International News

အရပ္သားအစိုးရလက္ထက္တြင္ တ႐ုတ္ေႂကြးၿမီ ၂၆ ရာခိုင္ႏႈန္း ေလ်ာ့က်

အရပ္သားအစိုးရလက္ထက္တြင္ တ႐ုတ္ေႂကြးၿမီ ၂၆ ရာခိုင္ႏႈန္း ေလ်ာ့က်

ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ဦး ေဆာင္ေသာ အရပ္သားအစိုးရ လက္ထက္တြင္

တ႐ုတ္အေပၚ စီးပြားေရးမွီခိုမႈ ေလ်ာ့က်ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့သည္ဟု အ ခ်က္အလက္မ်ားက ျပသေနသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ဦးေဆာင္ေသာ အစိုးရ လက္ထက္တြင္

အေနာက္ႏိုင္ငံ မ်ားႏွင့္ စီးပြားေရးခ်ိတ္ဆက္မႈမ်ား တိုးခ်ဲ႕ႏိုင္ျခင္းေၾကာင့္

တ႐ုတ္သို႔ တင္ေနေသာ အေႂကြး ၂၆ ရာခိုင္ ႏႈန္းေလ်ာ့က်ခဲ့သည္။

ထို႔အျပင္ အေနာက္ႏိုင္ငံ မ်ားႏွင့္ ကုန္သြယ္မႈတိုးလာၿပီး တ႐ုတ္ႏွင့္ကုန္သြယ္ေရးလိုေငြျပ မႈေလ်ာ့နည္းခဲ့သည္။

ကမာၻ႔ဘဏ္၏ေဖာ္ျပခ်က္ အရ ၂၀၁၉ ႏွစ္ကုန္၌ တ႐ုတ္သို႔ တင္ေနေသာ ျမန္မာ၏အေႂကြး သည္

ကန္ေဒၚလာ ၃ ဒသမ ၃၄ ဘီလီယံရွိခဲ့ၿပီး NLD အစိုးရတက္ မလာမီ

၂၀၁၅ ႏွစ္ကုန္ကထက္ ၂၆ ရာခိုင္ႏႈန္းေလ်ာ့က်ျခင္းျဖစ္ သည္။

တ႐ုတ္အေပၚ မွီခိုရေသာ ကေမာၻဒီးယားႏွင့္ လာအိုတြင္ ယင္းကာလတူအတြင္း တ႐ုတ္သို႔ ေႂကြးတင္မႈ

၃၄ ရာခိုင္ႏႈန္းႏွင့္ ၇၂ ရာခိုင္ႏႈန္းတိုးခဲ့သည္။ေဖေဖာ္ဝါရီ ၁ ရက္က အာ ဏာသိမ္းမႈကို တုံ႔ျပန္သည့္အေန ျဖင့္

အေနာက္ႏိုင္ငံမ်ားက ျမန္မာ အေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ် မွတ္ထားရာ

တပ္မေတာ္ ေခါင္းေဆာင္မ်ား အႀကီးအက်ယ္ အထိနာေနသည္။

တ႐ုတ္အစိုးရသည္ ၂၀၁၃ က သမၼတစီက်င္းပင္ အဆိုျပဳခဲ့ ေသာ ‘ခါးပတ္တစ္ကြင္းလမ္းတစ္ စင္း’

ဧရာမစီမံကိန္းေဖာ္ေဆာင္ ရန္ အေရွ႕ေတာင္အာရွကို အေရး ပါသည့္ေဒသအျဖစ္ ရႈျမင္ၿပီး

၂၀၁၃ ေနာက္ပိုင္းအာဆီယံ ၁၀ ႏိုင္ငံတြင္ ယင္းစီမံကိန္းႏွင့္ဆက္ စပ္၍

ကန္ေဒၚလာ ၃၀၄ ဒသမ ၁ ဘီလီယံအထိ ရင္းႏွီးျမႇဳပ္ႏွံထား သည္။

7Day

unicode

အရပ်သားအစိုးရလက်ထက်တွင် တရုတ်ကြွေးမြီ ၂၆ ရာခိုင်နှုန်း လျော့ကျ

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော အရပ်သားအစိုးရ လက်ထက်တွင်

တရုတ်အပေါ် စီးပွားရေးမှီခိုမှု လျော့ကျအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု အ ချက်အလက်များက ပြသနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဦးဆောင်သော အစိုးရ လက်ထက်တွင်

အနောက်နိုင်ငံ များနှင့် စီးပွားရေးချိတ်ဆက်မှုများ တိုးချဲ့နိုင်ခြင်းကြောင့်

တရုတ်သို့ တင်နေသော အကြွေး ၂၆ ရာခိုင် နှုန်းလျော့ကျခဲ့သည်။

ထို့အပြင် အနောက်နိုင်ငံ များနှင့် ကုန်သွယ်မှုတိုးလာပြီး တရုတ်နှင့်ကုန်သွယ်ရေးလိုငွေပြ မှုလျော့နည်းခဲ့သည်။

ကမ္ဘာ့ဘဏ်၏ဖော်ပြချက် အရ ၂၀၁၉ နှစ်ကုန်၌ တရုတ်သို့ တင်နေသော မြန်မာ၏အကြွေး သည်

ကန်ဒေါ်လာ ၃ ဒသမ ၃၄ ဘီလီယံရှိခဲ့ပြီး NLD အစိုးရတက် မလာမီ

၂၀၁၅ နှစ်ကုန်ကထက် ၂၆ ရာခိုင်နှုန်းလျော့ကျခြင်းဖြစ် သည်။

တရုတ်အပေါ် မှီခိုရသော ကမ္ဘောဒီးယားနှင့် လာအိုတွင် ယင်းကာလတူအတွင်း တရုတ်သို့ ကြွေးတင်မှု

၃၄ ရာခိုင်နှုန်းနှင့် ၇၂ ရာခိုင်နှုန်းတိုးခဲ့သည်။ဖေဖော်ဝါရီ ၁ ရက်က အာ ဏာသိမ်းမှုကို တုံ့ပြန်သည့်အနေ ဖြင့်

အနောက်နိုင်ငံများက မြန်မာ အပေါ် ပိတ်ဆို့အရေးယူမှုများ ချ မှတ်ထားရာ

တပ်မတော် ခေါင်းဆောင်များ အကြီးအကျယ် အထိနာနေသည်။

တရုတ်အစိုးရသည် ၂၀၁၃ က သမ္မတစီကျင်းပင် အဆိုပြုခဲ့ သော ‘ခါးပတ်တစ်ကွင်းလမ်းတစ် စင်း’

ဧရာမစီမံကိန်းဖော်ဆောင် ရန် အရှေ့တောင်အာရှကို အရေး ပါသည့်ဒေသအဖြစ် ရှုမြင်ပြီး

၂၀၁၃ နောက်ပိုင်းအာဆီယံ ၁၀ နိုင်ငံတွင် ယင်းစီမံကိန်းနှင့်ဆက် စပ်၍

ကန်ဒေါ်လာ ၃၀၄ ဒသမ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထား သည်။

7Day