News

တရားမဝင္သစ္ခိုးတင္လာသည့္ ကားႏွစ္စီးကိုဖမ္းဆီး စစ္ေဆးၿပီး သစ္ေတာဥပေဒအရ အေရးယူသြား မည္ဟုဆို

Zawgyi

တရားမဝင္သစ္ခိုးတင္လာသည့္ ကားႏွစ္စီးကိုဖမ္းဆီး စစ္ေဆးၿပီး သစ္ေတာဥပေဒအရ အေရးယူသြား မည္ဟုဆို

ကရင္ျပည္နယ္ ဒူးပလာာခရိုင္ ေကာ့ကရိတ္ၿမိဳ့နယ္အတြင္း တရားမဝင္သစ္ ခိုးတင္လာသည့္ ကားႏွစ္စီး ကို

ကရင္အမ်ိဳးသားရဲတပ္ဖြဲ႕(KNPF)ကဖမ္းဆီးစစ္ေဆး၍ သစ္ေတာဥပေဒအရ အေရးယူ သြားမည္

ျဖစ္ ေၾကာင္း ေကအဲန္ယူက ယေန႔(မတ္လ ၁၀)ရက္တြင္ သတင္းထုတ္ျပန္ထား သည္။

မတ္လ ၉ ရက္ ည ၇နာရီ အခ်ိန္ခန႔္က အဆိုပါခရိုင္အတြင္းရွိ က်ိဳက္ဒုံ-ေကာ့ကရိတ္ လမ္းမႀကီးေပၚ

ေမာင္းႏွင္လာသည့္ ဆယ္ဘီကား ႏွစ္စီးကို သတင္းဌာနႏွင့္ ကရင္အမ်ိဳးသားရဲတပ္ဖြဲ႕တို့ စစ္ေဆးခဲ့ရာ

အေထာက္အထားမရွိဘဲ သယ္လာသည့္ သစ္မ်ားျဖစ္ေၾကာင္းေတြ႕ရွိရသည္။

ယင္းေၾကာင့္ သစ္ခိုးထုတ္မွုမ်ားကို အမွုအမွန္တိုင္းေပၚေပါက္ေစရန္ ဆက္လက္စစ္ေဆးေဆာင္ရြက္ သြားမည္ျဖစ္ၿပီး

ေကအဲန္ယူ(ဒူးပလာယာခရိုင္)ခရိုင္သစ္ေတာဌာန အေနျဖင့္ စီးပြားျဖစ္ ျဖစ္ေစ ၊ တရား မဝင္သစ္ထုတ္လုပ္ငန္းျဖစ္ေစ

စသည္တို့ကို လုံးဝခြင့္မျပဳထားေၾကာင္းႏွင့္ သစ္ေတာ ဥပေဒအတိုင္း ေဆာင္ရြက္ေနေၾကာင္

ဒူးပလာယာခရိုင္သစ္ေတာဌာန ထုတ္ျပန္ထား ေၾကာင္း သိရသည္။

ေဒသခံျပည္သူမ်ား အတြက္ အမွန္တစ္ကယ္လိုအပ္သည့္ အေျခခံအေဆာက္အဦးမ်ားျဖစ္သည့္ ေနအိမ္

မ်ား၊စာသင္ေက်ာင္းမ်ား၊ ဘာသာေရးအေဆာက္အဦးမ်ားအတြက္ အမွန္တစ္ကယ္လိုအပ္သည့္ သစ္မ်ား ကို

ခရိုင္သစ္ေတာဌာနသို့ တင္ျပၿပီး စနစ္တစ္က်ထုတ္ယူနိုင္ရန္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ယင္းထုတ္ ျပန္ ခ်က္တြင္ပါရွိသည္။

ေရအရင္းျမစ္မ်ားမရွားပါးေရး၊ ရွားပါးတိရိစၧာန္မ်ိဳးမသုန္းေစေရး၊သဘာဝပါတ္ဝန္းက်င္ မထိခိုက္ေစ ေရး၊

သစ္ေတာမ်ားမျပဳန္းတီးေရး၊သစ္ေတာမ်ားတိုးပြားလာေရး၊သစ္ခိုးထုတ္မွုမ်ားကိုထိေရာက္စြာ အေရးယူနိုင္ေရးတို့

