Celebrities

မြင့်မြတ်၊ရာဇာနေဝင်းနဲ့ ထူးခြားတို့ အဖွဲ့ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ အထိုင်သပိတ် ဖြိုခွင်းခံရ

ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေအရဖြိုခွင်းမှုတွေရှိနေပေမယ့် ပြည်သူပရိသတ်တွေအနေနဲ့

လူထုလှုပ်ရှားမှုတွေကို မြို့နယ်အလိုက် အဆက်မပြတ်လုပ်ဆောင်နေကြပြီး

အနုပညာရှင်တွေတော်တော်များများကလည်း အားလုံးနဲ့အတူ ရပ်တည်နေတာ တွေ့ရပါတယ်..။

ယုံကြည်ချက်တွေနဲ့ တော်လှန်ရေးတိုက်ပွဲကြီးကို အင်တိုက်အားတိုက်လုပ်ဆောင်နေကြသလို

ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ရာဇာနေဝင်းအပြင် ထူးခြားနဲ့ကေညီတို့ကလည်း

လူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ နည်းအမျိုးမျိုးနဲ့ကြိုးစားတိုက်ပွဲဝင်နေကြသလို ဒီကနေ့လေးမှာလည်း ရာဇာနေဝင်း၊

မြင့်မြတ်၊ ကေညီနဲ့ထူးခြားတို့ သူငယ်ချင်းတွေကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက်

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..။

သူတို့အဖွဲ့ဟာ ပြည်သူတွေနဲ့အတူ စိတ်တူကိုယ်တူနဲ့ တော်လှန်ရေးတိုက်ပွဲကြီးကိုဆင်နွှဲနေကြကာ

ထိုင်သပိတ်တွေမှာလည်းပါဝင်ပြီး ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့

ကြွေးကြော်လိုက်တဲ့အသံတွေကလည်း တကယ်ကိုခွန်အားအပြည့်ပါပဲ..။

“အရေးတော်ပုံ…အောင်ရမည်။..” ဆိုပြီး ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့

သူတို့ရဲ့ပုံရိပ်လေးတွေကို ထူးခြားက မျှဝေသလို ရာဇာနေဝင်းကလည်း

သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။

ပရိသတ်တွေကလည်း ထိပ်တန်းအနုပညာရှင်တွေအနေနဲ့ အခုလို

ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ

ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ပေးကြတာတွေကို သဘောကျအားပေးနေကြတာလည်း တွေ့ရပါတယ်..။

သတင်းအရင်းမြစ်:Htoo Charr’s Fb Acc YarzarNaywin’s Fb Acc

Unicode Version

မြင့်မြတ်၊ရာဇာနေဝင်းနဲ့ ထူးခြားတို့ အဖွဲ့ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ အထိုင်သပိတ် ဖြိုခွင်းခံရ

ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွ အရဖြိုခွင်းမှုတွေရှိနေပေမယ့် ပြည်သူပရိသတ်တွေအနေနဲ့