News












Kamayut Media

unicode

“အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်စစ်ကောင်စီကို ဦးတင်မောင်နိုင် ကိုယ်စားမပြုတော့ပါ”

မြန်မာပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဝင်မြင့်ဦးဆောင်တဲ့ တရားဝင်ပြည်ထောင်စုအစိုးရက

ခန့်အပ်တာဝန်ပေးထားတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ်

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ခန့်အပ်တာဝန်ပေးထားတဲ့ ရာထူးတာဝန်ကို အာဏာသိမ်းစစ်တပ်က

လက်ထောက်သံအမတ်ကြီး ဦးတင်မောင်နိုင်နဲ့ အစားထိုးဖို့ ကုလသမဂ္ဂကို ဒီကနေ့ပဲ တရားဝင်အကြောင်းကြားခဲ့ပါတယ်။

ဦးတင်မောင်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်တဲ့စစ်ကောင်စီကို

ကိုယ်စားပြုရမယ့် ရာထူးတာဝန်ကို စွန့်လွှတ်လိုက်ပြီး ကြေညာလိုက်ပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုသူ ဘယ်သူဘယ်ဝါဆိုတာ အငြင်းပွါးရတော့မှာမရှိဘဲ

ပြည်ထောင်စုအစိုးရကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ တရားဝင်ရာထူးနေရာကို ဆက်ခံသွားဖို့ရှိနေပါတယ်။

ဦးတင်မောင်နိုင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းဆီလည်း တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

Kamayut Media