News

ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက အမေရိကန် ဒေါ်လာ၆သိန်းနဲ့ အကယ်ဒမီ ရွေ ၇ ပိဿာပေးအပ်ခဲ့‌ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြား








DVB














unicode

ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက အမေရိကန် ဒေါ်လာ ၆ သိန်းနဲ့

အကယ်ဒမီ ရွေ ၇ ပိဿာပေးအပ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက အမေရိကန် ဒေါ်လာ

၆ သိန်းနဲ့ အကယ်ဒမီ ရွေ ၇ ပိဿာပေးအပ်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

ယနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောကြားလိုက်ပါတယ်။

သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ် ၃ ဦးကို အဂတိကော်မရှင်က

စုံစမ်းစစ်ဆေးနေဟု အာဏာသိမ်းစစ်ကောင်စီပြော

DVB

“ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမေးမြန်းတဲ့အခါမှာ ရန်ကုန်တိုင်း

ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီ

း ပတ်သက်ဆက်စပ်မှု အခြေအနေများကို ပြောဆိုလာခဲ့ပါတယ်။

ဒီပြောဆိုချက်တွေဟာ မှန်မမှန် ကျနော်တို့ အကြိမ်ကြိမ် အခါခါ ကျနော်တို့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့

ပတ်သက်မှုအနေအထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး

ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လ

အကြား ငွေသားအမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီရွေ ၇ ပိဿာကို

ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ရကြောင်းကို အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အခိုင်အမာ ထွက်ဆိုချက်များအရ သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီရွှေ ၇ ပိဿာကို

ကိုယ်တိုင်ကိုယ်ကျလက်ခံရယူခဲ့ကြောင်း သိရှိရတဲ့အတွက် လိုအပ်သည်များဆက်လက်စုံစမ်းစစ်ဆေးနိုင်ရေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဖော်ထုတ်စစ်ဆေးပေးရန် ရှိပါတယ်။