News

“ ႏုိ္င္ငံတကာ အမ်ဳိးသမီးရဲစြမ္းသတၱိရွင္ဆု မၿဖိဳးၿဖိဳးေအာင္ခ်ီးျမႇင့္ခံရ ”

“ ႏုိ္င္ငံတကာ အမ်ဳိးသမီးရဲစြမ္းသတၱိရွင္ဆု မၿဖိဳးၿဖိဳးေအာင္ခ်ီးျမႇင့္ခံရ ”

ကမၻာတ၀န္း ရဲစြမ္းသတၱိရွင္အမ်ိဳးသမီးေတြနဲ႔ အဖြဲ႔တခ်ိဳ႔ကိုေရြးခ်ယ္ၿပီး အေမရိကန္ႏုိင္ငံျခားေရးဌာနက

ဆုေတြေပးအပ္ေနတာမွာ ဒီႏွစ္မွာေတာ့ ကမၻာ့တျခားႏုိင္ငံေတြက

အမ်ိဳးသမီးေတြနဲ႔အတူ ျမန္မာႏုိင္ငံက မျဖိဳးျဖိဳးေအာင္ ဆုရရွိပါတယ္။

ဖယ္ဒရယ္စနစ္တည္ေဆာက္ေရးနဲ႔ တရားမ ွ်တမႈရရွိေရး ႀကိဳးပမ္းေနတဲ့ မျဖိဳးျဖိဳးေအာင္ဟာ ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ

႔ ျပန္လည္သင့္ျမတ္ေရးကို အားေပးလုပ္ကုိင္ေနသူျဖစ္သလို ပညာေရးျပဳျပင္ေျပာင္းလဲဖို႔ ေတာင္းဆိုဆႏၵျပတဲ့

မႏၱေလးၿမိဳ ႔ကေနရန္ကုန္ကို လမ္းေလွ်ာက္ခီ်တက္တဲ့ ေက်ာင္သားသပိတ္ကို ၂၀၁၅ ခုႏွစ္မွာ

ဦးေဆာင္ခဲ့တဲ့အတြက္ဖမ္းဆီးခံခဲ့ရသူျဖစ္တယ္လို႔လည္း (International Women of Courage Award – IWOC)

ဆုေရြးခ်ယ္ေရးအဖြဲ႔ရဲ ႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မၿဖိဳးၿဖိဳးေအာင္ဟာ အေမရိကန္သမၼတေဟာင္း George Bush ထူေထာင္ထားတဲ့

George W. Bush Presidential Center ရဲ႕ လြတ္လပ္မႈနဲ႔ေခါင္းေဆာင္မႈအစီအစဥ္မွာ

၂၀၁၅ ခုႏွစ္က ပါဝင္ခဲ့ပါတယ္။ အစီအစဥ္ၿပီးဆံုးလုိ႔ အသိအမွတ္ျပဳလက္မွတ္ လက္ခံရယူရမယ့္အခ်ိန္မွာေတာ့

ပညာေရးျပဳျပင္ေျပာင္းလဲမႈ ဆႏၵျပပြဲေၾကာင့္ အက်ဥ္းက်ေနတဲ့အတြက္ မတက္ေရာက္ႏုိင္ခဲ့ပါဘူး။

အက်ဥ္းကေန လြတ္ေျမာက္ၿပီးတဲ့ေနာက္ ၂၀၁၆ ခုႏွစ္၊ ဧၿပီလမွာလုပ္တဲ့ အခမ္းအနားမွာမွ

တက္ေရာက္ႏုိင္ခဲ့ၿပီး သမၼတေဟာင္း ေဂ်ာ့ဂ်္ ဘုရွ္၊ သမၼတေဟာင္းကေတာ္ ေလာ္ရာ ဘုရွ္တို႔နဲ႔လည္း ေတြ႔ဆံုခဲ့ပါတယ္။

ဒီဆုကို အရင္က ၈၈ မ်ိဳးဆက္ ႏုိင္ငံေရးအက်ဥ္းသူေဟာင္းလည္းျဖစ္၊လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ

CRPH အဖြဲ႔၀င္နဲ႔ ေခတၱႏုိင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၊ အမ်ိဳးသမီးေတြေပၚ အၾကမ္းဖက္မႈမ်ိဳးစုံကေန ကာကြယ္ႏိုင္မယ့္

ဥပေဒေတြ ေပၚေပါက္လာဖို႔နဲ႔ ကခ်င္ျပည္နယ္ထဲမွာ စစ္ပြဲေတြ ရပ္စဲေရးေဆာင္ရြက္ခဲ့သူ ကခ်င္တုိင္းရင္းသူ

မေမစံပယ္ျဖဴနဲ႔ပဋိပကၡေဒသက အမ်ိဳးသမီးနဲ႔ကေလးငယ္အေရး ေဆာင္ရြက္ေပးေနတဲ့

ကရင္တုိင္းရင္းသူ ေနာ္ကေညာေဖာတို႔လည္း ရခဲ့ဖူးပါတယ္။

မတ္လ ၈ ရက္ေန႔မွာ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Anthony Blinken ဦးေဆာင္က်င္းပမယ့္

ဆုေပးအပ္ပြဲအခမ္းအနားမွာ သမၼတကေတာ္ Jill Biden လည္းမိန္႔ခြန္ေျပာၾကားမွာျဖစ္ပါတယ္။ဒီႏွစ္အတြက္

