International News

“ တ႐ုတ္ဂတ္စ္ပိုက္လိုင္းကိစၥေၾကာင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနၫြႊန္ခ်ဳပ္ဦးခ်မ္းေအး ဖမ္းခံရ ”

Zawgyi

“ တ႐ုတ္ဂတ္စ္ပိုက္လိုင္းကိစၥေၾကာင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနၫြႊန္ခ်ဳပ္ဦးခ်မ္းေအး ဖမ္းခံရ ”

စစ္အုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူၿပီး လုပ္တဲ့ တ႐ုတ္ႏိုင္ငံနဲ႔ တ႐ုတ္ဂတ္စ္ပိုက္လိုင္းကိစၥ ေဆြးေႏြးပြဲနဲ႔ပတ္သတ္လို

႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္း အတြင္းသတင္းအခ်က္အလက္ေပါက္ၾကားမႈေၾကာင့္ဆိုၿပီး

ႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိ တခ်ိဳ႕ ဖမ္းခံရတာနဲ႔ ပတ္သတ္လို႔ေျပာျပေပးခ်င္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သူေတြနဲ႔ တ႐ုတ္ႏိုင္ငံက

ကိုယ္စားလွယ္တခ်ိဳ႕ လက္ရွိျပည္တြင္းအေျခအေန ႐ိုက္ခတ္မႈေၾကာင့္ တ႐ုတ္ဂတ္စ္ပိုက္လိုင္း

လုံၿခဳံေရးနဲ႔ပတ္သတ္တဲ့ ေဆြးေႏြးပြဲတခု လုပ္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီလို အစည္းအေဝးလုပ္တာမွာ

ပါဝင္ခဲ့သူေတြ တခ်ိဳ႕ဆီကေန အတြင္းသတင္း အခ်က္အလက္ေပါက္ ၾကားမႈေၾကာင့္ဆိုၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန

ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးအပါအဝင္ လက္ေထာက္ၫႊန္ၾကားေရးမွဴးအဆင့္ရွိသူ

ဦးစိုးသူရတို႔ ဖမ္းဆီးထိန္းသိမ္းခံရတယ္လို႔ ကနဦးသတင္းရထားတာပါ။

ဒီကေန႔မနက္ပိုင္းမွာေတာ့ ဦးခ်မ္းေအးကို အရပ္ဝတ္လူ ၆ ေယာက္က ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႐ုံးခ်ဳပ္ကေန

မ်က္ႏွာစြပ္ကာ ေခၚေဆာင္သြားတယ္လို႔ မ်က္ျမင္သက္ေသတဦးကေျပာပါတယ္။”၆ ေယာက္ေလာက္ၾကားထဲကေပါ့…

ဒီတိုင္း ေအးေဆးပဲ… ဘာမွ ခ်ဳပ္ေႏွာင္ထားျခင္းမရွိဘဲ၊ ေခၚလာခဲ့ၿပီးေတာ့ ေရွ႕ကားကလည္း အလုံကားမ်ိဳး

ေနာက္ကားကလည္း အလုံကားပဲ။ ယူနီေဖာင္း မပါဘူး။ အရပ္ဝတ္ပဲ..

လူပံုစံေတြကေတာ့ ေထာင္ေထာင္ေမာင္းေမာင္းေတြ ဝင္တဲ့ အခ်ိန္မွာ တြန္းတင္တယ္။

ေနာက္ကားေပၚေရာက္ေတာ့ တံခါးမပိတ္ခင္မွာ ေခါင္းကို စြပ္လိုက္တယ္။ အဲဒါ ေလးပါဗ်။ ဦးခ်မ္းေအးက သူက

CDM လို႔ေတာ့ မေၾကျငာဘူး။ ဒါေပမဲ့ ေထာက္ခံမယ့္ထဲမွာေတာ့ ပါမယ္ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူက

သူ႔သူငယ္ခ်င္း တေယာက္ ထိုင္းကေနၿပီးေတာ့ လက္ေထာက္ၫႊန္ၾကားေရးမွဴးနဲ႔ အလုပ္ထြက္သြားၿပီးေတာ့

အျပင္မွာေနတဲ့သူနဲ႔ အခ်ိတ္အဆက္ေတြ ရွိတယ္ဗ်။ အခ်ိတ္အဆက္ရွိေတာ့ အတြင္းသတင္းေတြ ေပါက္ၾကားမႈနဲ႔

ပတ္သက္ၿပီးေတာ့ သံသယရွိၿပီးေတာ့ ခုလို ေခၚတယ္လို႔လည္း က်ေနာ္က ျမင္တယ္။ တ႐ုတ္ဂတ္စ္ပိုက္လိုင္းကိစၥနဲ႔

