News


Zawgyi















Unicode

“ သာကေတ မှာ….ကရင်အမျိုးသားအစည်းအရုံး KNU ကဆိုပြီး လာစည်းရုံးနေတဲ့(ရုပ်/သံ) ”

အောက်ဆုံးတွက်VEDIOပါဝင်သည်။

ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ လူသစ်စုဆောင်းသည်ဟူသေ

ာသတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်။အထက်ဖော်ပြပါကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး

KNU မှ မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမျှ လူသစ်စုဆောင်းရန် တာဝန်ပေးအပ်ထားခြင်းမရှိပါကြောင်းနှင့်

ကရင်အမျိုးသားအစည်းအရုံး KNU တွင် လူသူလက်နက်အင်အား ပြည့်စုံလုံလောက်စွာရှိကြောင်း သိစေအပ်ပါသည်။

လူမှုမီဒီယာတွင်ဖော်ပြနေကြသော ဓါတ်ပုံပါ အမည်သည် စောဩဂုတ်ဆိုသူသာဖြစ်ပြီး ၎င်း အမှန်တကယ်

စည်းရုံးစုဆောင်းခဲ့သည် ဟုတ် မဟုတ် အသေအချာမသိရသော်လည်း ယခု လူသစ်စုဆောင်းသည်ဟူသောကိစ္စသည်

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း မိဘပြည်သူများအား အသိပေးအပ်ပါသည်။

၎င်း စောဩဂုတ်ဆိုသူသည်လည်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်းသိစေအပ်ပါသည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် အမှန်တကယ် လူသစ်စုဆောင်းရန်လိုအပ်လာပါက

ဗဟိုသတင်းပြန်ကြားရေးဌာနမှတဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံ အကြောင်းကြားအပ်ပါသည်။

PS- ကရင်အမျိုးသားအစည်းအရုံးဗဟိုမှ ပဒိုကွယ်ထူးဝင်းနှင့် တောင်ငူခရိုင် တပ်မဟာ

(၂) ခေါင်းဆောင်များ၏ ခွင့်ပြုချက်ဖြင့် ယခုသတင်းကို တင်ပြပါသည်။