာများရေးသားခြင်းရှိပါက ထိရောက်စွာဖော်ထုတ်အရေးယူမည့်အကြောင်းသတိပေးတားမြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

A KON THI