ပတ္သတ္လို႔ အစည္းအေဝးလုပ္တဲ့ကိစၥေလ… အဲဒီကိစၥနဲ႔ပတ္သတ္ၿပီး သတင္းေပါက္ၾကားလို႔ဆိုၿပီး စစ္ေဆးေရးဝင္ေနတယ္… MOFA မွာေလ။”

မ်က္ျမင္တဲ့ သူတဦးေျပာျပခ်က္ျဖစ္ၿပီး လုံၿခဳံေရးအရ အသံျပဳျပင္ထားရတာ ျဖစ္ပါတယ္။ အစည္းအေဝးအတြင္း

ပါဝင္တဲ့ဝန္ႀကီးဌာနက တျခားအဆင့္ေတြကိုလည္း စစ္ေဆးခံေနတယ္လို႔ သိရေပမဲ့ ဗြီအိုေအအေနနဲ႔ လိုက္လံစုံစမ္းေနဆဲပါ။

ဦးခ်မ္းေအးကို ဘယ္ေနရာကို ေခၚေဆာင္သြားသလဲဆိုတာကေတာ့ ခုထိမသိေရသးပါဘူး။ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း

CDM အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါဝင္တဲ့ ႏိုင္ငံျခား ေရးဝန္ႀကီးဌာန ဝန္ထမ္း ၁၁ ေယာက္ကို

စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ဖမ္းဆီးထားၿပီး ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)နဲ႔ ေနျပည္ေတာ္

ဒကၡဏသီရိၿမိဳ႕နယ္တရား႐ုံးမွာတရားစြဲဆိုထားတာရွိပါတယ္။ ဒီလူေတြဟာ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ

အဖမ္းခံခဲ့ရတာပါ။ သူတို႔ေတြကိုေတာ့ လာမယ့္ မတ္ ၁၅ ရက္ေန႔မွာ ႐ုံးထုတ္သြားဖို႔ ရွိပါတယ္။

“အခ်ိန္တိက်ေတာ့ မသိရေသးဘူး။ အဲဒီ ၁၅ ရက္ေန႔ေတာ့ ႐ုံးခ်ိန္းထပ္ ရွိတယ္ဆိုၿပီး သိတယ္။ လိုက္ေပးမယ့္

ေရွ႕ေနေတြဆီကေန ေျပာပါတယ္ဗ်။ ၁၅ ရက္ေန႔ဆိုတာကိုေတာ့ အတည္ျပဳပါတယ္။ ေနရတာလည္း သူတို႔က ေထာင္ကို

အရင္တုန္းက ကိုဗစ္စင္တာထားဖို႔အတြက္ဆိုျပီး ယာယီအေနနဲ႔ လုပ္ထားတာရွိတယ္ေလ။ အဲဒီကိုဗစ္စင္တာမွာထားတယ္လို႔ ေျပာတယ္။

”ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံျခားေရးဝန္ထမ္း ၁၁ ေယာက္ကေတာ့

အမ်ိဳးသား ၃ ေယာက္နဲ႔ အမ်ိဳးသမီး ၈ ေယာက္တို႔ျဖစ္ပါတယ္။ သူတို႔ကို တရားစြဲဆိုတဲ့ ပုဒ္မ ၅၀၅ (က)

ဟာ တပ္မေတာ္ကို ၿပိဳကြဲေအာင္ လႈံ႕ေဆာ္မႈ/လုပ္ေဆာင္မႈ ျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ သံုး ႏွစ္ထိ ခ်မွတ္ခံရႏိုင္ပါတယ္။

VOA

Unicode

“ တရုတ်ဂတ်စ်ပိုက်လိုင်းကိစ္စကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ချုပ်ဦးချမ်းအေး ဖမ်းခံရ ”

စစ်အုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး လုပ်တဲ့ တရုတ်နိုင်ငံနဲ့ တရုတ်ဂတ်စ်ပိုက်လိုင်းကိစ္စ ဆွေးနွေးပွဲနဲ့ပတ်သတ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အတွင်းသတင်းအချက်အလက်ပေါက်ကြားမှုကြောင့်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တချို့ ဖမ်းခံရတာနဲ့ ပတ်သတ်လို့ပြောပြပေးချင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အုပ်ချုပ်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတွေနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တချို့ လက်ရှိပြည်တွင်းအခြေအနေ ရိုက်ခတ်မှုကြောင့် တရုတ်ဂတ်စ်ပိုက်လိုင်း လုံခြုံရေးနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတခု လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို အစည်းအဝေးလုပ်တာမှာ ပါဝင်ခဲ့သူတွေ တချို့ဆီကနေ အတွင်းသတင်း အချက်အလက်ပေါက် ကြားမှုကြောင့်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးအပါအဝင် လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိသူ ဦးစိုးသူရတို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ကနဦးသတင်းရထားတာပါ။

