News
unicode
မနက်ဈေးဆိုင်သိမ်းပြီး အိမ်ပြန်တဲ့ အမျိုးသမီးကို Facebook တွင် share ထားသော ပို့စ်များကြည့်ပြီး တရားစွဲ
မြစ်ကြီးနား ၊စီတာပူရပ်ကွက် မနက် ဈေးဆိုင်သိမ်းပြီး ပြန်လာသည့် မဆိုင်းပန်ကို မတ်လ ၇ ရက် နေ့.
နံနက် ၁၀ နာရီခွဲချိန် အရပ်ဝတ်ဖြင့် လူ ၃ ဦးက ဖမ်းဆီး ကြောင့် သိရသည်။
လက်ရှိအချိန်တွင် သူမကို အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားပြီ
း ပုဒ်မ ( ၅၀၅) က ဖြင့် တရားစွဲထား ကြောင်းသိရသည်။
” Facebook မှာ share ထားတဲ့ ပို့စ်တွေကိုကြည့်ပြီး တရားစွဲထားတာတဲ့။ အချုပ်ခန်းမှာ မိန်းကလးတစ်ယောက်ထဲ
အိပ်ရတာ။ ကျွန်မညီမက ဆန္ဒပြသွားတာလည်းမဟုတ်ပါဘူး” ဟု မဆိုင်းပန်အစ်မကပြောသည်။
ဆက်လက်ပြီး ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အစ်မဖြစ်သူက ယခုကဲ့သို့ရှင်းပြပြောဆိုသည်။”
ကျွန်မနဲ့အတူဟုတ်တယ် ကျွန်မ ညီမက ဆိုင်သော့ခတ်နေတော့ နောက်မှထွက်လာချိန် ရဲတ ယောက်က..
အရင်တားတယ် ဘယ်သွားမလို့လဲ ပေါ့ ညီမက ဆိုင်သိမ်းပြီးပြန်လာတယ် ပေါ့။
ဘေးနားကဆိုင် တွေလည်း ထောက်လျှာက်သိမ်း တော့ သူတို့လည်း ပြောပေးကြတယ် အဲဒီချိန် ရဲကသွားသွားလို့
ပြောလိုက် တော့ ဘက်ထရီဘီးနဲ့ ၃ လမ်းလောက်သွားတဲ့ချိန် အရပ်ဝတ် ၃ ယောက်က ကျောပိုးအိတ်ကို ဆောင့်ဆွဲပြီးမှ
ဖုန်း တွေစစ်ပြီး ဖမ်းသွားတာ ” ဟု ဖမ်းဆီးခံရသူ မဆိုင်းပန် အစ်မက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
မဆိုင်းပန်သည် အပြင်ပုဂ္ဂလိက ဆေးဝန်ထမ်း တစ်ဦးလည်းဖြစ် ကြောင်းသိရသည်။
Myintkyina News Journal