News

CDM မွာပါဝင္သည့္ ရဲ၊ စစ္သားႏွင့္ ဝန္ထမ္းမ်ားကို ေကအန္ယူက ခိုလႈံခြင့္ေပးမည္

CDM မွာပါဝင္သည့္ ရဲ၊ စစ္သားႏွင့္ ဝန္ထမ္းမ်ားကို ေကအန္ယူက ခိုလႈံခြင့္ေပးမည္

အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မွာ ပါဝင္တဲ့ ရဲ၊ စစ္သားေတြ အပါအဝင္ ႏိုင္ငံ့ဝန္ထမ္းေတြ

အႏၲရာယ္ရွိရင္ ခိုလႈံႏိုင္ေအာင္ ကူညီေပးဖို႔ အသင့္ရွိတယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး

(KNU) အေထြေထြအတြင္းေရးမႉးခ်ဳပ္ ပဒိုေစာတာဒိုမူးက ေျပာပါတယ္။

ျမန္မာႏိုင္ငံတဝန္းမွာ အာဏာသိမ္းစစ္အုပ္စုကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြ အရွိန္အဟုန္နဲ

႔ဆက္လက္ျဖစ္ပြားေနသလို စစ္အာဏာရွင္ရဲ႕ ကြၽန္အျဖစ္ အလုပ္ခိုင္းေစမခံလိုတဲ့ ဝန္ႀကီးဌာနေပါင္းစုံက

ဝန္ထမ္းေတြကလည္း အာဏာဖီဆန္ CDM လုပ္ေဆာင္ေနၾကရာမွာ .

ရဲတပ္ဖြဲ႕ဝင္ေတြလည္း တေန႔တျခားပိုမို ပူးေပါင္းပါဝင္လာေနၾကတာပါ။

တဖက္မွာ အာဏာသိမ္းစစ္ေကာင္စီကလည္း CDM လုပ္တဲ့ ဝန္ထမ္းေတြကို ဖိအားေပးတာ ၊

ရဲနဲ႔စစ္တပ္က လိုက္လံဖမ္းဆီးေနတာ၊ တရားစြဲေထာင္ခ်တာေတြလည္း ရွိေနတဲ့ အတြက္

CDM ဝန္ထမ္းေတြကို အကာအကြယ္ေပးဖို႔လိုအပ္ေနတာျဖစ္ပါတယ္။

CRPH ရဲ႕ ႏိုင္ငံတကာဆက္ဆံေရးတာဝန္ခံ ဦးထင္လင္းေအာင္ကလည္း “CDM မွာပါဝင္တဲ့ ရဲနဲ႔ စစ္သားေတြ

အႏၲရာယ္ရွိတယ္ထင္ရင္ နီးစပ္ရာ တိုင္းရင္းသား လက္နက္ကိုင္ေတြထံ သြားေရာက္ခိုလႈံပါ ၊

အာမခံခ်က္အျပည့္ေပးေၾကာင္း သက္ဆိုင္ရာက သတင္းပို႔လာတဲ့အတြက္ အျမန္အေၾကာင္းၾကား အပ္ပါတယ္၊

လုံၿခဳံေရးအတြက္ အျပည့္ တာဝန္ယူပါတယ္” လို႔ သူ႔ရဲ႕ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္မွာ မတ္ ၇ ရက္ေန႔က ေရးသားထားပါတယ္။

CDM ဝန္ထမ္းေတြကို ခိုလႈံခြင့္ေပးဖို႔ကိစၥနဲ႔ ပတ္သက္ၿပီး ေကအန္ယူနဲ႔ CRPHရဲ႕ ကုလသမဂၢကိုယ္စားလွယ္

ေဒါက္တာဆာဆာနဲ႔ ေတြ႕ဆုံစဥ္က သီးျခားေဆြးေႏြးခဲ့တာ မရွိေပမယ့္ KNU အေနနဲ႔ CDM ကို

ေထာက္ခံတာေၾကာင့္ CDM လုပ္တဲ့ ဝန္ထမ္းေတြကို ကူညီေပးႏိုင္တယ္လို႔ ေျပာပါတယ္။

DVB

unicode

CDM မှာပါဝင်သည့် ရဲ၊ စစ်သားနှင့် ဝန်ထမ်းများကို ကေအန်ယူက ခိုလှုံခွင့်ပေးမည်

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ရဲ၊ စစ်သားတွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ

အန္တရာယ်ရှိရင် ခိုလှုံနိုင်အောင် ကူညီပေးဖို့ အသင့်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး

(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ

့ဆက်လက်ဖြစ်ပွားနေသလို စစ်အာဏာရှင်ရဲ့ ကျွန်အဖြစ် အလုပ်ခိုင်းစေမခံလိုတဲ့ ဝန်ကြီးဌာနပေါင်းစုံက

ဝန်ထမ်းတွေကလည်း အာဏာဖီဆန် CDM လုပ်ဆောင်နေကြရာမှာ .

ရဲတပ်ဖွဲ့ဝင်တွေလည်း တနေ့တခြားပိုမို ပူးပေါင်းပါဝင်လာနေကြတာပါ။

တဖက်မှာ အာဏာသိမ်းစစ်ကောင်စီကလည်း CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဖိအားပေးတာ ၊

ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးနေတာ၊ တရားစွဲထောင်ချတာတွေလည်း ရှိနေတဲ့ အတွက်

CDM ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးထင်လင်းအောင်ကလည်း “CDM မှာပါဝင်တဲ့ ရဲနဲ့ စစ်သားတွေ

အန္တရာယ်ရှိတယ်ထင်ရင် နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေထံ သွားရောက်ခိုလှုံပါ ၊

အာမခံချက်အပြည့်ပေးကြောင်း သက်ဆိုင်ရာက သတင်းပို့လာတဲ့အတွက် အမြန်အကြောင်းကြား အပ်ပါတယ်၊

လုံခြုံရေးအတွက် အပြည့် တာဝန်ယူပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ မတ် ၇ ရက်နေ့က ရေးသားထားပါတယ်။

CDM ဝန်ထမ်းတွေကို ခိုလှုံခွင့်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူနဲ့ CRPHရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်

ဒေါက်တာဆာဆာနဲ့ တွေ့ဆုံစဉ်က သီးခြားဆွေးနွေးခဲ့တာ မရှိပေမယ့် KNU အနေနဲ့ CDM ကို

ထောက်ခံတာကြောင့် CDM လုပ်တဲ့ ဝန်ထမ်းတွေကို ကူညီပေးနိုင်တယ်လို့ ပြောပါတယ်။

DVB