News

လူထုေတြနဲ႔ CDM လုပ္ေနသူေတြနဲ႔အတူ ရပ္တည္ကာကြယ္ဖို့ TNLA တပ္ဖြဲ႕ေတြ ေရာက္ရွိလာ

Zawgyi

လူထုေတြနဲ႔ CDM လုပ္ေနသူေတြနဲ႔အတူ ရပ္တည္ကာကြယ္ဖို့ TNLA တပ္ဖြဲ႕ေတြ ေရာက္ရွိလာ

စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပေနတဲ့ လူထုေတြနဲ႔ CDM လုပ္ေနသူေတြနဲ႔အတူ ရပ္တည္ကာကြယ္ဖို့ဆိုၿပီး

တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)တပ္ဖြဲ႕ အင္အား

ရာခ်ီဟာ ကြတ္ခိုင္ၿမိဳ့အနီးကို ေရာက္ရွိလာၾကပါတယ္။

မေန႔ မတ္လ ၇ ရက္ ေန႔လယ္ ၃ နာရီဝန္းက်င္မွာ TNLA တပ္ဖြဲ႕ အင္အား (၃ဝဝ)နီးပါးဟာ ကြတ္ခိုင္ၿမိဳ့

ရပ္ကြက္ ၆၊ ၇ ေတြဖက္ ေရာက္ရွိလာခဲ့တယ္လို့ ေဒသခံတစ္ဦးက ေရႊဖီေျမကို ေျပာပါတယ္။

၎ေဒသခံ ပို့ေပးလာတဲ့ ဗီဒီယိုဖိုင္မွာလည္း လမ္းသြားလမ္းလာ ခရီးသည္ေတြကို ကားေခတၱရပ္ခိုင္းၿပီး

စိုးရိမ္စရာမလိုေၾကာင္း၊ မိမိတို့တပ္ဖြဲ႕အေနနဲ႔ လူထုေတြ၊ CDM လုပ္ေနသူေတြနဲ႔အတူ ရပ္တည္ကာကြယ္ဖို့

လုပ္ေဆာင္ေနတာျဖစ္ေၾကာင္း ေျပာဆိုရွင္းလင္းျပတာကို ေတြ႕ရပါတယ္။

အလားတူ မတ္လ ၅ ရက္ မနက္ ၄ နာရီေက်ာ္ကလည္း လားရွိုးၿမိဳ့နဲ႔ ၅ မိုင္ခန႔္သာေဝးတဲ့

ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ မယ္ဟန္ရြာအထိ TNLA တပ္ဖြဲ႕ ရာခ်ီ ဝင္ေရာက္ခဲ့ပါေသးတယ္။

Mizzima

Unicode

လူထုတွေနဲ့ CDM လုပ်နေသူတွေနဲ့အတူ ရပ်တည်ကာကွယ်ဖို့ TNLA တပ်ဖွဲ့တွေ ရောက်ရှိလာ

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူထုတွေနဲ့ CDM လုပ်နေသူတွေနဲ့အတူ ရပ်တည်ကာကွယ်ဖို့ဆိုပြီး

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့ အင်အား

ရာချီဟာ ကွတ်ခိုင်မြို့အနီးကို ရောက်ရှိလာကြပါတယ်။

မနေ့ မတ်လ ၇ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့ အင်အား (၃ဝဝ)နီးပါးဟာ

ကွတ်ခိုင်မြို့ ရပ်ကွက် ၆၊ ၇ တွေဖက် ရောက်ရှိလာခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၎င်းဒေသခံ ပို့ပေးလာတဲ့ ဗီဒီယိုဖိုင်မှာလည်း လမ်းသွားလမ်းလာ ခရီးသည်တွေကို ကားခေတ္တရပ်ခိုင်းပြီး

စိုးရိမ်စရာမလိုကြောင်း၊ မိမိတို့တပ်ဖွဲ့အနေနဲ့ လူထုတွေ၊ CDM လုပ်နေသူတွေနဲ့အတူ ရပ်တည်ကာကွယ်ဖို့

လုပ်ဆောင်နေတာဖြစ်ကြောင်း ပြောဆိုရှင်းလင်းပြတာကို တွေ့ရပါတယ်။

အလားတူ မတ်လ ၅ ရက် မနက် ၄ နာရီကျော်ကလည်း လားရှိုးမြို့နဲ့ ၅ မိုင်ခန့်သာဝေးတဲ့

ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မယ်ဟန်ရွာအထိ TNLA တပ်ဖွဲ့ ရာချီ ဝင်ရောက်ခဲ့ပါသေးတယ်။

Mizzima