News

စစ္ေကာင္စီ၏ လူကယ္ျပန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိဟု INGO မ်ား ေျပာ

Zawgyi

စစ္ေကာင္စီ၏ လူကယ္ျပန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိဟု INGO မ်ား ေျပာ

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ၎တို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း

ထုတ္ျပန္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ျမန္မာစစ္ေကာင္စီႏွင့္ မည္သည့္ ေဆြးေႏြးမႈမွ် မရွိေၾကာင္း ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားက

ျငင္းဆန္ခဲ့သည္။မတ္လ ၉ ရက္ေန႔က ဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္ တခုတြင္

INGO ၅ ခုႏွင့္ ျပဳလုပ္ဆဲ ပူးေပါင္းေဆာင္႐ြက္မႈကို ေၾကညာခဲ့သည္။

ေဒၚသက္သက္ခိုင္က People In Need ၊ Trocaire ၊ ChildFund Myanmar ၊ Christian Aid

၊ Mercy Corps တို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ စီစဥ္ထားသည္ဟု လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္

ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနမွ လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးဘသန္းက ေျပာေၾကာင္း ေၾကညာခ်က္ အရ သိရသည္။

နာရီပိုင္းအတြင္းမွာပင္ အဆိုပါ အဖြဲ႕အစည္း ၅ ခုလုံးက ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းခ်ိန္မွစ၍

ဝန္ႀကီးဌာနမွ အစည္းအေဝးသို႔ တက္ေရာက္ျခင္း သို႔မဟုတ္ မည္သည့္ သေဘာတူညီခ်က္မွ် ျပဳလုပ္ခဲ့ျခင္း

မရွိေၾကာင္း ထုတ္ျပန္ခဲ့ၾကသည္။လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနကို

စစ္ေကာင္စီက ခန္႔အပ္ထားသည့္ ေဒၚသက္သက္ခိုင္က ဦးေဆာင္ေနသည္။

သူသည္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) မွ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ တဦး ျဖစ္ခဲ့ေသာ္လည္း

၂၀၁၉ ခုႏွစ္တြင္ ပါတီမွ ႏုတ္ထြက္၍ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ကို တည္ေထာင္ခဲ့သည္။သူ၏ ပါတီသည္

ႏိုဝင္ဘာ ၈ ရက္ အေထြေထြေ႐ြးေကာက္ပြဲတြင္ စြမ္းေဆာင္ရည္ ညံ့ဖ်င္းခဲ့ၿပီး ေဒၚသက္သက္ခိုင္က

သူဝင္ေရာက္ယွဥ္ၿပိဳင္သည့္ မဲဆႏၵနယ္တြင္ မဲ ၇ ရာခိုင္ႏႈန္းသာ ရရွိခဲ့ၿပီး NLD ၏

ကိုယ္စားလွယ္ေလာင္းက ၈၃ ရာခိုင္ႏႈန္း ရရွိခဲ့သည္။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားအတြက္ အေျခခံ လိုအပ္ခ်က္မ်ားကို ပံ့ပိုးေပးေနသည့္ Trocaire က ၂၀၂၀ ခုႏွစ္

အစပိုင္း ေနာက္ပိုင္းတြင္ သက္တမ္းတိုးေရး လုပ္ေဆာင္ေနသည့္ နားလည္မႈစာခြၽန္လႊာတခု ရွိေသာ္လည္း

အာဏာသိမ္းၿပီး ေနာက္ပိုင္းတြင္ ဆက္လက္ ေဆြးေႏြးမႈမ်ား မရွိေၾကာင္း ျငင္းဆန္ခဲ့သည္။ကေလးသူငယ္

ကာကြယ္ေစာင့္ေရွာက္ေရး ႏွင့္ ပညာေရးအတြက္ ေငြေၾကးႏွင့္ နည္းပညာ အေထာက္အပံ့မ်ား ေပးေနသည့္

ChildFund Myanmar က ႀကီးမားေသာ အခက္အခဲမ်ားႏွင့္ ႀကဳံေနရသည့္ အခ်ိန္တြင္

ျမန္မာျပည္သူမ်ားႏွင့္ အတူ ရပ္တည္ ေနခဲ့ေၾကာင္း ေျပာသည္။

ျမန္မာျပည္တြင္ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူမ်ားက စစ္အစိုးရကို ဆန္႔က်င္ ဆႏၵျပရန္ လမ္းမ်ားေပၚသို႔

တက္လာခဲ့ၾကသည္။စစ္အစိုးရ၏ ၿဖိဳခြဲမႈမ်ား အတြင္းတြင္ ဆႏၵျပသူ ၈၀ နီးပါး ေသဆုံးခဲ့ရၿပီး ျဖစ္သည္။

မတ္လ ၁၀ ရက္ေန႔ အထိ ေ႐ြးေကာက္တင္ေျမႇာက္ခံေခါင္းေဆာင္မ်ား၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ဝင္မ်ား၊