အတြက္ ေဒသခံျပည္သူမ်ားကလည္း ခရိုင္သစ္ေတာဌာန ႏွင့္အတူ ပူးေပါင္းပါဝင္ရန္

လိုအပ္ေၾကာင္း ခရိုင္သစ္ေတာဌာနမွ ေျပာၾကားထားသည္။

MYN ဓာတ္ပုံ – KNU

Unicode

တရားမဝင်သစ်ခိုးတင်လာသည့် ကားနှစ်စီးကိုဖမ်းဆီး စစ်ဆေးပြီး သစ်တောဥပဒေအရ အရေးယူသွား မည်ဟုဆို

ကရင်ပြည်နယ် ဒူးပလာာခရိုင် ကော့ကရိတ်မြို့နယ်အတွင်း တရားမဝင်သစ် ခိုးတင်လာသည့် ကားနှစ်စီး ကို

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)ကဖမ်းဆီးစစ်ဆေး၍ သစ်တောဥပဒေအရ အရေးယူ သွားမည် ဖြစ် ကြောင်း

ကေအဲန်ယူက ယနေ့(မတ်လ ၁၀)ရက်တွင် သတင်းထုတ်ပြန်ထား သည်။

မတ်လ ၉ ရက် ည ၇နာရီ အချိန်ခန့်က အဆိုပါခရိုင်အတွင်းရှိ ကျိုက်ဒုံ-ကော့ကရိတ် လမ်းမကြီးပေါ်

မောင်းနှင်လာသည့် ဆယ်ဘီကား နှစ်စီးကို သတင်းဌာနနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့တို့ စစ်ဆေးခဲ့ရာ

အထောက်အထားမရှိဘဲ သယ်လာသည့် သစ်များဖြစ်ကြောင်းတွေ့ရှိရသည်။

ယင်းကြောင့် သစ်ခိုးထုတ်မှုများကို အမှုအမှန်တိုင်းပေါ်ပေါက်စေရန် ဆက်လက်စစ်ဆေးဆောင်ရွက်

သွားမည်ဖြစ်ပြီး ကေအဲန်ယူ(ဒူးပလာယာခရိုင်)ခရိုင်သစ်တောဌာန အနေဖြင့် စီးပွားဖြစ် ဖြစ်စေ ၊

တရား မဝင်သစ်ထုတ်လုပ်ငန်းဖြစ်စေ စသည်တို့ကို လုံးဝခွင့်မပြုထားကြောင်းနှင့် သစ်တော ဥပဒေအတိုင်း

ဆောင်ရွက်နေကြောင်း ဒူးပလာယာခရိုင်သစ်တောဌာန ထုတ်ပြန်ထား ကြောင်း သိရသည်။

ဒေသခံပြည်သူများ အတွက် အမှန်တစ်ကယ်လိုအပ်သည့် အခြေခံအဆောက်အဦးများဖြစ်သည့် နေအိမ်

များ၊စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများအတွက် အမှန်တစ်ကယ်လိုအပ်သည့် သစ်များ ကို

ခရိုင်သစ်တောဌာနသို့ တင်ပြပြီး စနစ်တစ်ကျထုတ်ယူနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းထုတ် ပြန် ချက်တွင်ပါရှိသည်။

ရေအရင်းမြစ်များမရှားပါးရေး၊ ရှားပါးတိရိစ္ဆာန်မျိုးမသုန်းစေရေး၊သဘာဝပါတ်ဝန်းကျင် မထိခိုက်စေ ရေး၊

သစ်တောများမပြုန်းတီးရေး၊သစ်တောများတိုးပွားလာရေး၊သစ်ခိုးထုတ်မှုများကိုထိရောက်စွာ အရေးယူနိုင်ရေးတို့

အတွက် ဒေသခံပြည်သူများကလည်း ခရိုင်သစ်တောဌာန နှင့်အတူ ပူးပေါင်းပါဝင်ရန်

လိုအပ်ကြောင်း ခရိုင်သစ်တောဌာနမှ ပြောကြားထားသည်။

MYN ဓာတ်ပုံ – KNU