News

တဦးတည်းသောသမီးလေး လမ်းပေါ်ထွက်တာ စိတ်မပူဘူးလား လို့ သူများတွေမေးရင်……

တဦးတည်းသောသမီးလေး လမ်းပေါ်ထွက်တာ စိတ်မပူဘူးလား လို့ သူများတွေမေးရင်……

သမီးကို စိတ်မပူဘူး … လို့ပဲ ကျနော်ပြန်ဖြေနေခဲ့တာ

သမီးက သွက်တဲ့ကလေး …ထက်တဲ့ကလေး …

ငယ်ငယ်လေးကတည်းက ဖေဖေဂုဏ်ယူခဲ့ရတဲ့သမီးလေး …

Gz လေးတယောက်မို့ …

ဒီမိုကရေစီတိုက်ပွဲမှာ သူစိတ်အားထက်သန်သလိုတထောင့်တနေရာက ပြည်သူနဲ့အတူ ရှိနေခဲ့တဲ့ သမီးလေး …

ချစ်လွန်းလို့ ပ်ုးဥလေးလို မွေးထားပေမဲ့တိုက်ကွမ်ဒိုတွေ ကရာတေးတွေဝါသနာပါတော့လည်းသင်ခိုင်းစေခဲ့တာ

သမီးလေးက…ဖေဖေ့အသည်းကျော်လေးမို့

ဖေဖေ့ဆံပင်ဆေးဆိုးတာကအစ သမီးလက်လေးနဲ့

ထိတွေ့မှ ဖေဖေစိတ်တိုင်းကျတာ…

မနက်က သမီးသူငယ်ချင်းတွေ နဲ့အတူ ထွက်သွားတယ်

သမီးတို့Gz လေးတွေရဲ့ ကျောပြင်လေးတွေ ငေးရင်း

ခါတိုင်းလိုပဲ…………

နေ့လည်သမီးပြန်လာမဲ့အချိန်စောင့်ပီး

keyboard ဖိုက်တာလုပ်ဖို့က ဖေဖေ့တာဝန်လေ…

နေ့လည် > ph ဖွင့်သတင်းတွေဖတ်မိတော့ မှ ……

ဖေဖေ့……… မျက်စိတွေဝါးသွားလိုက်

ကိုယ်တခုလုံး မြောက်တက်သွားလိုက် ကြီးးးး

ထ ပြေးသွားတယ် …

ပြေးတယ် …

ထပ်ပြီး…ပြေးတယ် …

အသိစိတ်လေးဝင်မှ ကြည့်လိုက်တော့ …

ဖေဖေ ရောက်သွားတာ စစ်မြေပြင်တခု……!

လူတွေကြားထဲ … လူတွေအများကြီးကြားထဲမှာ…

လူငယ်လေးတယောက်က…… ဖေဖေ့ကိုတခုခု လှမ်းပေးလိုက်သလိုပဲ

သမီးရဲ့ph လား ?

ဖေဖေဝယ်ပေးခဲ့တဲ့နာရီလေးလား…? မသဲကွဲဘူးး …

သေခြာလား သေခြာရဲ့လားဗျာ ???

ဖေဖေ့အတွက်တော့…

မြင်ရတဲ့ မြင်ကွင်းက

ရင်ဘတ်ကြီးကွဲထွက်သွားတဲ့နေ့ပါသမီးလေးရေ ………

နန်းဂျစ်ပွ (3-3-2021)

ဒီနေ့ဒီမိုကရေစီတိုက်ပွဲက

ပုံလေးတပုံကြည့်ရင်း… မိဘတယောက်အနေနဲ့

မျက်ရည် တစစ်စစ်ကျရင်းခံစားရေးဖွဲ့မိပါသည် …………

ဆယ်ကျော်သက် ကလေးတွေ အသက်ခြွေရတာ

မင်းတို့ပျော်လား မငိးတို့ လဲ သားသမီးတွေနဲ့ပါ

မင်းတို့ သားသမီး မြေးမြစ်တွေကျရင်

မင်းတို့ ခံနိုင်ရည်ရှိနိုင်ကျပါစေ… (၃/ ၃/၂၀၂၁)

စစ်အာဏာရှင်တွေအမြန်ကျရှုံးပါစေ

zawgyi





Gz လေးတယောက်မို့ …








ခါတိုင်းလိုပဲ…………






ထ ပြေးသွားတယ် …

ပြေးတယ် …

ထပ်ပြီး…ပြေးတယ် …





သမီးရဲ့ph လား ?



ဖေဖေ့အတွက်တော့…

မြင်ရတဲ့ မြင်ကွင်းက


နန်းဂျစ်ပွ (3-3-2021)