စာနယ္ဇင္း သမားမ်ား၊ စာေရးဆရာမ်ား၊ ႐ုပ္ရွင္ သ႐ုပ္ေဆာင္မ်ား ႏွင့္ သပိတ္ေမွာက္သည့္ အရပ္ဘက္

ဝန္ထမ္းမ်ားအပါအဝင္ လူ ၂၀၀၀ ခန္႔ ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရသည္။သူတို႔ထဲမွ ၁၆၂၀ ခန္႔ မွာ

ထိန္းသိမ္းခံထားရဆဲ သို႔မဟုတ္ တရားစြဲဆိုျခင္းမ်ားႏွင့္ ရင္ ဆိုင္ၾကရေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား

ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ကေျပာသည္။

Unicode

စစ်ကောင်စီ၏ လူကယ်ပြန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဟု INGO များ ပြော

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၎င်းတို့နှင့်

ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာစစ်ကောင်စီနှင့် မည်သည့်

ဆွေးနွေးမှုမျှ မရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ငြင်းဆန်ခဲ့သည်။မတ်လ ၉ ရက်နေ့က

ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တခုတွင် INGO ၅ ခုနှင့် ပြုလုပ်ဆဲ ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့သည်။

ဒေါ်သက်သက်ခိုင်က People In Need ၊ Trocaire ၊ ChildFund Myanmar ၊ Christian Aid ၊

Mercy Corps တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး

ဦးဘသန်းက ပြောကြောင်း ကြေညာချက် အရ သိရသည်။

နာရီပိုင်းအတွင်းမှာပင် အဆိုပါ အဖွဲ့အစည်း ၅ ခုလုံးက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစ၍

ဝန်ကြီးဌာနမှ အစည်းအဝေးသို့ တက်ရောက်ခြင်း သို့မဟုတ် မည်သည့် သဘောတူညီချက်မျှ

ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ကြသည်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး

ဝန်ကြီးဌာနကို စစ်ကောင်စီက ခန့်အပ်ထားသည့် ဒေါ်သက်သက်ခိုင်က ဦးဆောင်နေသည်။

သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်

တဦး ဖြစ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ပါတီမှ နုတ်ထွက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို

တည်ထောင်ခဲ့သည်။သူ၏ ပါတီသည် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် စွမ်းဆောင်ရည်

ညံ့ဖျင်းခဲ့ပြီး ဒေါ်သက်သက်ခိုင်က သူဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲ ၇ ရာခိုင်နှုန်းသာ

ရရှိခဲ့ပြီး NLD ၏ ကိုယ်စားလှယ်လောင်းက ၈၃ ရာခိုင်နှုန်း ရရှိခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံသားများအတွက် အခြေခံ လိုအပ်ချက်များကို ပံ့ပိုးပေးနေသည့် Trocaire က

၂၀၂၀ ခုနှစ် အစပိုင်း နောက်ပိုင်းတွင် သက်တမ်းတိုးရေး လုပ်ဆောင်နေသည့် နားလည်မှုစာချွန်လွှာတခု

ရှိသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးမှုများ မရှိကြောင်း ငြင်းဆန်ခဲ့သည်။ကလေးသူငယ်

ကာကွယ်စောင့်ရှောက်ရေး နှင့် ပညာရေးအတွက် ငွေကြေးနှင့် နည်းပညာ အထောက်အပံ့များ

ပေးနေသည့် ChildFund Myanmar က ကြီးမားသော အခက်အခဲများနှင့် ကြုံနေရသည့် အချိန်တွင်

မြန်မာပြည်သူများနှင့် အတူ ရပ်တည် နေခဲ့ကြောင်း ပြောသည်။

မြန်မာပြည်တွင် ထောင်ပေါင်းများစွာသော ပြည်သူများက စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရန် လမ်းများပေါ်သို့

တက်လာခဲ့ကြသည်။စစ်အစိုးရ၏ ဖြိုခွဲမှုများ အတွင်းတွင် ဆန္ဒပြသူ ၈၀ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်သည်။

မတ်လ ၁၀ ရက်နေ့ အထိ ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊

စာနယ်ဇင်း သမားများ၊ စာရေးဆရာများ၊ ရုပ်ရှင် သရုပ်ဆောင်များ နှင့် သပိတ်မှောက်သည့် အရပ်ဘက်

ဝန်ထမ်းများအပါအဝင် လူ ၂၀၀၀ ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။သူတို့ထဲမှ ၁၆၂၀ ခန့် မှာ

ထိန်းသိမ်းခံထားရဆဲ သို့မဟုတ် တရားစွဲဆိုခြင်းများနှင့် ရင် ဆိုင်ကြရကြောင်း နိုင်ငံရေးအကျဉ်းသားများ

ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကပြောသည်။