News

CDM ဝန္ထမ္းမ်ား အြန္လိုင္း ဝက္ဘက္ဆိုက္မွတဆင့္ စာရင္းေပးသြင္းႏိုင္

Zawgyi ျဖင့္ဖတ္ရန္

CDM ဝန္ထမ္းမ်ား အြန္လိုင္း ဝက္ဘက္ဆိုက္မွတဆင့္ စာရင္းေပးသြင္းႏိုင္

အာဏာသိမ္းစစ္အုပ္စုရဲ႕ အမိန႔္ကိုဆန႔္က်င္တဲ့ အာဏာဖီဆန္ CDM လႈပ္ရွားမႈမွာပါဝင္တဲ့ ဝန္ထမ္းေတြ အြန္လိုင္းမွ တဆင့္ စာရင္းေပးသြင္းႏိုင္တယ္လို႔ CRPH ျပန္ၾကားေရးႏွင့္ ျပည္သူ႔ေရးရာေကာ္မတီက မတ္လ ၈ ရက္မွာ ျပည္သူသို႔ အသိေပးတင္ျပထားပါတယ္။

CRPH(CDM Support Team) အေနနဲ႔ CDM တိုက္ပြဲမွာ အသိစိတ္ဓာတ္ရဲရင့္ခိုင္မာစြာ အမွန္တကယ္ပါဝင္ေနၾကတဲ့ ျပည္သူ႔ဝန္ထမ္း တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္း မွတ္တမ္းစာရင္းေတြ ပါဝင္လာႏိုင္ဖို႔နဲ႔ လိုအပ္တဲ့ အကူအညီေတြ ရရွိႏိုင္ဖို႔ အြန္လိုင္းမွ တဆင့္ ေအာက္ပါလင့္ခ္ https://cdm.crphmyanmar.org ကေနတဆင့္ စာရင္းေပးသြင္းေပးၾကဖို႔ ေမတၱာရပ္ခံ ပန္ၾကားထားပါတယ္။

အရင္က Viber ဖုန္းနံပါတ္ကေန စာရင္းေကာက္ယူခဲ့ရာမွာ အခက္အခဲအတားအဆီးအမ်ိဳးမ်ိဳးေၾကာင့္ အဆင္မေျပမႈေတြရွိခဲ့လို႔ အႏူးအၫြတ္ ေမတၱာရပ္ခံ ေတာင္းပန္အပ္တယ္လို႔ ဆိုပါတယ္။

အခုဆင္ႏႊဲေနတဲ့ ျပည္သူလူထုတရပ္လုံးရဲ႕ စစ္အာဏာရွင္စနစ္ ဆန႔္က်င္ေရး လႈပ္ရွားမႈမွာ Civil Disobedience Movement (CDM) အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈဟာ အဓိကက်ေသာအခန္းက႑မွ ပါဝင္ေနၿပီး စစ္အာဏာရွင္အထိနာေနတယ္လို႔လည္း ဆိုပါတယ္။

CRPH(CDM Support Team) အေနနဲ႔ ႐ုံးမတက္ပဲ ႐ုန္းထြက္ခဲ့ၾကတဲ့ ျပည္သူ႔ဝန္ထမ္းေတြကို မွတ္တမ္းတင္ဖို႔နဲ႔ လိုအပ္တာေတြ ကူညီေထာက္ပံ့ႏိုင္ေရးကို ရည္႐ြယ္ခ်က္တူ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ဟန္ခ်က္ညီညီ လက္တြဲေဆာင္႐ြက္ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

DVB

Unicode ျဖင့္ဖတ္ရန္

CDM ဝန်ထမ်းများ အွန်လိုင်း ဝက်ဘက်ဆိုက်မှတဆင့် စာရင်းပေးသွင်းနိုင်

အာဏာသိမ်းစစ်အုပ်စုရဲ့ အမိန့်ကိုဆန့်ကျင်တဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေ အွန်လိုင်းမှ တဆင့် စာရင်းပေးသွင်းနိုင်တယ်လို့ CRPH ပြန်ကြားရေးနှင့် ပြည်သူ့ရေးရာကော်မတီက မတ်လ ၈ ရက်မှာ ပြည်သူသို့ အသိပေးတင်ပြထားပါတယ်။

CRPH(CDM Support Team) အနေနဲ့ CDM တိုက်ပွဲမှာ အသိစိတ်ဓာတ်ရဲရင့်ခိုင်မာစွာ အမှန်တကယ်ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း မှတ်တမ်းစာရင်းတွေ ပါဝင်လာနိုင်ဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ ရရှိနိုင်ဖို့ အွန်လိုင်းမှ တဆင့် အောက်ပါလင့်ခ် https://cdm.crphmyanmar.org ကနေတဆင့် စာရင်းပေးသွင်းပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

အရင်က Viber ဖုန်းနံပါတ်ကနေ စာရင်းကောက်ယူခဲ့ရာမှာ အခက်အခဲအတားအဆီးအမျိုးမျိုးကြောင့် အဆင်မပြေမှုတွေရှိခဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်တယ်လို့ ဆိုပါတယ်။

အခုဆင်နွှဲနေတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ Civil Disobedience Movement (CDM) အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေပြီး စစ်အာဏာရှင်အထိနာနေတယ်လို့လည်း ဆိုပါတယ်။

CRPH(CDM Support Team) အနေနဲ့ ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို မှတ်တမ်းတင်ဖို့နဲ့ လိုအပ်တာတွေ ကူညီထောက်ပံ့နိုင်ရေးကို ရည်ရွယ်ချက်တူ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

DVB