International News























ဓာတ်ပုံ – အေအဖ်ပီ

unicode

“ ပြည်သူတွေအပေါ် ပြုလုပ်နေတဲ့ စစ်အာဏာသိမ်းအစိုးရကို တောင်ကိုရီးယားအစိုးရ သတိပေး ”

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေအပေါ် အကြမ. ်းဖက် နှိမ်နင. ်းနေတာတွေ

ချက်ချင်းရပ်ဖို့ တောင်ကိုရီးယားအစိုးရက တောင်းဆိုလိုက်ပါတယ်။

မတ်လ ၆ ရက်နေ့မနက်က တောင်ကိုရီးယားသမ္မတ Moon Jae-in ကနေ သူ့ရဲ့ Twitter စာမျက်နှာမှာ

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကနေ ဆန္ဒပြသူတွေအပေါ် အကြမ ်းဖက်ဖိနှိပ. ်မှုတွေကို ရှုတ်ချကြောင်း၊

ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့နဲ့ နောက်ထပ်အသက. ်တွေ ထပ်ပြီး မဆုံရှုံးသင့်တော့ဘူးလို့ ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်ရည်ညွန်းထားပြီး၊

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ မြန်မာနိုင်ငံမှ

ာ မြန်မြန်ဆန်ဆန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီပြန်ရအောင်လို့ မြန်မာပြည်သူတွေနဲ့အတူ အခိုင်အမာ

ရပ်တည်နေကြောင်းလည်း သမ္မတ Moon Jae-in က ပြောဆိုထားပါတယ်။

အလားတူ တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye Kyun ကလည်း – အပြစ်မရှိတဲ့ မြန်မာနိုင်ငံသားတွေ

သဆုးနေရပြီး၊ သွးအုင်ထဲလဲနေတဲ့ နိုင်ငံသားတွေကိုကြည့်ရင်း လွန်ခဲ့တဲ့ ၄၁ နှစ်က ဂွမ်ဂျူးလူထုလှုပ်ရှားမှုရဲ့

နာကျင်မှုတွေကို ပြန်ပြောင်း အမှတ်ရစေခဲ့တယ်လို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

တရားမျှတမှုနဲ့ အမှန်တရားကို ဖုံးကွယ်ထားလို့ မရသလို၊ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေကို

စစ်တပ်က သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ဖို့ကိုလည်း ဝန်ကြီးချုပ် Chung Sye Kyun က ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေကလည်း ကိုရီးယား-မြန်မာ

လွှတ်တော်အမတ်များချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌ ဖတ်ယောင်းစွန်းနဲ့အတူ – မြန်မာပြည်သူတေ

ွရွေးချယ်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာနိုင်ငံရဲ့

အစိုးရအဖြစ် ကိုရီးယားအစိုးရနဲ့ ကိုရီးယားလွှတ်တော်က အသိအမှတ်ပြုပေးဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ကြပါတယ်။

မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂမှာ အမြဲတမ်းကာကွယ်ပေးနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်တဲ့အနေနဲ့

ဒီကနေ့မှာ တရုတ်သံရုံးရှေ့ သွားရောက်ဆန္ဒပြခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ – အေအဖ်ပီ