News


Zawgyi









VOA

Unicode

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုရှိနိုင်တယ်လို့ စစ်ကောင်စီစွပ်စွဲ(ရုပ်/သံ)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်

ဖြိုးမင်းသိန်းက အမေရိကန် ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီ ရွှေ ၇ ပိဿာ ပေးအပ်ခဲ့တာဟာ

အဂတိလိုက်စားမှုနဲ့ ငြိစွန်းနေတဲ့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုသွားပါတယ်။

ဥပဒေပညာရှင်တွေနဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အမှုမဖွင့်ဘဲ အမှုနဲ့

ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုတာဟာ ကျင့်ဝတ်ဥပဒေတွေနဲ့ မညီဘဲ

စွပ်စွဲတာဖြစ်လို့ ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် တုံ့ပြန်ဝေဖန်ကြပါတယ်။