News

“ မကြယ်စင်ရဲ့ အုတ် ဂူကို ဖွင့်ဖေါက်ခံရတဲ့ ရုပ်သံ ဗီဒီယိုဖိုင် ”

Zawgyi ျဖင့္ဖတ္ရန္

“ မၾကယ္စင္ရဲ႕ အုတ္ ဂူကို ဖြင့္ေဖါက္ခံရတဲ့ ႐ုပ္သံ ဗီဒီယို ၂ဖိုင္ ”

ေအာက္ဆုံးတြင္ video ၾကည့္ပါ။

အသက္ ၁၉ႏွစ္အ႐ြယ္ မၾကယ္စင္ ကိစၥ စုံစမ္းစစ္ေဆးမယ္လို႔ ေၾကျငာၿပီးတဲ့ေနာက္ဒီေန႔

ညေန ၄ နာရီခြဲက စစ္သားေတြပါတဲ့ စစ္ကားေတြဟာ

ေအးရိပ္ၿငိမ္သုႆာန္က ယူနန္ တ႐ုတ္သခ်ႋဳင္း မွာ အုတ္ဂူေဖါက္ စစ္ေဆးမႈေတြလုပ္ေနတယ္လို႔

အဲဒီျဖစ္စဥ္နဲ႔ အနီးဆုံးမွာ ရွိေနသူေတြကေနသိရပါတယ္။

ျပန္ေဖၚစစ္ဖို႔ မနက္ကတည္းက နီးစပ္တဲ့ၿမိဳ႕နယ္ေတြက တရားသူႀကီးေတြကို ေခၚခဲ့ေပမယ့္ တရားသူႀကီးခ်ဳပ္

ၫြန္ၾကားခ်က္မရွိလို႔ ျငင္းဆန္လိုက္တယ္လို႔ တရားေရးအသိုင္းအဝိုင္းကသိရပါတယ္။

ခုစစ္ေဆးတာမွာလည္း မႈခင္းဆရာဝန္နဲ႔ တရားသူႀကီးေတြ ပါမပါေတာ့ စုံစမ္းဖို႔ခက္ေနပါတယ္။လက္ရွိေအးရိပ္ၿငိမ္သုႆန္ကို

ဝင္တဲ့ ၂ ဖက္လမ္းေတြကို ပိတ္ထားၿပီး ဓါတ္ပုံ႐ိုက္သူေတြကို လိုက္လံဖမ္းဆီးေနပါတယ္။

voiceofmyanmar VOM

Unicode ျဖင့္ဖတ္ရန္

“ မကြယ်စင်ရဲ့ အုတ် ဂူကို ဖွင့်ဖေါက်ခံရတဲ့ ရုပ်သံ ဗီဒီယို ၂ဖိုင် ”

အောက်ဆုံးတွင် video ကြည့်ပါ။

အသက် ၁၉နှစ်အရွယ် မကြယ်စင် ကိစ္စ စုံစမ်းစစ်ဆေးမယ်လို့

ကြေငြာပြီးတဲ့နောက်ဒီနေ့ ညနေ ၄ နာရီခွဲက စစ်သားတွေပါတဲ့ စစ်ကားတွေဟာ

အေးရိပ်ငြိမ်သုဿာန်က ယူနန် တရုတ်သင်္ချိုင်း မှာ အုတ်ဂူဖေါက် စစ်ဆေးမှုတွေလုပ်နေတယ်လို့

အဲဒီဖြစ်စဉ်နဲ့ အနီးဆုံးမှာ ရှိနေသူတွေကနေသိရပါတယ်။

ပြန်ဖေါ်စစ်ဖို့ မနက်ကတည်းက နီးစပ်တဲ့မြို့နယ်တွေက တရားသူကြီးတွေကို ခေါ်ခဲ့ပေမယ့် တရားသူကြီးချုပ်

ညွန်ကြားချက်မရှိလို့ ငြင်းဆန်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကသိရပါတယ်။

ခုစစ်ဆေးတာမှာလည်း မှုခင်းဆရာဝန်နဲ့ တရားသူကြီးတွေ ပါမပါတော့ စုံစမ်းဖို့ခက်နေပါတယ်။

လက်ရှိအေးရိပ်ငြိမ်သုဿန်ကို ဝင်တဲ့ ၂ ဖက်လမ်းတွေကို ပိတ်ထားပြီး ဓါတ်ပုံရိုက်သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။

Vedio 1

Vedio 2

voiceofmyanmar VOM