News

နိုင္ငံေရးရပ္တည္ခ်က္ မေျပာင္းလဲဘဲ ညီေနာင္မဟာမိတ္အဖြဲ႕မ်ားႏွင့္ အတူတူရပ္တည္မည္ျဖစ္ေၾကာင္း AA ေျပာခြင့္ရက ဆို

Zawgyi

နိုင္ငံေရးရပ္တည္ခ်က္ မေျပာင္းလဲဘဲ ညီေနာင္မဟာမိတ္အဖြဲ႕မ်ားႏွင့္

အတူတူရပ္တည္မည္ျဖစ္ေၾကာင္း AA ေျပာခြင့္ရက ဆို

ရခိုင္ျပည္နယ္တြင္ လူထုေထာက္ခံမွုအမ်ားဆုံးႏွင့္ ရခိုင္လူထုအေပၚဩဇာလႊမ္းမိုးအရွိဆုံး

တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕တစ္ခုျဖစ္သည့္ ရကၡိဳင့္တပ္ေတာ္(AA) အေနျဖင့့္

၎တို့၏ ၿငိမ္းခ်မ္းေရးႏွင့္ နိုင္ငံေရးရပ္တည္ခ်က္မ်ားမွာ

ေျပာင္းလဲျခင္းမရွိဘဲ ညီေနာင္မဟာမိတ္အဖြဲ႕မ်ားႏွင့္ အတူတူရပ္တည္မည္ဟု ရကၡိဳင့္တပ္ေတာ္ (AA)

ေျပာခြင့္ရ ဦးခိုင္သုခက ေျပာၾကားေၾကာင္း ဗြီအိုေအ (ျမန္မာပိုင္းအစီအစဥ္)က ယေန႔

မတ္လ ၁၂ ရက္ေန႔တြင္ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

“ၿငိမ္းခ်မ္းေရးကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့လည္း က်ေနာ္တို့ရဲ့ ရပ္တည္ခ်က္ကေတာ့ က်ေနာ္တို့ ေနာင္မဟာမိတ္ေတြနဲ႔

အတူတူပဲ က်ေနာ္တို့ ရပ္တည္တယ္ဗ်ာ။ ရပ္တည္ခ်က္ကေတာ့ မေျပာင္းပါဘူး အရင္အတိုင္းပါပဲ။”

ဟု ဦးခိုင္သုခက အဆိုပါသတင္းတြင္ ေျပာဆိုထားသည္ကို ေတြ႕ရသည္။

ညီေနာင္မဟာမိတ္အဖြဲ႕မ်ားဆိုသည္မွာ ရကၡိဳင့္တပ္ေတာ္ (AA)၊ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္တပ္မေတာ္

(MNDAA) ႏွင့္ တေအာင္းအမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) တို့ ျဖစ္လိမ့္မည္ဟု ယူဆရပါသည္။

Laymro Media Group

Unicode

နိုင်ငံရေးရပ်တည်ချက် မပြောင်းလဲဘဲ ညီနောင်မဟာမိတ်အဖွဲ့များနှင့်

အတူတူရပ်တည်မည်ဖြစ်ကြောင်း AA ပြောခွင့်ရက ဆို

ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှုအများဆုံးနှင့် ရခိုင်လူထုအပေါ်ဩဇာလွှမ်းမိုးအရှိဆုံး

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရက္ခိုင့်တပ်တော်(AA) အနေဖြင့်

၎င်းတို့၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရပ်တည်ချက်များမှာ

ပြောင်းလဲခြင်းမရှိဘဲ ညီနောင်မဟာမိတ်အဖွဲ့များနှင့် အတူတူရပ်တည်မည်ဟု ရက္ခိုင့်တပ်တော် (AA)

ပြောခွင့်ရ ဦးခိုင်သုခက ပြောကြားကြောင်း ဗွီအိုအေ (မြန်မာပိုင်းအစီအစဉ်)က

ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

“ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ ကျနော်တို့ နောင်မဟာမိတ်တွေနဲ့

အတူတူပဲ ကျနော်တို့ ရပ်တည်တယ်ဗျာ။ ရပ်တည်ချက်ကတော့ မပြောင်းပါဘူး အရင်အတိုင်းပါပဲ။”

ဟု ဦးခိုင်သုခက အဆိုပါသတင်းတွင် ပြောဆိုထားသည်ကို တွေ့ရသည်။

ညီနောင်မဟာမိတ်အဖွဲ့များဆိုသည်မှာ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်

(MNDAA) နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။

Laymro Media Group