Celebrities

“ သဇင္ထူးျမင့္အပါအဝင္ ခင္လွိုင္တို့တစ္မိသားစုလုံး ထြက္ေျပးတိမ္းေရွာင္ေနရ ”

သဇင္ထူးျမင့္နဲ႔ မိသားစုေတြကေတာ့ ဒီကေန႔မွာ ဆႏၵျပျပည္သူေတြကို အလႉအတန္းေတြ လုပ္ေပးေနရင္း ႐ုတ္တရက္ တိမ္းေရွာင္ေနလိုက္ရတဲ့ အျဖစ္ကို အခုလို ေျပာျပလာပါတယ္။ဒီကေန႔ (မတ္လ ၈ ရက္) မွာ အလႉျပဳလုပ္ေနရင္း ဝရမ္းထြက္ရွိလာတဲ့အတြက္ တစ္မိသားစုလုံး တစ္ေယာက္တစ္ေနရာစီ တိမ္းေရွာင္ေနရေၾကာင္း သ႐ုပ္ေဆာင္ ခင္လႈိင္ရဲ႕ သမီး သဇင္ထူးျမင့္က သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေနတစ္ဆင့္ အသိေပးလိုက္တာ ျဖစ္ပါတယ္။

” အလႉလုပ္ေနရင္း ဝရမ္းထြက္လာလို႔ သဲတို႔မိသားစု တစ္ေယာက္တစ္ေနရာစီ ေရွာင္လိုက္ၾကရပါၿပီ။ အႏုပညာရွင္ေတြကို CDM ေငြေတြလိမ္ပါတယ္ဆိုတဲ့သတင္းနဲ႔တကြတင္ထားတာေတြေတြ႕ေနပါတယ္။ ဝရမ္းေျပးတင္မဟုတ္ ေငြလိမ္သြားတဲ့သူေတြအဆင့္ထိ အရွက္ခြဲခံေနရတာ မိုက္႐ိုင္းလြန္းတယ္၊ အေသြးသားထဲ ထိနာတယ္ေနာ္။ ေလာေလာဆယ္မွာေဖေဖေရာအဆင္ေျပပါ့မလား။

ကိုႀကီးအတြက္လည္း စိတ္ပူေနရတယ္။ ကိုယ္တိုင္လုံၿခဳံဖို႔အတြက္လည္း ပူရျပန္တယ္။ ျပည္သူေတြအားလုံးအတြက္ပူပန္ေနရတယ္။ တစ္ေယာက္တစ္ေနရာစီနဲ႔ဘယ္ေတာ့မ်ားမွ မိသားစုေတြျပန္ဆုံခြင့္ရမွာလဲ။ အေရွ႕ထြက္လို႔မရေပမယ့္လည္း ေနာက္ကြယ္ကေနဆက္ၿပီးအတတ္ႏိုင္ဆုံးလုပ္သြားမယ္ လႉသြားမယ္။ အိမ္ျပန္ခ်င္တဲ့အတြက္ အေရးေတာ္ ပုံေအာင္ကိုေအာင္ရမယ္” ဆိုၿပီးေတာ့ မတ္လ ၈ ရက္ေန႔ ေန႔လယ္ (၃) နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္သူ႔ကို ဝရမ္းထုတ္ထားတယ္ဆိုတာကို သိရွိရဖို႔အတြက္ သဇင္ထူးျမင့္တို႔ မိသားစုကို Duwun က ဆက္သြယ္ဖို႔ ႀကိဳးစားေပမဲ့ လက္ရွိအခ်ိန္အထိ ဆက္သြယ္လို႔ မရရွိေသးပါဘူး။ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ ႏိုင္ငံအႏွံ႔အျပားမွာ အာဏာသိမ္း စစ္ေကာင္စီကို ဆန႔္က်င္ဆႏၵျပမႈမ်ားျပဳလုပ္လ်က္ရွိၿပီး အဆိုပါလႈပ္ရွားမႈေတြထဲမွာ အႏုပညာရွင္အမ်ားအျပားလည္း ပါဝင္လ်က္ရွိပါတယ္။