ဒီကနေ့မနက်ပိုင်းမှာတော့ ဦးချမ်းအေးကို အရပ်ဝတ်လူ ၆ ယောက်က နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ်ကနေ မျက်နှာစွပ်ကာ ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတဦးကပြောပါတယ်။”၆ ယောက်လောက်ကြားထဲကပေါ့… ဒီတိုင်း အေးဆေးပဲ… ဘာမှ ချုပ်နှောင်ထားခြင်းမရှိဘဲ၊ ခေါ်လာခဲ့ပြီးတော့ ရှေ့ကားကလည်း အလုံကားမျိုး နောက်ကားကလည်း အလုံကားပဲ။ ယူနီဖောင်း မပါဘူး။ အရပ်ဝတ်ပဲ.. လူပုံစံတွေကတော့ ထောင်ထောင်မောင်းမောင်းတွေ ဝင်တဲ့ အချိန်မှာ တွန်းတင်တယ်။

နောက်ကားပေါ်ရောက်တော့ တံခါးမပိတ်ခင်မှာ ခေါင်းကို စွပ်လိုက်တယ်။ အဲဒါ လေးပါဗျ။ ဦးချမ်းအေးက သူက CDM လို့တော့ မကြေငြာဘူး။ ဒါပေမဲ့ ထောက်ခံမယ့်ထဲမှာတော့ ပါမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူက သူ့သူငယ်ချင်း တယောက် ထိုင်းကနေပြီးတော့ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ အလုပ်ထွက်သွားပြီးတော့ အပြင်မှာနေတဲ့သူနဲ့ အချိတ်အဆက်တွေ ရှိတယ်ဗျ။ အချိတ်အဆက်ရှိတော့ အတွင်းသတင်းတွေ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီးတော့ သံသယရှိပြီးတော့ ခုလို ခေါ်တယ်လို့လည်း ကျနော်က မြင်တယ်။ တရုတ်ဂတ်စ်ပိုက်လိုင်းကိစ္စနဲ့ ပတ်သတ်လို့ အစည်းအဝေးလုပ်တဲ့ကိစ္စလေ… အဲဒီကိစ္စနဲ့ပတ်သတ်ပြီး သတင်းပေါက်ကြားလို့ဆိုပြီး စစ်ဆေးရေးဝင်နေတယ်… MOFA မှာလေ။”

မျက်မြင်တဲ့ သူတဦးပြောပြချက်ဖြစ်ပြီး လုံခြုံရေးအရ အသံပြုပြင်ထားရတာ ဖြစ်ပါတယ်။ အစည်းအဝေးအတွင်း ပါဝင်တဲ့ဝန်ကြီးဌာနက တခြားအဆင့်တွေကိုလည်း စစ်ဆေးခံနေတယ်လို့ သိရပေမဲ့ ဗွီအိုအေအနေနဲ့ လိုက်လံစုံစမ်းနေဆဲပါ။ ဦးချမ်းအေးကို ဘယ်နေရာကို ခေါ်ဆောင်သွားသလဲဆိုတာကတော့ ခုထိမသိရေသးပါဘူး။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ထမ်း ၁၁ ယောက်ကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ နေပြည်တော် ဒက္ခဏသီရိမြို့နယ်တရားရုံးမှာတရားစွဲဆိုထားတာရှိပါတယ်။ ဒီလူတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။ သူတို့တွေကိုတော့ လာမယ့် မတ် ၁၅ ရက်နေ့မှာ ရုံးထုတ်သွားဖို့ ရှိပါတယ်။

“အချိန်တိကျတော့ မသိရသေးဘူး။ အဲဒီ ၁၅ ရက်နေ့တော့ ရုံးချိန်းထပ် ရှိတယ်ဆိုပြီး သိတယ်။ လိုက်ပေးမယ့် ရှေ့နေတွေဆီကနေ ပြောပါတယ်ဗျ။ ၁၅ ရက်နေ့ဆိုတာကိုတော့ အတည်ပြုပါတယ်။ နေရတာလည်း သူတို့က ထောင်ကို အရင်တုန်းက ကိုဗစ်စင်တာထားဖို့အတွက်ဆိုပြီး ယာယီအနေနဲ့ လုပ်ထားတာရှိတယ်လေ။ အဲဒီကိုဗစ်စင်တာမှာထားတယ်လို့ ပြောတယ်။”ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားရေးဝန်ထမ်း ၁၁ ယောက်ကတော့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၈ ယောက်တို့ဖြစ်ပါတယ်။ သူတို့ကို တရားစွဲဆိုတဲ့ ပုဒ်မ ၅၀၅ (က) ဟာ တပ်မတော်ကို ပြိုကွဲအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှု ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံး နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။

VOA