News

“ နိုင္ငံျဖတ္ေက်ာ္ မွုခင္းဌာနမွဒုရဲအုပ္ CDMဝင္ ”

Zawgyi ျဖင့္ဖတ္ရန္

“ နိုင္ငံျဖတ္ေက်ာ္ မွုခင္းဌာနမွဒုရဲအုပ္ CDMဝင္ ”

Civil Disobedience Movement (CDM)

ကိစၥတြင္ ပါဝင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းတင္ျပျခင္း

(၁) ေလးစားစြာတင္ျပအပ္ျခင္းမွာ ကၽြန္ေတာ္ ဒုရဲအုပ္ ဟားမင္ဆန္းသည္ မည္သူတစ္ဦးတစ္ေယာက္၏

တိုက္တြန္းႏွိုးေဆာ္ ေစခိုင္းမွု တစ္စုံတစ္ရာမရွိဘဲ CDM ကိစၥတြင္ပါဝင္ျခင္းျဖစ္ပါသည္။ယခုကဲ့သို့လုပ္ေဆာင္ရျခင္းမွာ

စစ္အာဏာရွင္တစ္စု၏ မတရားလုပ္ရပ္တြင္ ပါဝင္ကာ ဆက္လက္၍ တာဝန္ထမ္းေဆာင္လိုျခင္း

လုံးဝ (လုံးဝ) မရွိေတာ့ပါ သျဖင့္ CDMလုပ္ေဆာင္ျခင္းျဖစ္ပါသည္။

(၂) ရဲတပ္ဖြဲ႕၏ ရည္ရြယ္ခ်က္တာဝန္သည္ ျပည္သူ႔ဘဝ လုံျခဳံ ၿငိမ္းခ်မ္းေရးကို အဓိကေရွး႐ူ၍

ကာကြယ္ေစာင့္ေရွာက္ရမည့္အတြက္ ကၽြန္ုပ္အေနျဖင့္ ယခင္/ယခု/ေနာင္ ကာလမ်ားတြင္

ျပည္သူ႔ရဲစစ္စစ္အျဖစ္နဲ႔တာ တာဝန္ထမ္းေဆာင္သြားမည္ျဖစ္ပါသည္။

(၃) သို့ပါ၍ ဥပေဒကိုေလးစားလိုက္နာ လက္ကိုင္ထားသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးအေနျဖင့္ ျပည္သူမ်ား

(မိမိအပါဝင္ ) လိုအပ္ေတာင့္တေနသည့္ အုပ္ခ်ဳပ္မွုစနစ္ ျပန္လည္ရရွိသည့္ ထိုေန႔မွစ၍ ( ရလၽွင္ရခ်င္း)မည္သည့္ေနရာ

အရပ္ေဒသမဆို သြားေရာက္ တာဝန္ထမ္းေဆာင္ပါမည္ျဖစ္ေၾကာင္း ကတိျပဳကာ ရိုေသစြာ တင္ျပအပ္ပါသည္။

အခက္အခဲမ်ားေၾကာင့္ေနာက္က်သြားတဲ့အတြက္ ေတာင္းပန္ပါတယ္ ခင္ဗ်ာ။လ ၂၅၃၆၀၆ ဒုရဲအုပ္ – ဟားမင္ဆန္း 7.3.2021

Unicode ျဖင့္ဖတ္ရန္

“ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှဒုရဲအုပ် CDMဝင် ”

Civil Disobedience Movement (CDM)

ကိစ္စတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ပြခြင်း

(၁) လေးစားစွာတင်ပြအပ်ခြင်းမှာ ကျွန်တော် ဒုရဲအုပ် ဟားမင်ဆန်းသည် မည်သူတစ်ဦးတစ်ယောက်၏

တိုက်တွန်းနှိုးဆော် စေခိုင်းမှု တစ်စုံတစ်ရာမရှိဘဲ CDM ကိစ္စတွင်ပါဝင်ခြင်းဖြစ်ပါသည်။ယခုကဲ့သို့လုပ်ဆောင်ရခြင်းမှာ

စစ်အာဏာရှင်တစ်စု၏ မတရားလုပ်ရပ်တွင် ပါဝင်ကာ ဆက်လက်၍ တာဝန်ထမ်းဆောင်လိုခြင်း

လုံးဝ (လုံးဝ) မရှိတော့ပါ သဖြင့် CDMလုပ်ဆောင်ခြင်းဖြစ်ပါသည်။

(၂) ရဲတပ်ဖွဲ့၏ ရည်ရွယ်ချက်တာဝန်သည် ပြည်သူ့ဘဝ လုံခြုံ ငြိမ်းချမ်းရေးကို အဓိကရှေးရူ၍

ကာကွယ်စောင့်ရှောက်ရမည့်အတွက် ကျွန်ုပ်အနေဖြင့် ယခင်/ယခု/နောင် ကာလများတွင်

ပြည်သူ့ရဲစစ်စစ်အဖြစ်နဲ့တာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။

(၃) သို့ပါ၍ ဥပဒေကိုလေးစားလိုက်နာ လက်ကိုင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် ပြည်သူများ

(မိမိအပါဝင် ) လိုအပ်တောင့်တနေသည့် အုပ်ချုပ်မှုစနစ် ပြန်လည်ရရှိသည့် ထိုနေ့မှစ၍

( ရလျှင်ရချင်း)မည်သည့်နေရာ အရပ်ဒေသမဆို သွားရောက်

တာဝန်ထမ်းဆောင်ပါမည်ဖြစ်ကြောင်း ကတိပြုကာ ရိုသေစွာ တင်ပြအပ်ပါသည်။

အခက်အခဲများကြောင့်နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်

ခင်ဗျာ။လ ၂၅၃၆၀၆ ဒုရဲအုပ် – ဟားမင်ဆန်း 7.3.2021