International News

“ျမန္မာ့အေရးနဲ ့ပတ္သက္လို ့စစ္အာဏာသိမ္းအစိုးရကို သတိေပးေျပာဆိုလိုက္ျပီး ဘက္လိုက္မည္မဟုတ္ဟုေျပာ”

“ျမန္မာ့အေရးနဲ ့ပတ္သက္လို ့စစ္အာဏာသိမ္းအစိုးရကို သတိေပးေျပာဆိုလိုက္ျပီး ဘက္လိုက္မည္မဟုတ္ဟုေျပာ”

အိမ္နီးခ်င္း ျမန္မာနိုင္ငံက အက်ပ္အတည္းကို ေျဖေလ်ာ့နိုင္ဖို့အတြက္ တ႐ုတ္အေနနဲ႔ ဘယ္ဘက္ကိုမွ

မလိုက္ဘဲ အင္အားစုအားလုံးနဲ႔ ထိေတြ႕ဆက္ဆံသြားဖို့ဆႏၵရွိတယ္လို့

တ႐ုတ္နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဝမ္ယီက ဒီကေန႔ေျပာလိုက္ပါတယ္။

ျမန္မာျပည္မွာျဖစ္ေနတဲ့အေျခအေနေတြဟာ တ႐ုတ္နိုင္ငံက ေတြ႕ျမင္လိုတဲ့အေနအထား လုံးဝမဟုတ္ဘူးလို့

ဆိုလိုက္ၿပီး ျမန္မာစစ္တပ္အာဏာသိမ္းတဲ့အေရးမွာ တ႐ုတ္ရဲ့ပါဝင္မွုရွိေနတယ္ဆိုတဲ့ ေကာလဟလေတြကို ပယ္ခ်လိုက္ပါတယ္။

“တ႐ုတ္ျပည္အေနနဲ႔ ျမန္မာနိုင္ငံရဲ့အခ်ဳပ္အျခာအာဏာနဲ႔ ျမန္မာျပည္သူေတြရဲ့ဆႏၵကို ေလးစားတဲ့အေပၚ

အေျခခံၿပီး ဘက္ေပါင္းစုံနဲ႔ ထိေတြ႕ဆက္သြယ္သြားဖို့ ဆႏၵရွိပါတယ္။ ဒါ့ေၾကာင့္ တင္းမာမွုေတြေလ်ာ့က်သြားေစမယ့္

အျပဳသေဘာေဆာင္တဲ့အခန္းက႑မွာပါဝင္လိုပါတယ္”လို့ ေဘးဂ်င္းမွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဝမ္ယီက ေျပာခဲ့ပါတယ္။

အေနာက္နိုင္ငံေတြအားလုံးက ေဖေဖာ္ဝါရီ ၁ရက္ေန႔အာဏာသိမ္းမွုကို အျပင္းအထန္ ရွုတ္ခ်ေနေပမယ့္

တ႐ုတ္နိုင္ငံက တည္ၿငိမ္မွုကအေရးႀကီးတယ္လို့သာ တစ္ေလၽွာက္လုံးေျပာေနခဲ့တာျဖစ္ပါတယ္။

“အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အပါအဝင္ ျမန္မာနိုင္ငံက အဖြဲ႕အစည္းအားလုံးနဲ႔ ခ်စ္ၾကည္ရင္းႏွီးမွုကို

တ႐ုတ္နိုင္ငံက ထားရွိေနၿပီး တ႐ုတ္နဲ႔မိတ္ေဆြျဖစ္မွုက ျမန္မာနိုင္ငံရဲ့က႑အားလုံးရဲ့

သေဘာတူညီခ်က္ျဖစ္ပါတယ္”လို့ ဝမ္ယီက ဆိုပါတယ္။

“ျမန္မာျပည္အေျခအေနေတြ ဘယ္လိုပဲေျပာင္းေျပာင္း တ႐ုတ္အေနနဲ႔ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးကိုသာ

ဆက္လက္ျမႇင့္တင္သြားဖို့ရွိေနၿပီး ဒီလမ္းေၾကာင္းက ေျပာင္းလဲသြားမွာမဟုတ္ပါဘူး”လို့

ဝမ္ယီရဲ့ေျပာဆိုခ်က္ကို ရိုက္တာသတင္းက ေဖာ္ျပခဲ့ပါတယ္။

unicode

“မြန်မာ့အရေးနဲ့ပတ်သက်လို့စစ်အာဏာသိမ်းအစိုးရကို သတိပေးပြောဆိုလိုက်ပြီး ဘက်လိုက်မည်မဟုတ်ဟုပြော”

အိမ်နီးချင်း မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေလျော့နိုင်ဖို့အတွက် တရုတ်အနေနဲ့ ဘယ်ဘက်ကိုမှ

မလိုက်ဘဲ အင်အားစုအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားဖို့ဆန္ဒရှိတယ်လို့

တရုတ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ယီက ဒီကနေ့ပြောလိုက်ပါတယ်။

မြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေတွေဟာ တရုတ်နိုင်ငံက တွေ့မြင်လိုတဲ့အနေအထား လုံးဝမဟုတ်ဘူးလို့

ဆိုလိုက်ပြီး မြန်မာစစ်တပ်အာဏာသိမ်းတဲ့အရေးမှာ တရုတ်ရဲ့ပါဝင်မှုရှိနေတယ်ဆိုတဲ့ ကောလဟလတွေကို ပယ်ချလိုက်ပါတယ်။

“တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားတဲ့အပေါ်

အခြေခံပြီး ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်သွယ်သွားဖို့ ဆန္ဒရှိပါတယ်။ ဒါ့ကြောင့် တင်းမာမှုတွေလျော့ကျသွားစေမယ့်

အပြုသဘောဆောင်တဲ့အခန်းကဏ္ဍမှာပါဝင်လိုပါတယ်”လို့ ဘေးဂျင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်ယီက ပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေအားလုံးက ဖေဖော်ဝါရီ ၁ရက်နေ့အာဏာသိမ်းမှုကို အပြင်းအထန် ရှုတ်ချနေပေမယ့်

တရုတ်နိုင်ငံက တည်ငြိမ်မှုကအရေးကြီးတယ်လို့သာ တစ်လျှောက်လုံးပြောနေခဲ့တာဖြစ်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို

တရုတ်နိုင်ငံက ထားရှိနေပြီး တရုတ်နဲ့မိတ်ဆွေဖြစ်မှုက မြန်မာနိုင်ငံရဲ့ကဏ္ဍအားလုံးရဲ့

သဘောတူညီချက်ဖြစ်ပါတယ်”လို့ ဝမ်ယီက ဆိုပါတယ်။

“မြန်မာပြည်အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း တရုတ်အနေနဲ့ တရုတ်-မြန်မာချစ်ကြည်ရေးကိုသာ

ဆက်လက်မြှင့်တင်သွားဖို့ရှိနေပြီး ဒီလမ်းကြောင်းက ပြောင်းလဲသွားမှာမဟုတ်ပါဘူး”လို့

ဝမ်ယီရဲ့ပြောဆိုချက်ကို ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။