News


















Khit Thit Media

unicode

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သတင်းများ

စစ်အာဏာသိမ်းကောင်စီသို့ မျှဝေပေးမည်ဟု တရုတ်အစိုးရက ကတိပြုထား

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သတင်းများ မြန်မာစစ်အာဏာ သိမ်းကောင်စီသို့

မျှဝေပေးမည်ဟု တရုတ်အစိုးရက ကတိပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

၊ ပြင်ပလုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Bai Tianက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တရုတ်နှင့် မြန်မာအစိုးရအကြား တရုတ်စီမံကိန်းများ၏

အန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြင်ပလုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Bai Tian က

တရုတ်နိုင်ငံ၏ ရေနံပိုက်လိုင်းလုံခြုံရေးနှင့်ပတ်သက်၍ ဆွေး နွေးစဉ် သတင်းအချက်အလက်

မျှဝေခြင်းသည် အရေးကြီးသည့်အတွက် တရုတ်ဘက်အနေဖြင့်

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်းအပါအဝင် စုဆောင်းရရှိသည့်

သတင်းအချက်အလက်များနှင့်ပတ်သက်၍ မြန်မာဘက်နှင့် ပူးပေါင်းမျှဝေသွားမည်ဖြစ်ကြောင်း၊

မြန်မာအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း စုဆောင်းရရှိသည့် လုံခြုံရေးဆိုင်ရာ သတင်းအချက်

အလက် များကို တရုတ်ဘက်သို့ မျှဝေရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောဆိုထားသည်။(တရုတ်-မြန်မာ ဆွေးနွေးမှုမှတ်တမ်း

ကိုhttps://www.facebook.com/385165108587508/1142578622846149/ တွင်ဖတ်ရှူနိုင်ပါသည်

)ဓာတ်ပုံ-မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့၏ အစည်းအဝေးတစ်ခု။

Khit Thit Media