News

CDM ဝန္ထမ္းမ်ားအတြက္ ေထာက္ပံ့ေငြက်ပ္သိန္းေပါင္းေသာင္းခ်ီရရွိထား

စစ္တပ္အာဏာသိမ္းလုပ္ရပ္ကို ကန႔္ကြက္ရႈတ္ခ်တဲ့အေနနဲ႔ အာဏာဖီဆန္ေရး လႈပ္ရွားမႈ(CDM) မွာ

ပါဝင္ေနၾကတဲ့ တိုင္းနဲ႔ ျပည္နယ္အသီးသီးက ဝန္ထမ္းေတြအတြက္ ဝိုင္းႀကီးခ်ဳပ္ CDM

ေထာက္ပံ့ေရးအဖြဲ႕အစည္းေတြက ေထာက္ပံ့ေပးႏိုင္ခဲ့တဲ့ ေငြစာရင္း အက်ဥ္းခ်ဳပ္ကို ထုတ္ျပန္ထားပါတယ္။

အဆိုပါ စာရင္းထဲမွာေတာ့ မတ္ ၃ ရက္ေန႔အထိ ေထာက္ပံ့ေပးႏိုင္ခဲ့တဲ့ ျပည္သူ႔ဝန္ ထမ္းစုစုေပါင္း

၉၇၆၂ ေယာက္နဲ႔ ေကာက္ခံရရွိတဲ့အလႉေငြက်ပ္သိန္းေပါင္း ၁၂၇၀၈ သိန္း ဝန္းက်င္၊

ေထာက္ပံ့ေငြက်ပ္သိန္းေပါင္း ၁၁၄၆၅ သိန္းဝန္းက်င္ရွိခဲ့ေၾကာင္း ေဖာ္ျပထားတာပါ။

CDM ဝန္ထမ္းေတြကို ေထာက္ပံ့ကူညီေပးဖို႔အတြက္ ဝိုင္းႀကီးခ်ဳပ္ မိတ္ဖက္အဖြဲ႕ အ စည္းေတြအေနနဲ႔

21 Savage MM ၊ CDM Doctor Network ၊ GO FUND ME ၊ ၂ /၂၀၂၁ ခိုင္ၿမဲေသာလက္မ်ား ၊

Funding 4 #CDM ၊ For Our People ၊ Myanmar Resistance ၊ We Support Heroes ၊

Padamyar Group ၊ GWSM – Get Well Soon Myanmar Platform ၊ ပီတိ – PiTi ၊

Together We Win ၊ Connect 21 ၊ We Pledge CDM ၊ CDM Call Center ၊ Iris for Wisdom, Hope,

Trust, Valor ၊ CDM Medium ၊ ႐ုန္းထြက္စို႔ ၊ ထိုးမုန႔္လူငယ္မ်ားအဖြဲ႕စတဲ့ အဖြဲ႕ ၁၉ ဖြဲ႕ပါဝင္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္က ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္ အ တိုင္ပင္ခံပုဂၢိဳလ္

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစိုးရေခါင္းေဆာင္ေတြကို စစ္တပ္က ဖမ္းဆီး အာဏာသိမ္းယူလိုက္ၿပီး ေနာက္တေန႔မွာပဲ

အာဏာဖီဆန္ေရးလႈပ္ရွားမႈကို ေဆးေလာကသားေတြက စတင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ႏိုင္ငံတဝန္းၿမိဳ႕ေတြမွာ

ဌာနေပါင္းစုံ ျပည္သူ႔ဝန္ထမ္းေတြ၊ အႏုပညာရွင္ေတြ၊ ျပည္သူေတြကပါ ပူးေပါင္းပါဝင္ လႈပ္ရွား ေနၾကတာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ CDM ဝန္ထမ္းေတြကို ေထာက္ပံ့ကူညီေပးႏိုင္ဖို႔ လက္က်န္ ေငြက်ပ္သိန္းေပါင္း

၁၂၀၄၂ သိန္း ဝန္းက်င္ ထပ္မံေထာက္ပံ့ေပး ဖို႔ လ်ာထားေငြေၾကးပမာဏကေတာ့ က်ပ္သိန္းေပါင္း

