International News

“ျမန္မာစစ္တပ္ကိုအေရးမယူဘဲ ဘယ္ေလာက္လႊတ္ေပးထားဦးမွာလဲလို့ လုံျခဳံ‌ေရးေကာင္စီမွာ တင္ျပ”

“ျမန္မာစစ္တပ္ကိုအေရးမယူဘဲ ဘယ္ေလာက္လႊတ္ေပးထားဦးမွာလဲလို့ လုံျေရးေကာင္စီမွာ တင္ျပ”

ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ ခရစၥတင္း ရွရန္နာ ဘာဂနာက အၾကဖက္မွုေတြရပ္ဖို့နဲ႔

ဒီမိုကေရစီကိုအသက္ျပန္သြင္းဖို့အတြက္ လုံျခဳံေရးေကာင္စီအေနနဲ႔

ကိုင္တြယ္ေပးဖို့ ဒီကေန႔ေသာၾကာေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

“နိုဝင္ဘာ ေရြးေကာက္ပြဲရလဒ္အေပၚ ေထာက္ခံအားေပးဖို့၊ ျမန္မာျပည္သူေတြနဲ႔အတူ ခိုင္မာစြာရပ္ဖို့၊

ျမန္မာလုံျခဳံေရးတပ္ဖြဲ႕ေတြ သတိျပဳမိလာေအာင္ကို လုံျခဳံေရးေကာင္စီဟာ ဆုံးျဖတ္ခ်က္ျပတ္သားၿပီး

ေရွ႕ေနာက္ညီညြတ္တယ္ဆိုတာ အေရးႀကီးပါတယ္”လို့ အဖြဲ႕ဝင္ ၁၅နိုင္ငံပါဝင္တဲ့ လုံျခဳံေရးေကာင္စီ

တံခါးပိတ္အစည္းအေဝးမွာ တင္ျပခဲ့တယ္လို့ ရိုက္တာသတင္းဌာနက ဆိုပါတယ္။

“ဒီကိစၥဟာ စုစုစည္းစည္းနဲ႔ကိုင္တြယ္ဖို့ အေရးေပၚအေျခအေနျဖစ္ပါတယ္။ျမန္မာစစ္တပ္ကို

အျပစ္ေပးအေရးမယူဘဲ က်မတို့ဒီထက္ပိုၿပီး ဘယ္ေလာက္လႊတ္ေပးထားဦးမွာလဲ”လို့ ခရစၥတင္း ဘာဂနာက

လုံျခဳံေရးေကာင္စီမွာ တင္ျပခဲ့ၿပီး ျမန္မာျပည္သူေတြ ကုလသမဂၢအေပၚ ပုံထားခဲ့တဲ့

ေမၽွာ္လင့္ခ်က္ေတြ မွန္သမၽွ က်ဆင္းလာေနၿပီလို့လည္း ထည့္ေျပာခဲ့ပါတယ္။

ကုလသမဂၢ လုံျခဳံေရးေကာင္စီအေနနဲ႔ အာဏာသိမ္းျမန္မာစစ္တပ္ကို အစိုးရအျဖစ္ လုံးဝအသိအမွတ္မျပဳဖို့၊

တရားဝင္မွုမေပးဖို့ကိုပါ ထပ္ၿပီးသတိေပးလိုက္ၿပီး ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို

အျပည့္အဝေထာက္ခံဖို့ကိုပါ တိုက္တြန္းခဲ့ပါတယ္။

ျမန္မာျပည္ရဲ့လက္ရွိအေနအထားဟာ “ဆိုးရြားတဲ့ လူသားခ်င္းစာနာမွုဆိုင္ရာ အက်ပ္အတည္းႀကီးဆီ”

ဦးတည္သြားေနၿပီလို့လည္း တပ္လွန႔္ခဲ့ပါတယ္။ “စစ္တပ္ရဲ့အာဏာသိမ္းမွုဟာ လုပ္သားထု၊ ရင္းႏွီးျမႇုပ္ႏွံမွု၊

တည္ၿငိမ္မွု၊ ႀကိဳတင္ေမၽွာ္မွန္းနိုင္မွု၊ ခ်ိတ္ဆက္မွုနဲ႔ လုံျခဳံမွုေတြအားလုံးကို ဆိုးရြားသြားေစခဲ့ပါတယ္။

ျမန္မာ့စီးပြါးေရးဟာ ေသြးဆိပ္တက္ေနတဲ့အေနအထားမ်ိဳးကို မ်က္ျမင္ေတြ႕ေနရပါၿပီ”လို့ အထူးကိုယ္စားလွယ္က တင္ျပခဲ့ပါတယ္။

unicode

“မြန်မာစစ်တပ်ကိုအရေးမယူဘဲ ဘယ်လောက်လွှတ်ပေးထားဦးမှာလဲလို့ လုံြရေးကောင်စီမှာ တင်ပြ”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရန်နာ ဘာဂနာက အကြဖက်မှုတွေရပ်ဖို့နဲ့

ဒီမိုကရေစီကိုအသက်ပြန်သွင်းဖို့အတွက် လုံခြုံရေးကောင်စီအနေနဲ့

ကိုင်တွယ်ပေးဖို့ ဒီကနေ့သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

“နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အပေါ် ထောက်ခံအားပေးဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်ဖို့၊

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ သတိပြုမိလာအောင်ကို လုံခြုံရေးကောင်စီဟာ ဆုံးဖြတ်ချက်ပြတ်သားပြီး

ရှေ့နောက်ညီညွတ်တယ်ဆိုတာ အရေးကြီးပါတယ်”လို့ အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီ

တံခါးပိတ်အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

“ဒီကိစ္စဟာ စုစုစည်းစည်းနဲ့ကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေဖြစ်ပါတယ်။မြန်မာစစ်တပ်ကို

အပြစ်ပေးအရေးမယူဘဲ ကျမတို့ဒီထက်ပိုပြီး ဘယ်လောက်လွှတ်ပေးထားဦးမှာလဲ”လို့ ခရစ္စတင်း ဘာဂနာက

လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပြီး မြန်မာပြည်သူတွေ ကုလသမဂ္ဂအပေါ် ပုံထားခဲ့တဲ့

မျှော်လင့်ချက်တွေ မှန်သမျှ ကျဆင်းလာနေပြီလို့လည်း ထည့်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အာဏာသိမ်းမြန်မာစစ်တပ်ကို အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုဖို့၊

တရားဝင်မှုမပေးဖို့ကိုပါ ထပ်ပြီးသတိပေးလိုက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို

အပြည့်အဝထောက်ခံဖို့ကိုပါ တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်ရဲ့လက်ရှိအနေအထားဟာ “ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးဆီ”

ဦးတည်သွားနေပြီလို့လည်း တပ်လှန့်ခဲ့ပါတယ်။ “စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ လုပ်သားထု၊ ရင်းနှီးမြှုပ်နှံမှု၊

တည်ငြိမ်မှု၊ ကြိုတင်မျှော်မှန်းနိုင်မှု၊ ချိတ်ဆက်မှုနဲ့ လုံခြုံမှုတွေအားလုံးကို ဆိုးရွားသွားစေခဲ့ပါတယ်။

မြန်မာ့စီးပွါးရေးဟာ သွေးဆိပ်တက်နေတဲ့အနေအထားမျိုးကို မျက်မြင်တွေ့နေရပါပြီ”လို့ အထူးကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။