နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးစီးတည်ထောင်သူ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ
(ခ ဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့်
ဝန်ထမ်းများကိုကူညီ၍ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် မရမ်းကုန်းမြို့မစခန်းတွင်
အမှုဖွင့်ထားကြောင်း စစ်ကောင်စီက မတ် ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
နာကူရုံးကို မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးရှာဖွေခဲ့ရာ ရုံးတွင်းပစ္စည်းနှင့်..
ဝန်ထမ်းတချို့ကို ရိုက်နှက်ခဲ့သေးသည်။ ယင်းနေ့တွင် ဦးကျော်သူတို့ ဇနီးမောင်နှံကိုမတွေ့ရှိသဖြင့်
စစ်ဆေးစရာ စာရွက်များရရှိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
CDM ဝန်ထမ်းများကို ထောက်ပံ့ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၄၉၈ ဦး
တို့ထံမှ ဖေဖော်ဝါရီ ပထမ အပတ်မှ မတ်လ ၃ ရက်အထိ ငွေသိန်းခြောက်ထောင့်တစ်ရာကျော်
(US 20670) လက်ခံခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲသည်။
သိန်း နှစ်သောင်း ကျော်ထည့်ဝင်ထားသော Fix Deposit ဘဏ်အကောင့် ၆ ခုကိုလည်းတွေ့ရှိခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီစွပ်စွဲထားသည့် ဘဏ်သတင်းအချက်အလက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြနိုင်ခြင်းမရှိပါ။
လက်ခံရရှိငွေများကို ဝန်ထမ်းပေါင်း ၂၀၀၈ ဦးအထိ (ကျပ် ၁ သိန်းမှ ၂သိန်းအထိ) သိန်း ၂၈၀၀ ကျော်
ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကွန်တိန်နာယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများကိုပါ CDM လုပ်ဆောင်ရန်
တိုက်တွန်းချက်များရှိသည်ကို တွေ့ရှိကြောင်းဖော်ပြထားသည်။
နာကူဦးကျော်သူသည် အမြတ်အစွန်းမပါသော လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်ချက်ကြောင့်
၂၀၁၅ ခုနှစ်တွင် အာရှတိုက်၏ နိုဘယ်ဆုဟု တင်စားခံရသော ရာမွန်မက်ဆေးဆေး
(Ramon Magsaysay) ဆုရရှိထားသူလည်းဖြစ်သည်။
Mizzima
zawgyi
နာေရးကူညီမႈအသင္း (ရန္ကုန္) ဦးစီးတည္ေထာင္သူ ဦးေက်ာ္သူႏွင့္ ဇနီးျဖစ္သူ ေဒၚျမင့္ျမင့္ခင္ေဖ
(ခ ေဒၚေ႐ႊဇီးကြက္တို႔ကို စစ္ေကာင္စီဆန႔္က်င္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္သည့္
ဝန္ထမ္းမ်ားကိုကူညီ၍ စစ္ေကာင္စီက ပုဒ္မ ၅၀၅ (က) ျဖင့္ မရမ္းကုန္းၿမိဳ႕မစခန္းတြင္
အမႈဖြင့္ထားေၾကာင္း စစ္ေကာင္စီက မတ္ ၇ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။
နာကူ႐ုံးကို မတ္လ ၃ ရက္ေန႔တြင္ စစ္ေကာင္စီက ဝင္ေရာက္စီးနင္းၿပီးရွာေဖြခဲ့ရာ ႐ုံးတြင္းပစၥည္းႏွင့္..
ဝန္ထမ္းတခ်ိဳ႕ကို ႐ိုက္ႏွက္ခဲ့ေသးသည္။ ယင္းေန႔တြင္ ဦးေက်ာ္သူတို႔ ဇနီးေမာင္ႏွံကိုမေတြ႕ရွိသျဖင့္
စစ္ေဆးစရာ စာ႐ြက္မ်ားရရွိခဲ့သည္ဟု စစ္ေကာင္စီက ဆိုသည္။
CDM ဝန္ထမ္းမ်ားကို ေထာက္ပံ့ရန္ ျပည္တြင္းျပည္ပ ကုမၸဏီအဖြဲ႕အစည္းႏွင့္ လူပုဂၢိဳလ္ စုစုေပါင္း ၄၉၈ ဦး
တို႔ထံမွ ေဖေဖာ္ဝါရီ ပထမ အပတ္မွ မတ္လ ၃ ရက္အထိ ေငြသိန္းေျခာက္ေထာင့္တစ္ရာေက်ာ္
(US 20670) လက္ခံခဲ့ေၾကာင္း စစ္ေကာင္စီက စြပ္စြဲသည္။
သိန္း ႏွစ္ေသာင္း ေက်ာ္ထည့္ဝင္ထားေသာ Fix Deposit ဘဏ္အေကာင့္ ၆ ခုကိုလည္းေတြ႕ရွိခဲ့သည္ဟုဆိုသည္။
စစ္ေကာင္စီစြပ္စြဲထားသည့္ ဘဏ္သတင္းအခ်က္အလက္ကို မဇၩိမအေနျဖင့္ သီးျခားအတည္ျပႏိုင္ျခင္းမရွိပါ။
လက္ခံရရွိေငြမ်ားကို ဝန္ထမ္းေပါင္း ၂၀၀၈ ဦးအထိ (က်ပ္ ၁ သိန္းမွ ၂သိန္းအထိ) သိန္း ၂၈၀၀ ေက်ာ္
ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ ကြန္တိန္နာယာဥ္ေမာင္းမ်ား၊ မီးရထားဝန္ထမ္းမ်ားကိုပါ CDM လုပ္ေဆာင္ရန္
တိုက္တြန္းခ်က္မ်ားရွိသည္ကို ေတြ႕ရွိေၾကာင္းေဖာ္ျပထားသည္။
နာကူဦးေက်ာ္သူသည္ အျမတ္အစြန္းမပါေသာ လူမႈကူညီေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခ်က္ေၾကာင့္
၂၀၁၅ ခုႏွစ္တြင္ အာရွတိုက္၏ ႏိုဘယ္ဆုဟု တင္စားခံရေသာ ရာမြန္မက္ေဆးေဆး
(Ramon Magsaysay) ဆုရရွိထားသူလည္းျဖစ္သည္။
Mizzima