၁၄၆၄၃ သိန္းဝန္းက်င္ ရွိေနတယ္လို႔ ဆိုပါတယ္။

လတ္တေလာအေနအထားအရ CDM ျပဳလုပ္ေနတဲ့ ျပည္သူ႔ဝန္ထမ္းေတြရဲ႕ စာ ရင္းကိုလည္း

ဝိုင္းႀကီးခ်ဳပ္မိတ္ဖက္အဖြဲ႕အစည္းေတြက CRPH နဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္အ ဖြဲ႕အစည္းေတြကို

ခ်ိတ္ဆက္ၿပီး စနစ္တက်ျပဳလုပ္ေနတာျဖစ္တဲ့အတြက္ စာရင္းထပ္တာ၊ စာရင္းက်န္တာမ်ိဳးေတြအတြက္လည္း

အလြန္အမင္း စိုးရိမ္ပူပန္ၾကတာမ်ိဳးမျပဳလုပ္ၾကဖို႔ လည္း ေတာင္းဆိုထားပါတယ္။

DVB

unicode

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာ

ပါဝင်နေကြတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ထမ်းတွေအတွက် ဝိုင်းကြီးချုပ် CDM

ထောက်ပံ့ရေးအဖွဲ့အစည်းတွေက ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ငွေစာရင်း အကျဉ်းချုပ်ကို ထုတ်ပြန်ထားပါတယ်။

အဆိုပါ စာရင်းထဲမှာတော့ မတ် ၃ ရက်နေ့အထိ ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ပြည်သူ့ဝန် ထမ်းစုစုပေါင်း

၉၇၆၂ ယောက်နဲ့ ကောက်ခံရရှိတဲ့အလှူငွေကျပ်သိန်းပေါင်း ၁၂၇၀၈ သိန်း ဝန်းကျင်၊

ထောက်ပံ့ငွေကျပ်သိန်းပေါင်း ၁၁၄၆၅ သိန်းဝန်းကျင်ရှိခဲ့ကြောင်း ဖော်ပြထားတာပါ။

CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးဖို့အတွက် ဝိုင်းကြီးချုပ် မိတ်ဖက်အဖွဲ့ အ စည်းတွေအနေနဲ့

21 Savage MM ၊ CDM Doctor Network ၊ GO FUND ME ၊ ၂ /၂၀၂၁ ခိုင်မြဲသောလက်များ ၊

Funding 4 #CDM ၊ For Our People ၊ Myanmar Resistance ၊ We Support Heroes ၊

Padamyar Group ၊ GWSM – Get Well Soon Myanmar Platform ၊ ပီတိ – PiTi ၊

Together We Win ၊ Connect 21 ၊ We Pledge CDM ၊ CDM Call Center ၊ Iris for Wisdom, Hope,

Trust, Valor ၊ CDM Medium ၊ ရုန်းထွက်စို့ ၊ ထိုးမုန့်လူငယ်များအဖွဲ့စတဲ့ အဖွဲ့ ၁၉ ဖွဲ့ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ

အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ

ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ လက်ကျန် ငွေကျပ်သိန်းပေါင်း

၁၂၀၄၂ သိန်း ဝန်းကျင် ထပ်မံထောက်ပံ့ပေး ဖို့ လျာထားငွေကြေးပမာဏကတော့ ကျပ်သိန်းပေါင်း

၁၄၆၄၃ သိန်းဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောအနေအထားအရ CDM ပြုလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ စာ ရင်းကိုလည်း

ဝိုင်းကြီးချုပ်မိတ်ဖက်အဖွဲ့အစည်းတွေက CRPH နဲ့ သက်ဆိုင်ရာ မြို့နယ်အ ဖွဲ့အစည်းတွေကို

ချိတ်ဆက်ပြီး စနစ်တကျပြုလုပ်နေတာဖြစ်တဲ့အတွက် စာရင်းထပ်တာ၊ စာရင်းကျန်တာမျိုးတွေအတွက်လည်း

အလွန်အမင်း စိုးရိမ်ပူပန်ကြတာမျိုးမပြုလုပ်ကြဖို့ လည်း တောင်းဆိုထားပါတယ်။

DVB