News

ဓာတ္ဆီ၊ ဒီဇယ္အပါအ၀င္ ကုန္စည္အခ်ိဳ႕ကို လိုင္စင္ေလွ်ာက္ထားရန္မလိုဟု ေၾကညာ

Zawgyi ျဖင့္ဖတ္ရန္

ဓာတ္ဆီ၊ ဒီဇယ္အပါအ၀င္ ကုန္စည္အခ်ိဳ႕ကို လိုင္စင္ေလွ်ာက္ထားရန္မလိုဟု ေၾကညာ

ဆန္၊ ဆန္ကြဲ၊ ၾကက္သြန္ အပါအ၀င္ ပို႔ကုန္ကုန္စည္လိုင္း ၃၇ လိုင္း၊ ဓာတ္ဆီ၊ ဒီဇယ္အပါအ၀င္

သြင္းကုန္ ကုန္စည္လိုင္း ၇၂ လိုင္းကို မတ္လ ၈ ရက္ေန႔ကေန ဧၿပီလ ၉ ရက္ေန႔အထိ

လိုင္စင္ေလွ်ာက္ထားစရာမလိုဘဲ ယာယီေျဖေလွ်ာ့ ခြင့္ျပဳေပးသြားမယ္လို႔

ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ေၾကညာပါတယ္။

ယာယီေျဖေလွ်ာ့ေပးမႈမွာ ပါ၀င္တဲ့ ကုန္စည္အမ်ိဳးအစားေတြကေတာ့ ပို႔ကုန္ပိုင္းမွာ ၾကက္ သြန္နီ၊

ၾကက္သြန္ျဖဴ၊ ဆန္၊ ဆန္ကြဲ၊ သၾကားအၾကမ္း နဲ႔ သန႔္စင္ၿပီးသၾကား၊

သဘာ၀ရာဘာကုန္ၾကမ္း၊ ဝါဂြမ္း စတဲ့ ကုန္ စည္ေတြပါ၀င္ပါတယ္။

သြင္းကုန္ပိုင္းမွာ ဓာတ္ဆီ၊ ဒီဇယ္၊ လုပ္ငန္းသုံးေခ်ာဆီ၊ ေဆးဝါးပစၥည္း၊ ဓာတ္ေျမၾသဇာ၊ ဘိလပ္ေျမ၊

စားေသာက္ကုန္ၾကမ္း၊ စားအုန္းဆီ၊ အဆီ၊ ပဲပုပ္ေစ့၊ ဂ်ဳံ နဲ႔ဂ်ဳံမႈန႔္၊ ငါး၊အသားလႊာ စတဲ့ ကုန္စည္လိုင္းေတြ ျဖစ္ပါတယ္။

ဒီကုန္စည္ေတြက ႏိုင္ငံဖြံ႕ၿဖိဳးမႈအတြက္ အဓိကတင္သြင္းေနရတဲ့ ကုန္စည္ေတြျဖစ္တဲ့အျပင္၊ က်န္းမာေရးက႑ကိုလည္း

အေထာက္အကူျဖစ္ေစတာေၾကာင့္နဲ႔ အဓိကတင္ပို႔ေနတဲ့ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြလည္း ျဖစ္တာေၾကာင့္

အခုလိုေျဖေလွ်ာ့ေပးျခင္းျဖစ္တယ္လို႔ ကုန္သြယ္ ေရး ဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒီလို ေျဖေလွ်ာ့ခြင့္ျပဳရျခင္းရဲ႕ အေၾကာင္းအရင္းကေတာ့ လတ္တေလာအေျခအေနမွာ ပို႔ကုန္၊သြင္းကုန္လုပ္ငန္းရွင္ေတြ

လုပ္ငန္း အဆင္ေျပေခ်ာ့ေမြ႕ေစဖို႔နဲ႔ သြင္းကုန္လိုင္စင္ေၾကးေပးသြင္းရမႈ

သက္သာေစဖို႔အတြက္ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

DVB

Unicode ျဖင့္ဖတ္ရန္

ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် ကုန်စည်အချို့ကို လိုင်စင်လျှောက်ထားရန်မလိုဟု ကြေညာ

ဆန်၊ ဆန်ကွဲ၊ ကြက်သွန် အပါအဝင် ပို့ကုန်ကုန်စည်လိုင်း ၃၇ လိုင်း၊ ဓာတ်ဆီ၊

ဒီဇယ်အပါအဝင် သွင်းကုန် ကုန်စည်လိုင်း ၇၂ လိုင်းကို မတ်လ ၈ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ

လိုင်စင်လျှောက်ထားစရာမလိုဘဲ ယာယီဖြေလျှော့

ခွင့်ပြုပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ယာယီဖြေလျှော့ပေးမှုမှာ ပါဝင်တဲ့ ကုန်စည်အမျိုးအစားတွေကတော့ ပို့ကုန်ပိုင်းမှာ

ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ ဆန်၊ ဆန်ကွဲ၊ သကြားအကြမ်း နဲ့ သန့်စင်ပြီးသကြား၊

သဘာဝရာဘာကုန်ကြမ်း၊ ဝါဂွမ်း စတဲ့ ကုန် စည်တွေပါဝင်ပါတယ်။

သွင်းကုန်ပိုင်းမှာ ဓာတ်ဆီ၊ ဒီဇယ်၊ လုပ်ငန်းသုံးချောဆီ၊ ဆေးဝါးပစ္စည်း၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊

စားသောက်ကုန်ကြမ်း၊ စားအုန်းဆီ၊ အဆီ၊ ပဲပုပ်စေ့၊ ဂျုံ နဲ့ဂျုံမှုန့်၊ ငါး၊အသားလွှာ စတဲ့ ကုန်စည်လိုင်းတွေ ဖြစ်ပါတယ်။

ဒီကုန်စည်တွေက နိုင်ငံဖွံ့ဖြိုးမှုအတွက် အဓိကတင်သွင်းနေရတဲ့ ကုန်စည်တွေဖြစ်တဲ့အပြင်၊

ကျန်းမာရေးကဏ္ဍကိုလည်း အထောက်အကူဖြစ်စေတာကြောင့်နဲ့ အဓိကတင်ပို့နေတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေလည်း

ဖြစ်တာကြောင့် အခုလိုဖြေလျှော့ပေးခြင်းဖြစ်တယ်လို့ ကုန်သွယ် ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို ဖြေလျှော့ခွင့်ပြုရခြင်းရဲ့ အကြောင်းအရင်းကတော့ လတ်တလောအခြေအနေမှာ

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တွေ လုပ်ငန်း အဆင်ပြေချော့မွေ့စေဖို့နဲ့ သွင်းကုန်လိုင်စင်ကြေးပေးသွင်းရမှု

သက်သာစေဖို့အတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

DVB