News

“ စစ္တပ္ပိုင္ ျမဝတီနဲ႔ ျမန္မာ့႐ုပ္ျမင္သံၾကား ဗီဒီယိုအေကာင့္ႏွစ္ခုကို YouTube ဖယ္ရွား ”

“ စစ္တပ္ပိုင္ ျမဝတီနဲ႔ ျမန္မာ့႐ုပ္ျမင္သံၾကား ဗီဒီယိုအေကာင့္ႏွစ္ခုကို YouTube ဖယ္ရွား ”

အာဏာသိမ္းစစ္ေကာင္စီက ထိန္းခ်ဳပ္ထားတဲ့ နိုင္ငံပိုင္ ျမန္မာ့႐ုပ္ျမင္သံၾကားဌာန MRTV နဲ႔ တပ္ပိုင္ ျမဝတီ

႐ုပ္ျမင္သံၾကားဌာန MWD တို့က တရားဝင္ ထုတ္လႊင့္ေနတဲ့

ဗီဒီယိုခ်န္နယ္အေကာင့္ ႏွစ္ခုကို YouTube က ဒီကေန႔ ပိတ္လိုက္ပါတယ္။

ဒီဗီဒီယိုခ်န္နယ္ႏွစ္ခုဟာ တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီရဲ့ ဝါဒျဖန႔္သတင္းေတြကို

အဓိက ေဖာ္ျပေနတဲ့ ႐ုပ္သံလႊင့္မီဒီယာ ႏွစ္ခုျဖစ္ၿပီး၊ ေန႔စဥ္သတင္းေတြနဲ႔ ထုတ္လႊင့္ခ်က္ေတြကို

ကမၻာအႏွံ့ေရာက္ေအာင္ ထပ္မံ ျဖန႔္ခ်ိလႊင့္တင္ေနတဲ့ အေကာင့္ေတြျဖစ္ပါတယ္။ မတ္လ ၂ ရက္ေန႔အထိ

YouTube မွာ MWD နဲ႔ MRTV တိုက္ရိုက္ထုတ္လႊင့္မွုေတြရွိေနခဲ့ၿပီး ဒီကေန႔မွာ

အဲဒီအေကာင့္ေတြကို YouTube က ဖယ္ရွားခဲ့တာပါ။

ဖယ္ရွားခဲ့တဲ့အေၾကာင္းရင္းကို YouTube မူရင္းမိခင္ကုမၸဏီျဖစ္တဲ့ Google Company ထံ RFA က

အီးေမးလ္နဲ႔တဆင့္ ဆက္သြယ္ေမးျမန္းထားၿပီး တစ္စုံတစ္ရာ တုံ႔ျပန္ေျပာၾကားတာေတာ့ မရွိေသးပါဘူး။

အလားတူ ျမန္မာနိုင္ငံမွာ လူသိမ်ားတဲ့ လူမွုကြန္ယက္တစ္ခုျဖစ္တဲ့ Facebook ကလည္း ျမဝတီ႐ုပ္ျမင္သံၾကားနဲ႔

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ စာမ်က္ႏွာႏွစ္ခုအပါအဝင္ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့

စာမ်က္ႏွာတခ်ိဳ့ကို စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ဖယ္ရွားခဲ့ပါတယ္။

“ဆူပူအၾကမ္းဖက္မွုေတြျဖစ္ေအာင္ မလွုံ႔ေဆာ္ရ” – ဆိုတဲ့ Facebook ရဲ့ စည္းကမ္းခ်က္ကို အႀကိမ္ႀကိမ္

ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ ပိတ္လိုက္တာျဖစ္တယ္လို့ Facebook ကုမၸဏီေျပာေရးဆိုခြင့္ရွိသူက

ေျပာၾကားတဲ့အေၾကာင္း Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။

RFA

unicode

“ စစ်တပ်ပိုင် မြဝတီနဲ့ မြန်မာ့ရုပ်မြင်သံကြား ဗီဒီယိုအကောင့်နှစ်ခုကို YouTube ဖယ်ရှား ”

အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားဌာန MRTV နဲ့ တပ်ပိုင် မြဝတီ

ရုပ်မြင်သံကြားဌာန MWD တို့က တရားဝင် ထုတ်လွှင့်နေတဲ့

ဗီဒီယိုချန်နယ်အကောင့် နှစ်ခုကို YouTube က ဒီကနေ့ ပိတ်လိုက်ပါတယ်။

ဒီဗီဒီယိုချန်နယ်နှစ်ခုဟာ တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို

အဓိက ဖော်ပြနေတဲ့ ရုပ်သံလွှင့်မီဒီယာ နှစ်ခုဖြစ်ပြီး၊ နေ့စဉ်သတင်းတွေနဲ့ ထုတ်လွှင့်ချက်တွေကို

ကမ္ဘာအနှံ့ရောက်အောင် ထပ်မံ ဖြန့်ချိလွှင့်တင်နေတဲ့ အကောင့်တွေဖြစ်ပါတယ်။ မတ်လ ၂ ရက်နေ့အထိ

YouTube မှာ MWD နဲ့ MRTV တိုက်ရိုက်ထုတ်လွှင့်မှုတွေရှိနေခဲ့ပြီး ဒီကနေ့မှာ

အဲဒီအကောင့်တွေကို YouTube က ဖယ်ရှားခဲ့တာပါ။

ဖယ်ရှားခဲ့တဲ့အကြောင်းရင်းကို YouTube မူရင်းမိခင်ကုမ္ပဏီဖြစ်တဲ့ Google Company ထံ RFA က

အီးမေးလ်နဲ့တဆင့် ဆက်သွယ်မေးမြန်းထားပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာတော့ မရှိသေးပါဘူး။

အလားတူ မြန်မာနိုင်ငံမှာ လူသိများတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ကလည်း မြဝတီရုပ်မြင်သံကြားနဲ့

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာနှစ်ခုအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်တဲ့

စာမျက်နှာတချို့ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။

“ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် မလှုံ့ဆော်ရ” – ဆိုတဲ့ Facebook ရဲ့ စည်းကမ်းချက်ကို အကြိမ်ကြိမ်

ချိုးဖောက်ခဲ့တာကြောင့် ပိတ်လိုက်တာဖြစ်တယ်လို့ Facebook ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက

ပြောကြားတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

RFA