News

ျမန္မာ့နိုင္ငံေရးအေျခအေနအေပၚ တ႐ုတ္သေဘာထား တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးေျပာ

ျမန္မာနိုင္ငံမွာ ဘယ္လိုေျပာင္းလဲမွုေတြပဲရွိရွိ တ႐ုတ္နိုင္ငံဘက္က တ႐ုတ္ -ျမန္မာ ဆက္ဆံေရး

ျမႇင့္တင္ဖို့ထားရွိတဲ့ သႏၷိ႒ာန္ ယိမ္းယိုင္မွာ မဟုတ္ဘူးလို့ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး H.E. Mr. Wang Yiရဲ့

ေျပာဆိုခ်က္ကို ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ဒီေန႔ ထပ္ဆင့္သတင္း ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာနိုင္ငံဟာ အာဆီယံမိသားစုအဖြဲ႕ဝင္နိုင္ငံ ျဖစ္ၿပီး အာဆီယံအေနနဲ႔ တစ္ဖက္နိုင္ငံက ျပည္ထဲေရးရာ

ကိစၥေတြကို ဝင္ေရာက္စြက္ဖက္တာမ်ိဳးမလုပ္ဘဲ ေဆြးေႏြးညႇိႏွိုင္း သေဘာတူညီျခင္းမူကို စြဲကိုင္ထားလို့

အာဆီယံနည္းနဲ႔ ဘုံသေဘာတူညီခ်က္ရေအာင္ ၾကားဝင္ေစ့စပ္ဖို့ကို တ႐ုတ္ဘက္က ေထာက္ခံတယ္လို့ ဆိုပါတယ္။

မတ္လ (၇) ရက္ေန႔ မေန႔က က်င္းပတဲ့ (၁၃) ႀကိမ္ေျမာက္ တ႐ုတ္အမ်ိဳးသား ျပည္သူ႔ ကြန္ဂရက္ (NPC)

စတုတၳအႀကိမ္အစည္းအေဝးသတင္းစာရွင္းလင္းပြဲမွာ ျမန္မာနိုင္ငံနဲ႔ ပတ္သက္ၿပီး နိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ဟာ NLD ပါတီအပါအဝင္ ျမန္မာ့နိုင္ငံေရးပါတီအမ်ားအျပားနဲ႔ ႏွစ္ရွည္လမ်ား ဆက္ဆံခဲ့ၿပီး ျဖစ္တယ္လို့

ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ အေရးအႀကီးဆုံးက ေသြးထြက္ သံယိုမွုေတြ ေနာက္ထပ္မျဖစ္ေအာင္

ႀကိဳတင္ကာကြယ္ဖို့နဲ႔ အေျခအေန တင္းမာမွု အျမန္ဆုံးေျဖေလၽွာ့ေရး ျဖစ္တယ္လို့ တ႐ုတ္က သူ႔သေဘာထားကို ေျပာပါတယ္။

တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္ရြက္မွုကို ျမႇင့္တင္ဖို့ဆိုတဲ့ ဦးတည္ခ်က္လည္း ေျပာင္းလဲမွာ မဟုတ္ဘူးလို့ ဆိုပါတယ္။

ျပည္သူေတြရဲ့ အက်ိဳးစီးပြားအတြက္ ပဋိပကၡနဲ႔ သေဘာထား ကြဲလြဲမွုေတြကို ဖြဲ႕စည္းပုံအေျခခံဥပေဒ၊

တည္ဆဲဥပေဒေတြနဲ႔ ညႇိႏွိုင္းေဆြးေႏြးၿပီး ဒီမိုကေရစီ အသြင္ကူးေျပာင္းဖို့ တ႐ုတ္ဘက္က

ေမၽွာ္လင့္ေၾကာင္းလည္း ထည့္သြင္း ေျပာထားပါတယ္။

( ပုံစာ- တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး H.E. Mr. Wang Yi ကို ျမင္ေတြ႕ရစဥ္)

unicode

မြန်မာနိုင်ငံမှာ ဘယ်လိုပြောင်းလဲမှုတွေပဲရှိရှိ တရုတ်နိုင်ငံဘက်က တရုတ် -မြန်မာ ဆက်ဆံရေး

မြှင့်တင်ဖို့ထားရှိတဲ့ သန္နိဋ္ဌာန် ယိမ်းယိုင်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yiရဲ့

ပြောဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့ ထပ်ဆင့်သတင်း ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံမိသားစုအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အာဆီယံအနေနဲ့ တစ်ဖက်နိုင်ငံက ပြည်ထဲရေးရာ

ကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဘဲ ဆွေးနွေးညှိနှိုင်း သဘောတူညီခြင်းမူကို စွဲကိုင်ထားလို့

အာဆီယံနည်းနဲ့ ဘုံသဘောတူညီချက်ရအောင် ကြားဝင်စေ့စပ်ဖို့ကို တရုတ်ဘက်က ထောက်ခံတယ်လို့ ဆိုပါတယ်။

မတ်လ (၇) ရက်နေ့ မနေ့က ကျင်းပတဲ့ (၁၃) ကြိမ်မြောက် တရုတ်အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC)

စတုတ္ထအကြိမ်အစည်းအဝေးသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ NLD ပါတီအပါအဝင် မြန်မာ့နိုင်ငံရေးပါတီအများအပြားနဲ့ နှစ်ရှည်လများ ဆက်ဆံခဲ့ပြီး ဖြစ်တယ်လို့

ပြောပါတယ်။ လက်ရှိအချိန်မှာ အရေးအကြီးဆုံးက သွေးထွက် သံယိုမှုတွေ နောက်ထပ်မဖြစ်အောင်

ကြိုတင်ကာကွယ်ဖို့နဲ့ အခြေအနေ တင်းမာမှု အမြန်ဆုံးဖြေလျှော့ရေး ဖြစ်တယ်လို့ တရုတ်က သူ့သဘောထားကို ပြောပါတယ်။

တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ဆိုတဲ့ ဦးတည်ချက်လည်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ပဋိပက္ခနဲ့ သဘောထား ကွဲလွဲမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊

တည်ဆဲဥပဒေတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ တရုတ်ဘက်က

မျှော်လင့်ကြောင်းလည်း ထည့်သွင်း ပြောထားပါတယ်။

( ပုံစာ- တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ကို မြင်တွေ့ရစဉ်)