News

MRTV ကသတင်းဖတ်သူမသင်းသင်းစိုးကလဲပြတ်သားစွာပြောလိုက်ပါပီ….

ကျွန်မ သင်းသင်းစိုးMRTVကို ၂၀၁၆ ခုနှစ် (၇)လပိုင်းကစပြီးအလုပ်ဝင်ခဲ့ပါတယ်။

ကိုယ့်လိုပဲ အတူတူဝင်ကြတဲ့လူတွေ အများကြီးပါ။

ဌာနတွေခွဲကြတော့ ကျွန်မက သတင်းဖတ်ရမယ့် နေရာကိုရောက်ပါတယ်။

ဘယ်လူကြီးနဲ့မှလည်း မသိသလိုဘယ်လူကြီးမှလည်းမဖားခဲ့ဖူးပါ။

ယုတ်စွအဆုံး လက်ဆောင်အသေးလေးကစဘာလက်ဆောင်မှတောင် မပေးခဲ့ဖူးပါ။

သတင်းဖတ်တာအစောကတည်းကဝါသနာပါလားဆိုတော့အမှန်အတိုင်းပြောရရင်ရူးသွပ်တဲ့အထိ မဖြစ်ခဲ့ဘူး။

ဖတ်ရင်းနဲ့ ကိုယ့်အလုပ်မှာပျော်မွေ့လာတယ်ချစ်လာတယ်။

ကိုယ့်နယ်လေးနဲ့ ပတ်သက်တဲ့သတင်းလေးများပါလာရင်ဖတ်ရတာ ပိုပြီးပျော်တယ်။

သတင်းဖတ်တဲ့အလုပ်ကိုတော့ဖေဖော်ဝါရီလ ၉ရက်နေ့ကနောက်ဆုံးအဖြစ်ဖတ်ခဲ့တာဖြစ်ပါတယ်။

ကျွန်မသည်CDMလုပ်တာ မဟုတ်ပါ

အပြီးတိုင် အလုပ်ထွက်တာဖြစ်ပါတယ်။

( ထပ်ပြောပါမယ်အပြီးတိုင်အလုပ်ထွက်တာပါ )

Bye Bye

MRTV ရေ…

zawgyi













Bye Bye

MRTV ရေ…