International News

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ မနက္ျဖန္ေဆြးေႏြးမယ္

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ မနက္ျဖန္ေဆြးေႏြးမယ္

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ျပန္လည္ရရွိေရးအတြက္ အလြန္ျပင္းထန္တဲ့ အစီအမံေတြနဲ႔

အေရးယူေဆာင္႐ြက္ဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္

Schraner Burgener ကႏိုင္ငံတကာ အသိုင္းအ၀ိုင္းကို တိုက္တြန္းလိုက္ပါတယ္။

ဆႏၵျပသူေတြကို ျမန္မာစစ္တပ္နဲ႔ ရဲတို႔က ၿဖိဳးခြင္းမႈေတြျပဳလုပ္ေနခ်ိန္မွာဘဲ မေန႔ေတာ့ လူ ၃၈ ဦးထိေ၊၊၊သဆ ံ ု းခဲ့ကာ

အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ အသအေပ်ာက္ အမ်ားဆုံးေန႔ျဖစ္ပါတယ္။လက္ရွိျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့

အေျခအေနေတြနဲ႔ပတ္သက္ၿပီး Schraner Burgener က

ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီမွာ မနက္ျဖန္ေဆြးေႏြး တင္ျပသြားမွာျဖစ္ပါတယ္။

Schraner Burgener ဟာ ျမန္မာစစ္တပ္ထိန္းတန္းေခါင္းေဆာင္ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္စိုး၀င္းနဲ႔

ဆက္သြယ္ေဆြးေႏြးရာမွာေတာ့ ျမန္မာစစ္တပ္အေနနဲ႔ အာဏာသိမ္းခဲ့တာေၾကာင့္ ႏိုင္ငံအခ်ိဳ႕ရဲ႕ ျပင္းထန္တဲ့

အေရးယူမႈေတြနဲ႔ အထီးက်န္ႏိုင္ငံျဖစ္လာႏိုင္တယ္လို႔ သတိေပးေျပာဆိုခဲ့တယ္လို႔ သူကဆိုပါတယ္။

ဒါေပမယ့္ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္စိုး၀င္းက မိမိတို႔ဟာ အေရးယူပိတ္ဆို႔ေတြခံရေလ့ရွိၿပီး ရွင္သန္ႏိုင္ခဲ့ေၾကာင္း၊

အထီးက်န္ႏိုင္ငံမျဖစ္ေရးနဲ႔ပတ္သက္ၿပီး မိတ္ေဆြႏိုင္ငံအနည္းငယ္နဲ႔အတူ ဆက္လက္လက္တြဲသြားမယ္လို႔

ျပန္လည္ေျဖၾကားခဲ့တယ္လို႔ Schraner Burgener က နယူးေယာက္မွာ သတင္းေထာက္ေတြကိုေျပာပါတယ္။

အေမရိကန္၊ ၿဗိတိန္၊ ေကနဒါ၊ အီးယူအပါအ၀င္ အေနာက္ႏိုင္ငံေတြကေတာ့ ျမန္မာစစ္ဘက္အျပင္

ဆက္ႏြယ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြအေပၚ အေရးယူပိတ္ဆို႔မႈေတြျပဳလုပ္ခဲ့ၿပီ

း ေနာက္ထပ္ အေရးယူဖို႔ကိုလည္း စဥ္းစားေနပါတယ္။

အဖြဲ႕၀င္ ၁၅ ႏိုင္ငံပါ၀င္တဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာ ျမန္မာႏိုင္ငံမွာ တစ္ႏွစ္ၾကာအေရးေပၚအေျခအေနေၾကညာတာနဲ႔

ပတ္သက္ၿပီး စိုးရိမ္ပူပန္ေၾကာင္း ထုတ္ျပန္ထားေပမယ့္လည္း ဒါဟာျမန္မာ့ျပည္တြင္းေရးလို႔ ရႈျမင္ထားတဲ့

တ႐ုတ္နဲ႔ ႐ုရွားတို႔ရဲ႕ ကန႔္ကြက္မႈေၾကာင့္ အာဏာသိမ္းမႈကို ျပစ္တင္ရႈတ္ခ်ႏိုင္ျခင္းမရွိခဲ့ပါဘူး။

ဒါဟာ ျမန္မာ့ျပည္တြင္းေရးသက္သက္မဟုတ္ပါဘူး။ ေဒသတြင္းတည္ၿငိမ္ေရးကိုပါ ထိခိုက္လာႏိုင္တယ္လို႔

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Schraner Burgener က

တ႐ုတ္နဲ႔႐ုရွားတို႔ရဲ႕ ေျပာဆိုမႈကို တုန႔္ျပန္ေျပာဆိုပါတယ္။

Ref: Nikkei Asia VOM

zawgyi

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနက်ဖြန်ဆွေးနွေးမယ်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်ရရှိရေးအတွက် အလွန်ပြင်းထန်တဲ့ အစီအမံတွေနဲ့

အရေးယူဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်

Schraner Burgener ကနိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြသူတွေကို မြန်မာစစ်တပ်နဲ့ ရဲတို့က ဖြိုးခွင်းမှုတွေပြုလုပ်နေချိန်မှာဘဲ မနေ့တော့ လူ ၃၈ ဦးထိေ၊၊၊သဆ ံ ု းခဲ့ကာ

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အသအပျောက် အများဆုံးနေ့ဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့

အခြေအနေတွေနဲ့ပတ်သက်ပြီး Schraner Burgener က

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ မနက်ဖြန်ဆွေးနွေး တင်ပြသွားမှာဖြစ်ပါတယ်။

Schraner Burgener ဟာ မြန်မာစစ်တပ်ထိန်းတန်းခေါင်းဆောင် ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းနဲ့

ဆက်သွယ်ဆွေးနွေးရာမှာတော့ မြန်မာစစ်တပ်အနေနဲ့ အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံအချို့ရဲ့ ပြင်းထန်တဲ့

အရေးယူမှုတွေနဲ့ အထီးကျန်နိုင်ငံဖြစ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းက မိမိတို့ဟာ အရေးယူပိတ်ဆို့တွေခံရလေ့ရှိပြီး ရှင်သန်နိုင်ခဲ့ကြောင်း၊

အထီးကျန်နိုင်ငံမဖြစ်ရေးနဲ့ပတ်သက်ပြီး မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့အတူ ဆက်လက်လက်တွဲသွားမယ်လို့

ပြန်လည်ဖြေကြားခဲ့တယ်လို့ Schraner Burgener က နယူးယောက်မှာ သတင်းထောက်တွေကိုပြောပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ကေနဒါ၊ အီးယူအပါအဝင် အနောက်နိုင်ငံတွေကတော့ မြန်မာစစ်ဘက်အပြင်

ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီ

း နောက်ထပ် အရေးယူဖို့ကိုလည်း စဉ်းစားနေပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ တစ်နှစ်ကြာအရေးပေါ်အခြေအနေကြေညာတာနဲ့

ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပေမယ့်လည်း ဒါဟာမြန်မာ့ပြည်တွင်းရေးလို့ ရှုမြင်ထားတဲ့

တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါဟာ မြန်မာ့ပြည်တွင်းရေးသက်သက်မဟုတ်ပါဘူး။ ဒေသတွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တယ်လို့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Schraner Burgener က

တရုတ်နဲ့ရုရှားတို့ရဲ့ ပြောဆိုမှုကို တုန့်ပြန်ပြောဆိုပါတယ်။

Ref: Nikkei Asia VOM