သ႐ုပ္ေဆာင္လူမင္း၊ သ႐ုပ္ေဆာင္ ေျပတီဦး၊ ဒါ႐ိုက္တာဝိုင္း၊ ဒါ႐ိုက္တာ ကိုေပါက္၊ ဒါ႐ိုက္တာ ဏႀကီး နဲ႔ အဆိုေတာ္ အနဂၢတို႔ဟာ ပုဒ္မ ၅၀၅ (က) ႀကီးနဲ႔ ပထမဆုံးအမႈဖြင့္ခံလိုက္ရတဲ့ အႏုပညာရွင္မ်ားျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔ညမွာ သ႐ုပ္ေဆာင္ လူမင္း ဖမ္းဆီးခံခဲ့ရပါတယ္။ စစ္အာဏာသိမ္္းမႈကို ဆန႔္က်င္ ဆႏၵျပမႈေတြမွာပါဝင္တဲ့ အႏုပညာရွင္ေတြထဲမွာလည္း ထြက္ေျပးတိမ္းေရွာင္ေနရသူေတြ ရွိေနပါတယ္။

DUWUN

unicode

သဇင်ထူးမြင့်နဲ့ မိသားစုတွေကတော့ ဒီကနေ့မှာ ဆန္ဒပြပြည်သူတွေကို အလှူအတန်းတွေ လုပ်ပေးနေရင်း ရုတ်တရက် တိမ်းရှောင်နေလိုက်ရတဲ့ အဖြစ်ကို အခုလို ပြောပြလာပါတယ်။ဒီကနေ့ (မတ်လ ၈ ရက်) မှာ အလှူပြုလုပ်နေရင်း ဝရမ်းထွက်ရှိလာတဲ့အတွက် တစ်မိသားစုလုံး တစ်ယောက်တစ်နေရာစီ တိမ်းရှောင်နေရကြောင်း သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတစ်ဆင့် အသိပေးလိုက်တာ ဖြစ်ပါတယ်။

” အလှူလုပ်နေရင်း ဝရမ်းထွက်လာလို့ သဲတို့မိသားစု တစ်ယောက်တစ်နေရာစီ ရှောင်လိုက်ကြရပါပြီ။ အနုပညာရှင်တွေကို CDM ငွေတွေလိမ်ပါတယ်ဆိုတဲ့သတင်းနဲ့တကွတင်ထားတာတွေတွေ့နေပါတယ်။ ဝရမ်းပြေးတင်မဟုတ် ငွေလိမ်သွားတဲ့သူတွေအဆင့်ထိ အရှက်ခွဲခံနေရတာ မိုက်ရိုင်းလွန်းတယ်၊ အသွေးသားထဲ ထိနာတယ်နော်။ လောလောဆယ်မှာဖေဖေရောအဆင်ပြေပါ့မလား။

ကိုကြီးအတွက်လည်း စိတ်ပူနေရတယ်။ ကိုယ်တိုင်လုံခြုံဖို့အတွက်လည်း ပူရပြန်တယ်။ ပြည်သူတွေအားလုံးအတွက်ပူပန်နေရတယ်။ တစ်ယောက်တစ်နေရာစီနဲ့ဘယ်တော့များမှ မိသားစုတွေပြန်ဆုံခွင့်ရမှာလဲ။ အရှေ့ထွက်လို့မရပေမယ့်လည်း နောက်ကွယ်ကနေဆက်ပြီးအတတ်နိုင်ဆုံးလုပ်သွားမယ် လှူသွားမယ်။ အိမ်ပြန်ချင်တဲ့အတွက် အရေးတော် ပုံအောင်ကိုအောင်ရမယ်” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့ နေ့လယ် (၃) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကို ဝရမ်းထုတ်ထားတယ်ဆိုတာကို သိရှိရဖို့အတွက် သဇင်ထူးမြင့်တို့ မိသားစုကို Duwun က ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ဆက်သွယ်လို့ မရရှိသေးပါဘူး။ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်အများအပြားလည်း ပါဝင်လျက်ရှိပါတယ်။

သရုပ်ဆောင်လူမင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ဟာ ပုဒ်မ ၅၀၅ (က) ကြီးနဲ့ ပထမဆုံးအမှုဖွင့်ခံလိုက်ရတဲ့ အနုပညာရှင်များဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ညမှာ သရုပ်ဆောင် လူမင်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုတွေမှာပါဝင်တဲ့ အနုပညာရှင်တွေထဲမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူတွေ ရှိနေပါတယ်။

DUWUN