News

“ ေအာင္သမာဓိ ေရႊဆိုင္ပိုင္ရွင္ ဦးေအာင္ဆန္းဝင္းကို ဖမ္းဆီးကာ တရားစြဲ ”

“ ေအာင္သမာဓိ ေရႊဆိုင္ပိုင္ရွင္ ဦးေအာင္ဆန္းဝင္းကို ဖမ္းဆီးကာ တရားစြဲ ”

ေအာင္သမာဓိ ေရႊဆိုင္ပိုင္ရွင္ လည္းျဖစ္ မႏၲေလးတိုင္းေဒသႀကီး ကုန္သည္မ်ားႏွင့္ စက္မွုလက္မွုလုပ္ငန္းရွင္မ်ား

အသင္း (MRCCI) ရဲ့ ဒုတိယ ဥကၠဌ လည္းျဖစ္တဲ့ ဦးေအာင္ဆန္းဝင္း ကို ဖမ္းဆီးထားၿပီး

ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅(က) နဲ႔ တရားစြဲဆိုထားတယ္လို့ သိရပါတယ္။

ဦးေအာင္ဆန္းဝင္းကို မတ္လ (၄) ရက္ ညပိုင္း က လာေရာက္ဖမ္းဆီးသြားတာျဖစ္ၿပီး ဒီကေန႔

မတ္လ ၅ ရက္ေန႔မွာ မႏၲေလးၿမိဳ့ ေအာင္ေျမသာစံၿမိဳ့နယ္ တရား႐ုံးမွာ ရာဇသတ္ႀကီး ဥပေဒ

ပုဒ္မ ၅၀၅(က)နဲ႔ တရားစြဲ ရီမန္ယူထားတာလို့ တရားလႊတ္ေတာ္ေရွ႕ေန ဦးဝင္းေဇာ္ဦး က ဆိုပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးဝင္းေဇာ္ဦး ဟာ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ရဲ့ ႐ုံးခ်ိန္းကို သြားရင္း

ဦးေအာင္ဆန္းဝင္းကို ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅(က)နဲ႔ တရားစြဲထားတာကို သိခဲ့ရတာပါ။

ဘယ္လိုအေၾကာင္းအရာေၾကာင့္ တရားစြဲဆိုတယ္ဆိုတာကို မသိရေသးေပမယ့္ ဦးေအာင္ဆန္းဝင္း ဦးေဆာင္ၿပီး

လုပ္ထားတဲ့ COVID-19 ကာကြယ္ေဆး ဝယ္ယူဖို့ အလွူေငြေတြကို စစ္ေကာင္စီကို မလွူေတာ့ပဲ CDM

ဝန္ထမ္းေတြကို လွူဖို့ လုပ္ေဆာင္တာေၾကာင့္လို့ ေျပာဆိုတာေတြရွိပါတယ္။ဦးေအာင္ဆန္းဝင္းကို

မတ္လ(၁၉)ရက္မွာ တရားစြဲတင္ စစ္ေဆးသြားမယ္လို့ သိရပါတယ္။

#dvbtvnews #mandalay.

unicode

“ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို ဖမ်းဆီးကာ တရားစွဲ ”

အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် လည်းဖြစ် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ

အသင်း (MRCCI) ရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ်တဲ့ ဦးအောင်ဆန်းဝင်း ကို ဖမ်းဆီးထားပြီး

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဦးအောင်ဆန်းဝင်းကို မတ်လ (၄) ရက် ညပိုင်း က လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒီကနေ့

မတ်လ ၅ ရက်နေ့မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေ

ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲ ရီမန်ယူထားတာလို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦး က ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦး ဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ရဲ့ ရုံးချိန်းကို သွားရင်း

ဦးအောင်ဆန်းဝင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲထားတာကို သိခဲ့ရတာပါ။

ဘယ်လိုအကြောင်းအရာကြောင့် တရားစွဲဆိုတယ်ဆိုတာကို မသိရသေးပေမယ့် ဦးအောင်ဆန်းဝင်း ဦးဆောင်ပြီး

လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး ဝယ်ယူဖို့ အလှူငွေတွေကို စစ်ကောင်စီကို မလှူတော့ပဲ CDM

ဝန်ထမ်းတွေကို လှူဖို့ လုပ်ဆောင်တာကြောင့်လို့ ပြောဆိုတာတွေရှိပါတယ်။ဦးအောင်ဆန်းဝင်းကို

မတ်လ(၁၉)ရက်မှာ တရားစွဲတင် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

#dvbtvnews #mandalay