ႏုိင္ငံတကာ အမ်ဳိးသမီးရဲစြမ္းသတၱိရွင္ဆုကို ကမၻာ့အျခားႏုိင္ငံတခ်ိဳ႔က အမ်ိဳးသမီးတစ္ဦးခ်င္းစီကိုေရာ

အဖြဲ႔အစည္းအျဖစ္နဲ႔ပါေပးအပ္သြားမွာျဖစ္ပါတယ္။ကိုဗစ္ကပ္ေရာဂါေၾကာင့္ အြန္လုိင္းကေနပဲ

အခမ္းအနားကိုက်င္းပမွာျဖစ္ၿပီး ဆုရရွိသူေတြ ကိုယ္တုိင္ကိုယ္က် လာေရာက္လက္ခံရယူနုိင္မွာေတာ့မဟုတ္ပါဘူး။

unicode

“ နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု မဖြိုးဖြိုးအောင်ချီးမြှင့်ခံရ ”

ကမ္ဘာတဝန်း ရဲစွမ်းသတ္တိရှင်အမျိုးသမီးတွေနဲ့ အဖွဲ့တချို့ကိုရွေးချယ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက

ဆုတွေပေးအပ်နေတာမှာ ဒီနှစ်မှာတော့ ကမ္ဘာ့တခြားနိုင်ငံတွေက

အမျိုးသမီးတွေနဲ့အတူ မြန်မာနိုင်ငံက မဖြိုးဖြိုးအောင် ဆုရရှိပါတယ်။

ဖယ်ဒရယ်စနစ်တည်ဆောက်ရေးနဲ့ တရားမ ျှတမှုရရှိရေး ကြိုးပမ်းနေတဲ့ မဖြိုးဖြိုးအောင်ဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ

့ ပြန်လည်သင့်မြတ်ရေးကို အားပေးလုပ်ကိုင်နေသူဖြစ်သလို ပညာရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုဆန္ဒပြတဲ့

မန္တလေးမြို့ကနေရန်ကုန်ကို လမ်းလျှောက်ချီတက်တဲ့ ကျောင်သားသပိတ်ကို ၂၀၁၅ ခုနှစ်မှာ

ဦးဆောင်ခဲ့တဲ့အတွက်ဖမ်းဆီးခံခဲ့ရသူဖြစ်တယ်လို့လည်း (International Women of Courage Award – IWOC)

ဆုရွေးချယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဖြိုးဖြိုးအောင်ဟာ အမေရိကန်သမ္မတဟောင်း George Bush ထူထောင်ထားတဲ့

George W. Bush Presidential Center ရဲ့ လွတ်လပ်မှုနဲ့ခေါင်းဆောင်မှုအစီအစဉ်မှာ

၂၀၁၅ ခုနှစ်က ပါဝင်ခဲ့ပါတယ်။ အစီအစဉ်ပြီးဆုံးလို့ အသိအမှတ်ပြုလက်မှတ် လက်ခံရယူရမယ့်အချိန်မှာတော့

ပညာရေးပြုပြင်ပြောင်းလဲမှု ဆန္ဒပြပွဲကြောင့် အကျဉ်းကျနေတဲ့အတွက် မတက်ရောက်နိုင်ခဲ့ပါဘူး။

အကျဉ်းကနေ လွတ်မြောက်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်၊ ဧပြီလမှာလုပ်တဲ့ အခမ်းအနားမှာမှ

တက်ရောက်နိုင်ခဲ့ပြီး သမ္မတဟောင်း ဂျော့ဂျ် ဘုရှ်၊ သမ္မတဟောင်းကတော် လော်ရာ ဘုရှ်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီဆုကို အရင်က ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ်၊လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

CRPH အဖွဲ့ဝင်နဲ့ ခေတ္တနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသမီးတွေပေါ် အကြမ်းဖက်မှုမျိုးစုံကနေ ကာကွယ်နိုင်မယ့်

ဥပဒေတွေ ပေါ်ပေါက်လာဖို့နဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ပွဲတွေ ရပ်စဲရေးဆောင်ရွက်ခဲ့သူ ကချင်တိုင်းရင်းသူ

မမေစံပယ်ဖြူနဲ့ပဋိပက္ခဒေသက အမျိုးသမီးနဲ့ကလေးငယ်အရေး ဆောင်ရွက်ပေးနေတဲ့

ကရင်တိုင်းရင်းသူ နော်ကညောဖောတို့လည်း ရခဲ့ဖူးပါတယ်။

မတ်လ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဦးဆောင်ကျင်းပမယ့်

ဆုပေးအပ်ပွဲအခမ်းအနားမှာ သမ္မတကတော် Jill Biden လည်းမိန့်ခွန်ပြောကြားမှာဖြစ်ပါတယ်။ဒီနှစ်အတွက်

နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို ကမ္ဘာ့အခြားနိုင်ငံတချို့က အမျိုးသမီးတစ်ဦးချင်းစီကိုရော

အဖွဲ့အစည်းအဖြစ်နဲ့ပါပေးအပ်သွားမှာဖြစ်ပါတယ်။ကိုဗစ်ကပ်ရောဂါကြောင့် အွန်လိုင်းကနေပဲ

အခမ်းအနားကိုကျင်းပမှာဖြစ်ပြီး ဆုရရှိသူတွေ ကိုယ်တိုင်ကိုယ်ကျ လာရောက်လက်ခံရယူနိုင်မှာတော့မဟုတ်ပါဘူး။